မုံရွာမြို့၌ သေနတ်သမား ၃ဦး စီးနင်းလာသည့်ဆိုင်ကယ် ပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက် သေနတ်သမား ၃ ဦး ပွဲချင်းပြီး သေဆုံး

မုံရွာမြို့၌ သေနတ်သမား ၃ဦး စီးနင်းလာသည့်ဆိုင်ကယ် ပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက် သေနတ်သမား ၃ ဦး ပွဲချင်းပြီး သေဆုံး

မုံရွာ၊နိုဝင်ဘာ-၄(PeopleMedia)

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊စက်မှုဇုန်၌ သေနတ်သမား ၃ဦး စီးနင်းလာသည့် ဆိုင်ကယ်သည် ယနေ့ နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီးနောက် သေနတ်သမား ၃ ဦး နေရာ၌ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံအချို့က PeopleMedia ကို ပြောပါတယ်။

သေနတ်သမား ၃ဦးသည် ဆိုင်ကယ်စီးနင်းလာစဉ် ဆိုင်ကယ်အတွင်းရှိ လက်လုပ်မိုင်း ပေါက်ကွဲပြီး နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့သလို သေဆုံးသူများ၏ ရုပ်အလောင်းအတွင်းမှ ပျက်စီးနေသည့် ပစ္စတို တစ်လက်ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“လူငယ်သုံးဦးပါ။ပေါက်ကွဲသံတော်တော်ကျယ်ပါတယ်။ရုပ်အလောင်းက တော်တော်မြင်မကောင်းအောင် ဖြစ်သွားပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ လက်ရှိအချိန်၌ မိုင်းထောင်ခြင်း၊လက်လုပ်မိုင်းပြု့လုပ်သူများသည် မိုင်းတောင်စဉ် မကြာခဏ ပေါက်ကွဲမှုဖြစ်ပေါ်ပြီး သေဆုံးလျက်ရှိနေပါတယ်။

#PeopleMedia #မုံရွာမြို့ #လက်လုပ်မိုင်း

Post a Comment

Previous Post Next Post