facebook ကုမ္ပဏီသည် Meta ဟု အမည်ပြောင်းလိုက်ပြီးမှ Meta PC ဟူသည့် ကုမ္ပဏီတစ်ခုနှင့် အမည်အမှတ်တံဆိပ်တူနေသည့် ပြဿနာ ရင်ဆိုင်နေရ

facebook ကုမ္ပဏီသည် Meta ဟု အမည်ပြောင်းလိုက်ပြီးမှ Meta PC ဟူသည့် ကုမ္ပဏီတစ်ခုနှင့် အမည်အမှတ်တံဆိပ်တူနေသည့် ပြဿနာ ရင်ဆိုင်နေရ

ကယ်လီဖိုးနီးယား၊ နိုဝင်ဘာ ၄

လူမှုကွန်ရက် APP များကို ပိုင်ဆိုင်သည့် မိခင်ကုမ္ပဏီအား facebook မှ Meta ဟူ၍ အမည်ပြောင်းလိုက်ပြီးနောက် အရီဇိုးနားပြည်နယ်မှ ဂိမ်းကွန်ပျူတာများထုတ်လုပ်သည့် Meta PC ကုမ္ပဏီ၏ အမည်အမှတ်တံဆိပ်နှင့် ဆင်တူနေသဖြင့် ယင်းကုမ္ပဏီမှ မိမိတို့၏ မူပိုင်ခွင့်ကို ရောင်းချလိုကြောင်း ကမ်းလှမ်းလာခြင်းကို ရင်ဆိုင်နေရသည်။

အဆိုပါ Meta PC ကုမ္ပဏီမှာ ၂၀၂၁ ခုနှစ် သြဂုတ်လက မှတ်ပုံတင်ခဲ့ခြင်းဖြစ်သဖြင့် ဇူကာဘတ်ထက် လအနည်းငယ်စောပြီး မှတ်ပုံတင်ထားခြင်းဖြစ်သည်။ ယင်းကုမ္ပဏီကိုတည်ထောင်သူ ဂျိုးဒါဂျာနှင့် ဇက်ရှပ်တို့ကလည်း ဇူကာဘတ်အနေဖြင့် မိမိတို့ ကုမ္ပဏီအမှတ်တံဆိပ်အတွက် ကန်ဒေါ်လာ သန်း ၂၀ ပေးမည်ဆိုပါက ရောင်းချမည်ဖြစ်ကြောင်းဆိုသည်။

လက်ရှိတွင် Meta PC ကုမ္ပဏီမှာလည်း အမှတ်တံဆိပ်ခွင့်ပြုချက် မကျသေးသဖြင့် ထိုစျေးဖြင့်သာ ရောင်းချမည်ဖြစ်ကြောင်း၊ အကယ်၍ ခွင့်ပြုချက်ကျပြီဆိုပါက ယင်းထက် ပိုမိုများနိုင်ကြောင်း ဆိုသည်။

သို့ရာတွင် ယခုသော် Meta PC ကုမ္ပဏီအနေဖြင့် လူသိများထင်ရှားသွားခဲ့ခြင်းက အမြတ်ထွက်သွားပြီဖြစ်သည်။ 

Meta PC ကုမ္ပဏီပိုင်ရှင်များမှာလည်း ဟာသဉာဉ်ရှိသူများဖြစ်ကြသဖြင့် မာ့ခ်ဇူကာဘတ်က သူတို့ကုမ္ပဏီမှ ထုတ်လုပ်သော ဂိမ်းကွန်ပျူတာတစ်လုံးကို ကိုင်ထားသည့်ပုံအား သူတို့၏ တရားဝင် တွစ်တာအကောင့်တွင်တင်ထားသည်။ ထို့အပြင် မိမိတို့ ကုမ္ပဏီအမည်ကို Facebook ဟု ပြောင်းလိုက်လျှင် ကောင်းမည်ဟုလည်း ဟာသ အဖြစ်ပြောဆိုထားသည့် မူဗီဖိုင်တစ်ခုကို တင်ထားသေးသည်။

ကိုးကား
Facebook Learns There's Another Company Named Meta Already

Post a Comment

Previous Post Next Post