အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG၏ စေခိုင်းချက်အရအကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသောNLDပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများနှင့် လက်နက်/ခဲယမ်းများထပ်မံဖမ်းဆီးရမိ

#Breaking

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော 
NUG၏ စေခိုင်းချက်အရအကြမ်းဖက်
လုပ်ငန်းများ ဆောင်ရွက်နေသောNLD
ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော်
၏ ထွက်ဆိုချက်အရ ဆက်စပ်တရား
ခံများနှင့် လက်နက်/ခဲယမ်းများထပ်မံ
ဖမ်းဆီးရမိ 

နေပြည်တော်၊ နိုဝင်ဘာ ၂၀ 

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH၊ NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG နှင့် NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော် တို့၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သော တရားခံ ကျား ၄၀ ဦး၊ မ ၇ ဦး၊ ပေါင်း ၄၇ ဦးအား လက်နက်ငယ်မျိုးစုံ ၃၄ လက်၊ ကျည်အိမ်မျိုးစုံ ၇၀ ခု၊ ကျည်မျိုးစုံ ၂၁၀၅ တောင့်၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ လက်လုပ်ဗုံး ၁၀ လုံး၊ ရီမုမိုင်း ၄ လုံး၊ ရှေ့ထွက်မိုင်း ၄ ခု၊ မီးခိုးဗုံး ၅ လုံး၊ ရှို့ပစ် ၂ လုံး၊ ယမ်းမှုန့်(မီးခိုရောင်) ၇ ထုပ်၊ မှန်ပြောင်း ၁ ခုနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်အား နိုဝင်ဘာလ ၁၇ ရက်တွင်လည်းကောင်း၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးမှုများ၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းနေသော NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော် အား ဒဂုံ(ဆိပ်ကမ်း) မြို့နယ်၊ ရတနာလမ်း၊ ရတနာနှင်းဆီကွန်ဒို၊ တိုက်အမှတ်(3/B)၊ အခန်းအမှတ်(B-0907)၌ Sigsauer အမျိုးအစားပစ္စတို ၂ လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၇၄ တောင့်နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည့်ဖြစ်စဉ်အား နိုဝင်ဘာလ ၁၈ ရက်တွင်လည်းကောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်၊၊  

တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်များအရ ရန်ကုန် မြို့အတွင်း အကြမ်းဖက်အဖွဲ့များ ခိုအောင်းနေထိုင်ရန် ငှားရမ်းပေးထားသော နေရာ ၂၁ ခုရှိကြောင်း ဖော်ထုတ်သိရှိရသည်။ ၎င်းနေရာများအား နိုဝင်ဘာလ ၁၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းမှုများဆောင်ရွက်ခဲ့ရာ 
- တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ လယ်ယာရွှေမြေလမ်း၊ မ-၂၆၊ ၄ လွှာအား လည်းကောင်း။ 
- တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မာလာနွယ်လမ်း၊ အမှတ်(၇၆၄)၊ ၄ လွှာ အား လည်းကောင်း။ 
- တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ဝဏ္ဏသိင်္ဂလမ်း၊ အမှတ်(၅၁၂)၊ ၃ လွှာအား လည်းကောင်း။ 
- တောင်ဥက္ကလာပမြို့နယ်၊ တကောင်း(၅)လမ်း၊ အမှတ်(၈၃)၊ ၄ လွှာအား လည်းကောင်း။ 
- သာကေတမြို့နယ်၊ သိင်္ဂီ(၂)လမ်း၊ ၄ လွှာ၊ အမှတ်(၆၄/အေ)အား လည်းကောင်း။ 
- သာကေတမြို့နယ်၊ သင်္ဂီ(၂)လမ်း၊ ၄ လွှာ၊ အမှတ်(၆၄/ဘီ)အား လည်းကောင်း။ 
- ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ပထမထပ်၊ အမှတ်(၄၂)အားလည်းကောင်း။ 
- ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်မြတ်ထွန်းတာဝါ၊ တိုက်(A)၊ အခန်း(၁၀၆)အား လည်းကောင်း။ 
- ရန်ကင်းမြို့နယ်၊ သုခရိပ်သာလမ်း၊ (၁၂)ရပ်ကွက်၊ အမှတ်(၄/၃/၇၆)အား လည်း ကောင်း။ 
- တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ အမှတ်(၃၁၄/၅)၊ ပထမထပ်အား လည်းကောင်း။ 
- ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ အမှတ်(၃၇၄)၊ ၅ လွှာအား လည်းကောင်း။ 
- တောင်ဥက္ကလာပမြို့နယ်၊ မိဂသီလမ်း၊ အမှတ်(၁၇၇)၊ ၃ လွှာအား လည်းကောင်း။ 
- မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ ခန်းမဆောင်လမ်း၊ အမှတ် (၂၃)အား လည်းကောင်း။ 
- သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်(၃)လမ်း၊ အမှတ်(၇၁၀)အားလည်းကောင်း။ 
- သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်(၄)လမ်း၊ အမှတ်(၅၂၃)နှင့် 
- သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ အမှတ်(၂၉၁)၊ ၅ လွှာတို့အား ဝင်ရောက်ရှာဖွေခဲ့ရာ အထက်ပါ ၁၆ နေရာတွင် အကြမ်းဖက် သမား များ နေထိုင်တော့ခြင်းမရှိကြောင်း တွေ့ရှိရသည်။ 
- သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ နဝရတ်လမ်း၊ ပထမထပ်၊ အမှတ် (၉၀)အား ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်တွင် အကြမ်းဖက်သမား ၅ ဦးခန့် လတ်တလောနေထိုင်သွားပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း တွေ့ရှိရသည်။ 

အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လျက်ရှိသော နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆက်လက်ရှင်းလင်းခဲ့ရာ   
- ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၇ ရပ်ကွက်၊ သဒ္ဒါရုံလမ်း၊ အမှတ်(၈၇၈)၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ မီးခိုးဗုံး ၅ လုံး၊ ပွိုင့် ၂၂ ကျည်ခွံ ၅ ခု၊ လက်လုပ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။ 

- ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉)ရပ်ကွက်၊ သုခိတာလမ်း၊ အမှတ်(၆၇)အား ဝင်ရောက် ရှာဖွေခဲ့ရာ M-16 ၇ လက်၊ AK-47 ၈ လက်၊ MK-12 ၁၅ လက်၊ M4 A1 ကာဘိုင် ၃ လက်၊ FCG-9 ၃ လက်၊ စနိုက်ပါ ၂ လက်၊ ကာဘိုင် ၁ လက်၊ ပစ္စတို ၁၁ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ M-16 ကျည်အိမ် ၅၀ ခု၊ AK-47 ကျည်အိမ် ၁၄ ခု၊ MK-12 ကျည်အိမ် ၃၀ ခု၊ FCG-9 ကျည်အိမ် ၆ ခု၊ ပစ္စတိုကျည်အိမ် ၃၀ ခု၊ ၅.၅၆ ကျည် ၃၈၅၀ တောင့်၊ ၇.၆၂ ကျည် ၂၅၀ တောင့်၊ ပစ္စတိုကျည် ၆၁၀ တောင့်၊ 12 Volt ကျည် ၂၇၀၀ တောင့်၊ ပွိုင့် ၄၅ ကျည် ၁၅၀ တောင့်၊ AK-47 ကျည် ၁၀၀၀ တောင့်၊ ၄၀ မမ ဗုံးသီး ၂၆
လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ MK-12 သေနတ် ဆက်စပ်ပစ္စည်းအစုံ ၃၀ ၊ လက်ပစ်ဗုံး ၁၈ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၅ လုံး၊ လက်လုပ်ဗုံး ၁၃၈ လုံး၊ လက်လုပ်ဗုံး(အကြီး) ၃ လုံး၊ မီးရှို့လက်လုပ်ဗုံး၊ ၃၉ လုံး၊ ယမ်းပြင်း ၂၅ ထုပ်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး(၁၀၀ ပေ) ၁ ခွေ၊ ဒီတိုနေတာ ၈၀၀ ချောင်း၊ TNT ယမ်း (၀.၂၅)ပေါင် ၁၅၃ တောင့်၊ TNT ယမ်း(၁ ပေါင်) ၁၀ တောင့်၊ C4 ယမ်း (၁.၂၅)ပေါင် ၉ တောင့်၊ Transistor ၁၄ ဗူး၊ ဖုန်း(ကီးပတ်) ၁၆ လုံး၊ နာရီ ၇ လုံး၊ ဂြိုလ်တုဖုန်း ၁၂ လုံးနှင့် ဆက်သွယ်ရေး အထိုင်စက် ၁ လုံး၊ ၂.၅ လက်မသံ ၅ ပိဿာ(စုစုပေါင်း လက်နက်မျိုးစုံ ၅၀ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ ကျည်အိမ်မျိုးစုံ ၁၃၀ ခု၊ ကျည်မျိုးစုံ ၈၅၆၀ တောင့်၊ ၄၀ မမဗုံးသီး ၂၆ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၃၃ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၈၀ လုံး၊ TNT ယမ်းမျိုးစုံ ၁၆၃ တောင့်၊ C4 ယမ်း ၉ တောင့်၊ ဒီတိုနေတာ ၈၀၀ ချောင်း၊ ဂြိုလ်တုဖုန်း ၁၂ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်း)တို့အား သိမ်းဆည်းရမိခဲ့သည်။ 
 
- ဆက်လက်၍ သင်္ဃန်းကျွန်းမြို့နယ်၊ (ဇ)မြောက်ရပ်ကွက်၊ ပြည်သာယာ လမ်းသွယ်(၂)၊ ငွေတိုက်စိုးခြံ၊ အမှတ်(၁၄၂)အား ဝင်ရောက်ရှာဖွေခဲ့ရာ M-16 ၁၃ လက်၊ AK-47 ၁၂ လက်၊ MK-12 ၉ လက်၊ ပစ္စတို ၄ လက်၊ ခြောက်လုံးပြူး ၁ လက်၊ M-16 ကျည်အိမ် ၃၀ ခု၊ AK-47 ကျည်အိမ် ၁၀ ခု၊ MK-12 ကျည်အိမ် ၂၂ ခု၊ ပစ္စတို ကျည်အိမ် ၁၄ ခု၊ ၅.၅၆ ကျည် ၂၀၀၀ တောင့်၊ ၉ မမကျည် ၄၀၀ တောင့်၊ 12 ဗို့ကျည် ၂၀၀၀ တောင့်၊ AK-47 ကျည် ၈၀၀ တောင့်(စုစုပေါင်း လက်နက်မျိုးစုံ ၃၉ လက်၊ ကျည်အိမ်မျိုးစုံ ၇၆ ခု၊ ကျည်မျိုးစုံ ၅၂၀၀ တောင့်)တို့အား သိမ်းဆည်း ရမိခဲ့သည်။
MWD

Post a Comment

Previous Post Next Post