မင်းမှားရင် မင်းခံရလိမ့်မယ်


နိုဘယ်ဆုရှင်တစ်ယောက်ကို
စစ်တပ်က အသာအယာလေး
ဖမ်းချုပ်လိုက်တာ မဲခိုးမှုတစ်ခုတည်းလို့
ထင်နေသေးရင်မင်းဟာ လူညံ့ပဲ။
ဝေဖန်ပြစ်တင်နေတဲ့
ကမ္ဘာကြီးကတောင်
ငြိမ်သွားတယ်
ဘာကြောင့်လဲဆိုတာ
စဉ်းစား။
နိုင်ငံအပေါ်သစ္စာမဲ့တဲ့
သစ္စာဖောက်တို့ရဲ့
သွားရာလမ်းမှာ
မင်းတို့တွေ
ဆက်လျှောက်နေဖို့
သင့် မသင့် ထမင်းစားတဲ့
အသိဥာဏ်လေးနဲ့ ခွဲခြား။
အမျိုး ဘာသာ သာသနာနဲ့
အမိမြေချစ်တဲ့စိတ်ကလေးနဲ့ကြည့်၊
ဗိုလ်ချုပ်သမီးဆိုတဲ့ ပုဂ္ဂိုလ်ရေး
အမြင်တွေ ခဏဖယ်
ပါတီအစွဲလေးတွေ
မေ့ထား
တိုင်းတစ်ပါးသား
ဒေါ်လာစားတွေ
အကြံပေးခန့်အပ်
ကြိုးဆွဲရာကနေခဲ့ရတဲ့
၅ နှစ်တာခရီးမှာ
ဒီလိုနိုဘယ်ဆုရှင်ကြီးကို
မင်းတို့မို့ အထင်ကြီးနေကြတုန်း။
ထြီရွံ လို့ ကြာ ။
BBC RFA
BOA DVB
မဇၩိမ ဧရာဝတီ
ခေတ်သစ်မီဒီယာ
Myanmar Now
စတဲ့ လေလှိုင်းပေါ်က
လုပ်ကြံဇာတ်တွေနဲ့
ပြည်သူကိုခုတုံးလုပ်
မဟုတ်မမှန် အတင်းအဖျင်း
တွေကိုယုံ နောက်ကွယ်က
ဒေါ်လာလမ်းခင်းပေးနေတာ
ဘယ်လိုလူတွေလဲ?
တိုင်းပြည်ကို ချစ်တဲ့စိတ်
အမိမြေကို ချစ်တတ်တဲ့စိတ်ကလေးနဲ့ကြည့်၊
အစွန်းရောက် လူ့ဗာလတွေရဲ့
လေလှိုင်းပေါ်က မြှောက်ပေးသမျှ
အသက်ရှင်လျက် ဘဝ မင်းမှားရင် မင်းခံရလိမ့်မယ်
အစွန်းရောက် လူ့ဗာလတွေရဲ့
လေလှိုင်းပေါ်က မြှောက်ပေးသမျှ
အသက်ရှင်လျက် ဘဝသေနေတဲ့
နိုင်ငံရေးသမား လူ့မိစ္ဆာတွေ မြှောက်ပေးသမျှ
ဟုတ်လှပြီထင်ပြီး မြောက်ကြွမနေကြလေနဲ့။
သူတို့က ဒေါ်လာစားဘဝတွေ
မင်းတို့က တစ်နေ့လုပ်မှ
တစ်နေ့စားရတဲ့ဘဝတွေ
မတူဘူး။ ပေးဆပ်ခြင်းတွေ
မညီမျှတဲ့ နိုင်ငံရေးပယောဂဇာတ်ခုံပေါ်မှာ
မင်းတို့တွေ အသုံးချခံနေရတာ
နောင်တမရကြသေးဘူးလား?
ကိုယ်ကျိုးအတွက်နဲ့
အများကိုအသုံးချနေတဲ့
ဒီလိုကောင်တွေ
ပြည်သူလို့ခေါင်းစဉ်တပ်တိုင်း
သိပ်ဟုတ်လှပြီလို့ ထင်မနေကြနဲ့။
Social Media ကို
လူတိုင်းနီးပါး အသုံးချတတ်တယ်၊
သူများအသုံးချလိုက်တဲ့
Social Media ပေါ်မှာ
မင်းတို့တွေ လိုက်ခံစားပြီး
အမှားအမှန်တောင် မဝေခွဲနိုင်ဘဲ
ကိုယ့်ဦးခေါင်း သူများဖောက်စားခံ
နေရတာရော သတိထားမိကြရဲ့လား?
တိုင်းပြည်ကိုတကယ်ချစ်တဲ့သူဟာ
ပြည်သူကောင်းစားရေးနဲ့
ပြည်သူတွေ ဒုက္ခရောက်မဲ့
လုပ်ရပ်တွေ ပြည်သူတွေအန္တရာယ်
ဖြစ်စေမဲ့ လုပ်ရပ်မျိုးတွေ မလုပ်ကြဘူးကွ။
ဘာလဲ GZ
ဘာလဲ PDF
လက်နက်ကိုင်
အကြမ်းဖက်
မိုင်းခွဲ ဗုံးခြဲ
ဆေးစွဲ ဆေးကွဲ
အမြင်မတူရင်
ရန်သူလိုမြင်နေကြတဲ့ကောင်တွေ
သေတော့ သူရဲကောင်းဆိုပြီး
ကီးဘုတ်ပေါ်ကနေမြှောက်ပေး
ဒါကိုပဲ အဟုတ်ထင်
အစွန်းရောက်တွေက
အစွန်းရောက်တွေကို
ပြန်ထောက်ခံ၊ ဒါနဲ့ပဲ
ဘဝနိဂုံးအဆုံးသတ်
မလှဖြစ်ကြတော့မှာပါ
ပုဂ္ဂိုလ်ရေးဝါဒစွဲ
ပါတီရေးဝါဒစွဲ
သစ္စာမဲ့သူကို
ဆရာတင်
ပြည်ဖျက်ကိုတော့
သူရဲကောင်းတဲ့
မြှောက်ပေးသူတွေကလည်း
အမြှောက်ကောင်းကြ
တရားမြု မတရားမြု
ဓမ္မ,အဓမ္မဆိုတဲ့
စကားလုံးကို
ခံယူချက် တူမွု
မတူမွု ယုံကြည်ချက်
ညီမျှမှု မညီမျှမှုဆိုတဲ့
ပေတံနဲ့တိုင်းနေကြတာလား?
သဘာဝကိုဆန့်ကျင်
ဓမ္မကိုစတန့်ထွင်
နိုင်ငံ့ဥပဒေကို
ချိုးဖောက်
အစွန်းရောက်
လူ့အန္ဓ လူ့မိစ္ဆာ
ဝရမ်းပြေး ပြည်ပြေး
သေမထူး နေမထူး
စိတ္တဇရူး အာဏာရူးတွေရဲ့စကား
နားယောင်နေတာတွေ
မရပ်ကြသေးဘူးလား?
လွဲမှားနေတဲ့ အသိတရားတွေနဲ့
ဖောက်စားခံနေရတဲ့ ဦးခေါင်းတွေ
အမြှောက်ကောင်းကြတဲ့ နိုင်ငံရေးသမားတွေနဲ့
အမြှောက်ခံချင်နေကြတဲ့ မင်းတို့လို ငပိန်းလေးတွေ
ဒီနိုင်ငံမှာဆက်ရှိနေသ၍ နောင်လည်း
ဆက်မှားနေကြဦးမှာပါပဲ။
အသိတရားမဲ့နဲ့ ငွေ
အတ္တတွေရှေ့တန်းတင်နေသမျှ
မင်းမှားရင် မင်းပဲခံရလိမ့်မယ်။
(ဒီမယ် ကိုယ့်လူ
စေတနာနဲ့ လုပ်ရပ်
မမှန်ကန်ရင်
မျက်နှာမလိုက်တတ်တာ
"ကံ"တရားပါပဲ......

Post a Comment

Previous Post Next Post