သုံးသပ်ချက်


ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KIA နဲ့ KNU က မတက်နိုင်ဘူးလို့ ငြင်းထားတဲ့အပေါ် အချက် ၂ ချက် မြင်မိတယ်။
ပထမအချက်က နိုင်ငံရေးကို အမြတ်ထုတ်ပြီး အကူညီအထောက်ပံ့တွေ ရရှိတာ...
PDF တွေ လက်ခံပြီး သင်တန်းပေးတဲ့အတွက် NUG ဆီက ထောက်ပံ့ငွေရတယ်။
လက်နက်တပ်ဆင်ပေးတဲ့အတွက် လက်နက်ဖိုး ငွေရတယ်။
PDF တွေနဲ့ပေါင်း တိုက်ပွဲတိုက် အောင်နိုင်ရင် ထောက်ပံ့ကြေး ထပ်ရတယ်။
ဒါတွေဟာ သူတို့ဘဏ္ဍာရေးအတွက် အဆင်ပြေစေတယ်။
ဒုတိယအချက်က လူအင်အား ရရှိတာ...
ဘာမှမစည်းရုံး မတိုက်တွန်းရပဲ လူတွေတဖွဲဖွဲ သူတို့ဆီရောက်လာတယ်။ စည်းရုံးပေးတာက NUG ကလူတွေ။
အစကတော့ PDF ပေါ့...
နောက်တဖြည်းဖြည်း သူပုန်လုံးလုံးဖြစ်လာမယ်၊
သူတို့လူ ဖြစ်လာမယ်...
ဒါကို KNU၊ KIA က အစကတည်း တွက်ဆပြီးသား..သူတို့ကို အလကား လူတွေလာပေး၊ အထောက်အပံတွေ လာပေးနေမှတော့ ဒီအဖွဲ့တွေ ငြိမ်းချမ်းရေးမဆွေးနွေးနိုင်ဘူးဆိုတာ မဆန်းဘူး။
သူတို့ မနိုင်ဘူးဆိုတာလည်း သိတယ် ဒါပေမဲ့ အကျိုးအမြတ်ရနေတဲ့အတွက် လောလောဆယ် မဆွေးနွေးဘူး။
အချိန်ကြာလာတာနဲ့အမျှ အထောက်အပံ့တွေ နည်းလာမယ်၊ တပ်ကလည်း တကယ် ပြုတ်အောင်တိုက်မဲ့ အခြေအနေ ရောက်ပီ ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးမယ် ဆိုပြီးလာမယ်။
ဒါက မရိုးနိုင်တဲ့ လုပ်ကွက်တွေပဲ...
ကြားထဲမှာ နစ်နာတော့ ပြည်သူနဲ့ မသိနားမလည်တဲ့ PDF တွေပဲ၊ သူတို့က ဒုံရင်းက ဒုံရင်းပဲ၊ အကျိုးတောင် ထွက်သွားဉီးမယ်။
ဒါကြောင့် PDF တွေ ခေါ်နေတုန်းလာပါ၊ ခဏတာ စိတ်ခံစားချက်နဲ့ ဘဝကို မဆုံးပါစေနဲ့...


လင်းနေ

Post a Comment

Previous Post Next Post