ယနေ့မြိုင်သတင်း


မြိုင်မှာ နဂါးက ဂဠုန်အထူးတပ်ကိုဦးစီးပြီးအမောက်လာထောင်ပြတယ်  အင်အားက(၃၀၀)ကျော်ပါပါတယ်

တိုက်ပွဲစတင်ခြင်းနဂါးဦးစီးတဲ့ မြိုင် PDF တွေက မြိုင်မြို့
နယ်ထဲက သရက်ကန်နယ်မြေရဲစခန်းကိုဒီနေ့မနက်စတင်ပြီးတိုက်ခိုက်ခဲ့ပါတယ်
စခန်းမှာကအင်အား (၁၈) ယောက်ရှိပါတယ်မနက်ပိုင်း (၄)နာရီခွဲ ကျွန်တော့ကင်းချိန်မှာ၄၀မမဗုံးသီးလို့ ယူဆရတဲ့ လက်လုပ်ဗုံးသီးတွေစခန်းထဲကို ကျပြီးကွဲပါတယ် စခန်းရှေ့ကကင်းသမား(၂)တွဲက စပြီးပစ်ပါတယ်မျက်မြင်က တော့ အတွဲလိုက်ပစ်လိုက်တဲ့အတွက် PDF တွေအထွေးလိုက်သေကုန်ကြပါတယ် နောက်တော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကျွန် တော်တို့စခန်းကိုဝိုင်းပစ် ပါ
တယ် လူအင်အားတော်တော်များတယ်ထင်ပါတယ်ဝိုင်းကွ သတ်ကွ ပစ် လက်နက် ချဆို တဲ့အသံတွေ လက်နက်ချရင် အသက်ကိုချမ်းသာပေးမယ်ဆိုတဲ့အသံတွေကြားရပါတယ်ဒီလိုပြောတိုင်းလက်နက် ချရမှာလားကွ သေစမ်း ခွေးမသားတွေဆိုပြီး ရဲတပ်ဖွဲ့ဝင် တွေက မနားတမ်းပစ်ခဲ့ကြပါတယ်

ကျွန်တော်တို့မှာက လက်နက်အပြည့် ကျည်အပြည့်ရှိနေတော့အတွဲလိုက်ဆွဲတစ်ယောက်ချင်းဆိုတစ်တောင့်ချင်း ပစ်ကြပါတယ်
ရောင်နီလာတဲ့အချိန်မှာ စခန်းမှူး ရဲ့ဆက်သွယ်မှုအရလေ ကြောင်းပစ်ကူလာမယ်လို့
ကင်းစခန်းတွေကို ဆရာ တစ် ယောက်ကလိုက်ပြီးအော်ပြောပါတယ်

ကျွန်တော်တို့ပစ်ခတ်မှုကြောင့် PDF တွေခြံစည်းရိုး နားတောင် မကပ်နိုင်ပါဘူး ပစ်ခတ်မှုတွေကတော့ ဆက် တိုက်ဖြစ်နေတာပါ
သူတို့ဆီက ၆၀မမ လက်လုပ်စိန်ပြောင်းတွေကလည်း တဝုန်းဝုန်းပစ်နေတာပါ စခန်းအမိုးနဲ့ သစ်ပင်တွေကိုထိပါတယ် လူတွေကိုမထိတာကံကောင်းပါတယ် အသံနဲ့ခြိမ်းခြောက်တာလို့ ထင်တယ် စပန်နာစ တောင်ပါမပါမသိ ပါဘူး စခန်းထဲက ကျွန်တော်တို့အဖွဲ့တွေကို မထိပါဘူး

၉နာရီလောက်မှာလေကြောင်းပစ်ကူအနေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်ကြီးတစ်စီး
ရောက်လာပါတယ် စခန်းအပေါ်ကဝဲပြီးဒုံးတွေနဲ့ထုပါတော့တယ် နောက်ပြီး စက်သေနတ်ကြီးတွေနဲ့ စခန်းပတ်လည်ကို ပစ်ပေးပါတယ်  သူပြန်သွားပြီး သိပ်မကြာပါဘူးနောက်တစင်း လာတယ် သူကတော့ ရန်သူတွေရဲ့ နောက်ကနေပစ်တာပါ သူကပိုကြမ်းတယ် PDF တွေထွေးကနဲ ထွေးကနဲသေကုန်တယ်  PDF တွေစခန်းဘက်ကို မပစ်
နိုင်တော့ပါဘူး ပြန်ဆုတ်သွားကြတယ်

စခန်းထဲကလူတွေ ကျည်ပြန်ဖြည့်ကြတယ်သေဆုံးမရှိပေမဲ့ ဒဏ်ရာရ (၃)ယောက်ရှိပါ
တယ် ရှိတဲ့စားစရာတွေစား ရေသောက်ပြီးကျည်ဖြည့် အသင့်ထပ်စောင့်နေပါတယ်

(၁၁)နာရီလောက်မှာ စခန်းကို လက်နက်ကြီးနဲ့ ထပ်ပစ်ပါတယ် လက်နက်ငယ်သံ  တွေလည်းအနောက်ဘက်ကထက် ကြားရတယ်
ကိုယ်ဘက်သူဘက် တက်လာတဲ့ရန်သူကိုအပိုင်ပစ်ချနေကြတော့ ဆက်  မတက်ရဲကြပါဘူး (၁၂)နာရီ ကျော်တော့ အသံတိတ်သွားတယ် ဆက်မတက်ကြတော့ဘူး

တပ်မတော်ကစစ်ကြောင်းတစ်ကြောင်းကစခန်းထဲကိုဝင်ပြီး နေရာယူပေးကြပါတယ်ကျွန်တော်တို့တောင့်ခံကြကြိုးနပ်ပါပြီ

စစ်သားတွေရောက်လာတော့ ကျွန်တော်တို့အားရှိပါတယ် သူတို့မှာ လက်နက်ကြီးတွေ
ပါလာပြီး စခန်းရှေ့ မှာလက် နက်ကြီးတွေဆင်လိုက်ပါတယ် ညဘက်ဟိုကောင်တွေ
ပြန်လာရင်တော့ပွဲကကြည့်လှပြီဗျ

ဤ ပို့လေးနဲ့ မြိုင်ရဲစခန်းမှ သူရသတ္တိနဲ့ပြည့်စုံတဲ့ ရဲတပ်ဖွဲ့ဝင် (၁၈)ဦးအား ဂုဏ်ပြုလိုက်ရပါတယ် ရဲတပ်ဖွဲ့ဝင်များ ရဲတပ်ဖွဲ့မွေးနေ့တွင် ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိနိုင်ပါစေ
ဗျာ ငါမသေ ငါစခန်းမကျစေရဆိုတဲ့စိတ်နဲ့ တိုက်ပွဲဝင်ခဲ့သောညီနောင်ရဲတပ်ဖွဲ့ဝင်များ အား လက်တင်အလေးပြုလိုက်ရပါသည်။

(ဖုန်းသတင်းအား အနီးစပ်ဆုံး ရေးသားထားပါသည်)

#သားစစ်ကြီး

Post a Comment

Previous Post Next Post