ဂျာမနီတွင် သဘာဝဓာတ်ငွေ့ပြတ်လပ်မှုဆိုင်ရာ အရေးပေါ်သတိပေးမှုနှင့် အရေးပေါ်ဓာတ်ငွေ့အစီအစဉ်ကို အဆင့်တိုးမြှင့်သတ်မှတ်ဆောင်ရွက်

ဂျာမနီတွင် သဘာဝဓာတ်ငွေ့ပြတ်လပ်မှုဆိုင်ရာ အရေးပေါ်သတိပေးမှုနှင့် အရေးပေါ်ဓာတ်ငွေ့အစီအစဉ်ကို အဆင့်တိုးမြှင့်သတ်မှတ်ဆောင်ရွက်

ဂျာမနီနိုင်ငံသည် အဆင့် ၃ ဆင့်သတ်မှတ်ထားသော အရေးပေါ်သဘာဝဓာတ်ငွေ့အစီအစဉ်ကို အဆင့်၂ အထိ တိုးမြှင့်ရတော့မည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး Robert Habeck က ယနေ့ကြေညာလိုက်သည်။

ရုရှားနိုင်ငံက ဂျာမနီနိုင်ငံသို့ပေးပို့နေသော သဘာဝဓာတ်ငွေ့များကို ဖြတ်တောက်လိုက်မည်ဆိုပါလျှင် မိမိတို့နိုင်ငံတွင် စီးပွားရေးကျဆင်းမှုအကျပ်အတည်းကို ရင်ဆိုင်ရနိုင်ကြောင်း ဂျာမနီစက်မှုလုပ်ငန်းအဖွဲ့ချုပ်က သတိပေးပြောကြားထားသည်။

ယခုအခါတွင် ရုရှားမှ သဘာဝဓာတ်ငွေ့ပေးပို့မှုကို ဖြတ်တောက်ခြင်းမရှိသေးသော်လည်း ပေးပို့သည့် ပမာဏကိုမူ လျှော့ချထားပြီး ယခင်ပုံမှန်ပေးပို့နေမှု၏ ၄၀ ရာခိုင်နှုန်းခန့်ကိုသာ ပေးပို့လျှက်ရှိသည်။

ယင်းသည် စီးပွားရေးဆိုင်ရာထိုးနှက်တိုက်ခိုက်မှုဖြစ်ကြောင်း ဂျာမနီနိုင်ငံ စီးပွားရေးဝန်ကြီး Robert Habeck ကပြောသည်။ 

ထို့ကြောင့် ဆောင်းတွင်း သဘာဝဓာတ်ငွေ့ပြတ်လပ်မှုဆိုင်ရာ အရေးပေါ်သတိပေးချက်အဆင့်ကိုမြှင့်တင်လိုက်သလို အရေးပေါ်ဓာတ်ငွေ့အစီအစဉ်ကိုပါ အဆင့်တိုးမြှင့်သတ်မှတ်ရခြင်းဖြစ်သည်။ ယင်းသည် ဥရောပ၏ အကြီးမားဆုံးစီးပွားရေးသည် သဘာဝဓာတ်ငွေ့ထောက်ပံ့မှုလျော့ကျပါက ရေရှည်တွင် မည်သို့ဖြစ်လာမည်ကိုပြနေခြင်းဖြစ်ကြောင်းသိရသည်။

Ref: Germany triggers "alert level" of emergency gas plan, sees high risk of long-term supply shortages
Photo: Alliance/Getty Images

Post a Comment

Previous Post Next Post