မဖြစ်နိုင်မှန်းသိလျက်နှင့်

Jun 15 

.
           #မဖြစ်နိုင်မှန်းသိလျက်နှင့်

PDF တပ်ရင်း (၂၅၀) ကျော်
ဘာ... ညာ စသဖြင့်ဖတ်လိုက်ရတယ်၊
မဖြစ်နိုင်မှန်း သိရက်နဲ့
ခလေးတွေကို ဂျောက်ထဲတွန်းထဲ့နေတာတွေ
ရပ်ကြဖို့ကောင်းပါပြီ၊

အားလုံးဟာ မြန်မာနိုင်ငံသား
တိုင်းရင်းသားတွေပါ
အသိမကြွယ်၊ မရင့်ကျက်သေးပဲ
ခံစားမှုကို ဦးစားပေးတတ်တဲ့အရွယ်ကို
အခွင့်ကောင်းယူပြီး ကိုယ့်အတ္တအတွက်
အသုံးချနေတာဟာ ...
အဖန် ငါးရာ ငါးကမ္ဘာ ထိုက်တဲ့
အကုသိုလ်ကြီးဖြစ်ပါတယ်၊

သူတို့မှာ အသက်အပိုမပါကြဘူး
သူတို့အကြမ်းဖက်လို့ အပြစ်မဲ့
ပြည်သူတွေသေတာလဲ မကောင်းသလို
တိုက်ပွဲမှာ PDF တွေသေကြေတာလဲ
ကိုယ့်လူမျိုးတွေ သေကြေတာပါပဲ၊

အသက်စတေးတယ်ဆိုတာ
ကိုယ့်အချင်းချင်းကြောင့်
မဖြစ်စကောင်းဘူး၊
ပြည်ပနဲ့ စစ်ဖြစ်တဲ့အခါမျိုးမှာ
စတေးကြစမ်းပါ၊
ကျုပ်တို့အဖိုးကြီးတွေကိုယ်တိုင်
ရှေ့ကထွက်လာပေးပါမယ်။

.............

PDF တွေစဖွဲ့၊ စတိုက်ကြကထဲက
မဖြစ်နိုင်ဘူး၊ တချိန်ကျရင် ပြိုကွဲ
သွားကြလိမ့်မယ်၊ လူ့စွမ်းအား
ပြုံးတီးသွားတာပဲ အဖတ်တင်လိမ့်မယ်လို့
ရေးခဲ့ပြီးပါပြီ၊

တချိန်က အင်မတန်
လုပ်နိုင်ကိုင်နိုင်တဲ့ NCGUB, ABSDF တွေတောင်
အချိန်တန်တော့ ကစင့်ကလျားနဲ့
ပြိုကွဲခဲ့တယ်၊

အခု နိုင်ငံရေးဝန်းကျင်က
1988 ကာလလိုမဟုတ်တော့ဘူး၊
အမေရိကန်ထီးထီး ဗိုလ်ကျနေတဲ့
အခြေအနေမျိုးမဟုတ်ပဲ၊ ရုရှား၊ တရုတ်
စတဲ့ပြိုင်ဖက်တွေကြောင့် သူ့နေရာတောင်
အနိုင်နိုင်ထိမ်းနေရတဲ့ အခြေအနေမျိုးဆိုတာ
သိဖို့ကောင်းတယ်၊

ဒေါ်စုလဲ 1990 လောက်က လျမ်းလျမ်းတောက်
ဒေါ်စု မဟုတ်တော့သလို၊ နိုင်ငံတကာက
ဒေါ်စု လွှတ်ပေးရေးကို ဘယ်သူကမှ
အရေးတယူ တောင်းဆိုမှု မရှိတော့တာကို
သတိပြုမိကြဖို့ကောင်းတယ်၊

1990 ကာလတုန်းက
- အမေရိကန်ရဲ့ ပြိုင်ဖက်မဲ့အခြေအနေ
- ဒေါ်စုရဲ့ နိုဘယ်လ်ဆုနဲ့ ကျော်ကြားမှု
- 88 ခေါင်းဆောင်တွေရဲ့ ပံ့ပိုးမှုအား

အဲ့ဒီအား (၃) ခုလုံးဟာ
ဒီနေ့မှာ ပျောက်ဆုံးသွားပြီဆိုတာကို
ခံစားမှုဖယ်ပြီး၊ ပကတိအမြင်နဲ့
ကြည့်နိုင်ရင်...
မဖြစ်နိုင်ဘူးဆိုတာ မြင်ကြပါလိမ့်မယ်၊

အစိုးရဖက်က
ငြိမ်းချမ်းရေးကမ်းလှမ်းနေတုန်း
ပြန်ပြီးလက်ကမ်းကြပါ၊
ကိုယ့်ဘဝကိုယ် ပြန်ထူထောင်ကြပါ
အချိန်မှီပါသေးတယ်၊

မင်းတို့တွေကို
သေတွင်းအတင်းတွန်းပို့နေတဲ့
ခေါင်းဆောင်ပိုင်းကသူတွေကိုယ်တိုင်
မဖြစ်နိုင်ဘူးဆိုတာကို သဘောပေါက်နေကြပြီ
သူတို့အခြေအနေက ပြန်လှည့်လို့မရတော့တာနဲ့
ဇွတ်နှစ်နေကြတာပါ၊ 
မထူးဇာတ်ခင်းနေခြင်းသာပါ၊

ကြီးမိုက်တွေအတွက်
ဘာမှ မပြောလိုပါဘူး၊
အပြစ်ကင်းတဲ့၊ ဘာမှမသိသေးတဲ့
မင်းတို့အတွက်၊ မင်းတို့မိသားစုအတွက်ကိုပဲ
အမြင်မှန် ရကြပါတော့လို့ ပြောချင်ပါတယ်၊

..........

PDF တချို့
စပြီး အလင်း ဝင်လာကြပြီ
ကျန်သူတွေလဲ အမြင်မှန်ရပြီး
ပြန်ဝင်လာကြစေချင်တယိ၊

မင်းတို့ပြန်လာကြရင်....
မင်းတို့ရဲ့ မိဘတွေ၊ မောင်နှမတွေ
သားသမီးတွေ ဘယ်လောက်ဝမ်းသာကြပါမလဲ !

NayZinLatt ( 14.6.22 )

Post a Comment

Previous Post Next Post