မကြာမီချပြတော့မယ့် အောက်ဖဲတစ်ချပ်

ကိုဗစ်ငွေကြေးတွေကို နစကအစိုးရက ဖျောက်ဖျက်ထားတယ်ဆိုတဲ့ ခေတ်သစ်ကဖွတဲ့ သတင်းအောက်မှာ နီပိတ်တွေ နီပိန်းတွေက ပျော်နေကြတာ တွေ့ရပါတယ်။ ၄င်းငွေတွေ ပျောက်နေကြောင်းကိုလည်း နစကအစိုးရက တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ လာရှင်းပေးဖို့အတွက် လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးကို ဒုတိယအကြိမ် ဆင့်ခေါ်ရာမှာတော့ ထွက်ပြေးသွားပြီး NUG နဲ့ ပေါင်းသွားပါတယ်။ ခေတ်သစ်မီဒီယာက ဘာကိုကြိုကာတာလဲ။

တကယ့်ဖြစ်စဉ် အရင်းအမြစ်ကို မြေလှန်လိုက်ရင် နီပိန်းတွေ နီပိတ်တွေတင်မက All absurd ကြီးပါ ဒူးနဲ့မျက်ရည်သုတ်ကြရမယ့် အဖြစ်ဆိုးကြီးပါ။ IMF အနေဖြင့် ထိုရံပုံငွေ ငွေလုံးငွေရင်းထဲမှ ပထမအကြိမ်အနေနဲ့ ရွေးကောက်ပွဲမတိုင်ခင် ၂၀၂၀ခုနှစ် ဇွန်လပိုင်းမှာ (၃၅၆.၅)သန်း လွှဲပြောင်းပေးခဲ့ပါတယ်။ NLDအစိုးက ဘာတွေသုံးခဲ့သလဲ။ လက်ခံရရှခဲ့တဲ့ကာလဟာ ရွေးကောက်ပွဲကာလမှာပါ။ 
ထိုငွေတွေကို ကိုဗစ်အတွက် အမှန်တကယ် သုံးခဲ့သလား။

ဒါမှမဟုတ် ရွေးကောက်ပွဲစရိတ်အဖြစ် NLDပါတီက အလွဲသုံးစားပြု သုံးခဲ့လေသလားဆိုတာကတော့ နစကလက်ထဲမှာ အဖြေရှိနေပါတယ်။ ရှင်းရှင်းပြောရရင် နစကရဲ့မှောက်ဖဲတစ်ချပ်ပေါ့။ ပထမအကြိမ်ထုတ်ပေးခဲ့တဲ့ (၃၅၆.၅)သန်းကို NLDအစိုးရက လုပ်ငန်းမပြနိုင်တော့ ဒုတိယအကြိမ်ပေးမယ့် သန်း(၃၀၀)ကျော်ကို IMF က ဆိုင်းငံ့ထားခဲ့ပါတယ်။ ၂၀၂၁ ဇန်နဝါရီ (၁၇)ရက်နေ့မှသာ ဒုတိယအကြိမ်အဖြစ် လွှဲပြောင်းပေးဖို့ IMFက ဆုံးဖြတ်ခဲ့ကြပါတယ်။ 

ထူးခြားတာက IMFက ဒုတိယအကြိမ် ထုတ်ပေးခဲ့တယ်ဆိုတဲ့ ကျန်းမာရေး အသုံးစရိတ် ချေးငွေတွေဟာ လုံးဝကို ပျောက်နေပါတယ်။ NLD အစိုးလက်ထဲကို ရောက်ခဲ့သလား။ မရောက်ခဲ့ဘူးလားဆိုတာ မသိရသေးပါဘူး။ နစကအစိုးရ အာဏာလွှဲယူတဲ့နေ့ဟာ ၂၀၂၁ ဖေဖော်ဝါရီ (၁)ရက်ဖြစ်သည့်အတွက် IMFကထုတ်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီ (၁၇)ရက်ကြားမှာ (၁၃)ရက်ကွာနေတယ်။ (၁၃)ရက်အတွင်း ဒီငွေတွေ ဘယ်ရောက်သွားသလဲ။

သေချာတာကတော့ NLDအစိုးရလက်ထက်မှာ ဒုတိယအကြိမ် ထုတ်ပေးဖို့ IMF က ဆုံးဖြတ်ခဲ့တာပါ။ ဒီကိစ္စကိုမေးမြန်ဖို့အတွက် ဆင့်ခေါ်တော့လည်း NLD တာဝန်ရှိသူတွေက ထွက်ပြေးသွားကြပါတယ်။ ဘာ့ကြောင့် မရှင်းရဲတာလဲ။ ကိုဗစ်နဲ့ပတ်သက်ပြီး လှူဒါန်းကြတဲ့ အကူအညီပေးကြတဲ့သူတွေကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ နစကရဲ့ထုတ်ပြန်ချက်မှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့တရုတ်ရယ် ပြည်တွင်းက အလှူရှင်တွေရယ်ပဲပါတယ်။ IMFမပါဘူး။ 

ကျနော်တို့ရရှိထားတဲ့ သတင်းအရင်းအမြစ်တစ်ခုအရ IMFမှ ဒုတိယအကြိမ် ထုတ်ပေးခဲ့တဲ့ ကျန်းမာရေးအသုံးစရိတ် ငွေကြေးတွေကို ကြားနိုင်ငံတစ်ခုက ထိမ်းသိမ်းထားတယ် ဆိုတာပါပဲ။ ဒီအဖြစ်သနစ်တွေအရဆိုရင် ဘယ်သူတွေ ဒူးနဲ့မျက်ရည် သုတ်ရမလဲ။ ကိုဗစ်အတွက် IMFက ကူညီပေးတဲ့ငွေတွေကို ဘယ်သူတွေက ကိုယ်ကျိုးအတွက် သုံးခဲ့သလဲ ဘယ်သူတွေ ခိုးခဲ့ကြသလဲ ဆိုတာကတော့ နစကအစိုးရက မှောက်ဖဲလှန်မဲ့နေ့မှာ သိကြရပါလိမ့်မယ်ခင်ဗျာ...

2 Comments

Post a Comment

Previous Post Next Post