pdfတွေအရပ်သားများအား သတ်ဖြတ်နေမှုကို nug အနေနဲ့ တာဝန်ယူစုံစမ်းဖော်ထုတ်ဖိုအရေးကြီးကြောင်း crisis group မှပြောကြား

pdfတွေအရပ်သားများအား သတ်ဖြတ်နေမှုကို  nug အနေနဲ့ တာဝန်ယူစုံစမ်းဖော်ထုတ်ဖိုအရေးကြီးကြောင်း crisis group မှပြောကြား

*****************************

ဘယ်လ်ဂျီယမ်အခြေစိုက် ngoတခုဖြစ်တဲ့ crisis group မှ မြန်မာ့အရေးသုံးသပ်ထားရာမှာ စစ်တပ်အပြင် pdfတိုရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားချင်းစာနာမှုဆိုင်ရာဥပဒေချိုးဖောက်မှုများ မဖြစ်စေဖို အရေးကြီးကြောင်း သုံးသပ်ထားပါတယ်။

pdfတိုကြောင့်မေလတွင်းကမင်္ဂလာဆောင်မှာ ဗုံးကွဲပြီးသတိုသမီးသေဆုံးပြီး ခလေးသူငယ်များပါဒဏ်ရာရခဲ့မှု၊ စက်တင်ဘာတုန်းက မကွေးusdpရုံးရှေ့ဗုံးကွဲရာမှာ ၅နှစ်သားခလေးငယ်သေဆုံးမှု စတဲ့ အရပ်သားသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒီလိုလုပ်ရပ်တွေဟာ ပုဂ္ဂိုလ်ရေးအာဃာတတွေအခြေခံပြီးလုပ်ခဲ့တာဖြစ်နိုင်သလို လူမှားလုပ်ကြံမိနိုင်တဲ့အန္တရာယ်တွေရှိကြောင်း ရေးသားထားပါတယ်။

pdfတွေ အဲဒီလိုဥပဒေကျင့်ဝတ်ချိုးဖောက်မှုတွေကို မလုပ်နိုင်အောင် nug က ထိရောက်ပြင်းထန်တဲ့ တားမြစ်ချက်စည်းကမ်းများထုတ်ပြန်ဖိုအရေးကြီးတဲ့အပြင် ချိုးဖောက်မှုတွေရှိခဲ့ရင် ပွင့်လင်းမြင်သာစွာစစ်ဆေးပြီး ကျူးလွန်သူတွေကိုပြစ်ဒဏ်ချမှတ်ဖိုလိုအပ်ကြောင်းလည်း ပါရှိပါတယ်။

Nug ဟာ စစ်ကြေညာခဲ့တာကြောင့် အခုဆိုရင် လက်နက်ကိုင်ကဋိပက္ခထဲကအဖွဲတဖွဲအဖြစ် ရှုမြင်လာကြပြီး pdfတွေရဲ့ အရပ်သားတွေကိုသတ်ဖြတ်မှုတွေကို ထောက်ခံနေတယ်လို အမြင်ခံရလာနိုင်ကြောင်း၊ သူတိုရဲ့ဒေါ်လာသန်း၇၀၀ ဘတ်ဂျက်ကလည်း တကယ်တမ်းကျတော့ နယ်မြေစိုးမိုးနိုင်မှုမရှိခြင်းနဲ့ အုပ်ချုပ်မှုမလွှမ်းမိုးနိုင်ခြင်းတိုကြောင့် အခွန်ကောက်ခံဖိုအကန့်အသတ်အများကြီးရှိနေတဲ့အတွက် ဒီဘတ်ဂျက်ကြေညာချက်ဟာ အမှန်တကယ်အုပ်ချုပ်နိုင်မှုထက် တရားဝင်အစိုးရဖြစ်ဖို ကြိုးစားတဲ့အနေနဲ့ ကြေညာရုံသာဖြစ်ကြောင်းလည်း ဝေဖန်ထားပါတယ်။

Post a Comment

Previous Post Next Post