မကွေးတိုင်းဒေသကြီး၌ အများပြည်သူများ အနေဖြင့် ဆိုင်ကယ်စီးနင်းရာ၌ တစ်ဦးသာ တိုင်းအစိုးရ ခွင့်ပြု

မကွေးတိုင်းဒေသကြီး၌ အများပြည်သူများ အနေဖြင့် ဆိုင်ကယ်စီးနင်းရာ၌ တစ်ဦးသာ တိုင်းအစိုးရ ခွင့်ပြု

မကွေး၊နိုဝင်ဘာ-၄(PeopleMedia)

မကွေးတိုင်းဒေသကြီးအတွင်းရှိ အများပြည်သူများအနေဖြင့် ဆိုင်ကယ်စီးနင်းရာ၌ တစ်ဦးသာ ခွင့်ပြု့ထားကြောင်း မကွေးတိုင်းဒေသကြီးအစိုးရမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များထံ ညွှန်ကြားထားပါတယ်။

အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး PeopleMedia မှ မကွေးတိုင်းဒေသကြီး၊မကွေးမြို့ရှိ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ “ဆိုင်ကယ်စီးတဲ့အခါ တစ်ယောက်သာ စီးနင်းရာမှာဖြစ်ပါတယ်။ ဆိုလိုတာက ဆိုင်ကယ်တစ်စီးပေါ်မှာ အမျိုးသားနှင့်အမျိုးသမီး တွဲစီးတာကို ခွင့်မပြု့ဘူး။အမျိုးသားနှစ်ယောက် တွဲစီးတာကိုလည်း ခွင့်မပြု့ဘူး။ဒါပေမဲ့ ခွင့်ပြု့တာက အမျိုးသမီးနှစ်ဦး တွဲစီးတာကိုတော့ ခွင့်ပြု့တယ်လို့”ပြောပါတယ်။

အဆိုပါ ညွှန်ကြားချက်နှင့်ပတ်သက်ပြီး မှန်ကန်ကြောင်း တိုင်းအစိုးရတာဝန်ရှိသူတစ်ဦးက PeopleMedia ကို အတည်ပြု့ပြောဆိုပါတယ်။

“ဆိုင်ကယ်နဲ့ ပစ်ခတ်မှုတွေ ဖြစ်နေတာပါ။လုံခြုံရေးအဖွဲ့တွေကို ပစ်ပြီးပြေးတာက ဆိုင်ကယ်တွေကို အများဆုံးအသုံးပြု့ပါတယ်။အများပြည်သူကို လုပ်ကြံမှုတွေရှိတဲ့အခါ ဆိုင်ကယ်ကို အသုံးပြု့နေတာဖြစ်တယ်။ဒါကြောင့် ဒီစီမံချက်ပေါ်လာတာလို့”မကွေးတိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူတစ်ဦးက PeopleMedia ကို ပြောပါတယ်။

#PeopleMeidia #မကွေးမြို့ #ဆိုင်ကယ်စီးနှင်ခြင်း

Post a Comment

Previous Post Next Post