"ကျနော်တို့နိုင်မယ်နော်"


အသံယဲ့ယဲ့နဲ့ပြောတဲ့ခလေးက ပုခက်ထဲမှာ၊

သူလိုဒါဏ်ရာရပြီးအသက်ပျောက်နေတဲ့သူတွေလဲစခန်းအောက်ပစ်ကွင်းထဲမှာ၊

ဒီစခန်းရရင် ရလာမယ်ဘတ် ငွေတွေကိုငါတို့ခေါင်းဆောင်တွေစိတ်ကူးနဲ့ခွဲဝေနေကြပြီ၊မနေ့က လေနဲ့ကြိုပေးတာတောင်ငါအတွက်က ဘတ်တစ်သောင်းမကျော်၊

ထိုးကျွေးခံနေရတဲ့မင်းတို့လိုခလေးတွေကအများကြီး၊ဒါပေ မဲ့သိပ်ပူစရာမလို မြှောက်ပေးရုံနဲ့ဂွေးတက်အောင်ကမဲ့သူတွေကမကုန်သေး၊

ထောက်ပို့ဆိုတဲ့သူတွေကမဲ့ဆောက်နေပြီးဟော်တည်မှာနပ်နေတာမင်းမသိ၊ရသမျှသူ အကုန်ယူပိုတဲ့အကြွေလောက်နဲ့ငါတို့ဆီရိက္ခာဆိုပီးအရွက်ပုပ်တွေပို့နေတာမင်းတို့မသိ၊

နိုင်ငံတကာက လေနဲ့ကူနေတာလက် မပါတာမင်းမသိ၊
မင်းကတော့ပုခက်ထဲမှာသွေးတွေ ရွဲလို့၊

အနူကြီးအဖွဲ့ကသူရသူယူ
ဦးသူစားကြေလုပ်နေတာမင်းသာသိသွာရင်၊

အသံစွာစွာနဲ့ထောက်ပို့မ၂ယောက်လဲ သူတို့စည်းစိမ်မပြည့်သေးတော့ အလှူငွေအရနည်းတယ်ဆိုပြီးဖုန်းဆက်တိုင်းဖြေနေတာမင်းမသိ၊

မှီခိုမိတဲ့အဖွဲ့တွေကလဲအရနည်းလာတော့စခန်းမှာနေကျွေးရတာကိုဘဲ မသဒ္ဒါလို့ငါတို့ကိုသေကုန်အေးရောဆိုပြီးတိုက်ခိုင်းနေတာမင်းမသိ၊

မြို့ပေါ်ယူဂျီလုပ်ဖို့လွှတ်လိုက်သူတွေလည်းအဖမ်းခံရတာများတော့ကြောက်ပြီးအလင်းဝင်ကြ၊ ပြန်ပြေးလိုက်လုပ်နေလို့မတောင့်တင်းတော့တာမင်းမသိ၊

စကစတွေက သူအလုပ်သူလုပ်ပြီးတစ်ဖြေးဖြေးခိုင်မာလာနေတာမင်းမသိ၊ ဒါတွေ သာမင်းသိရင်ထိလိုက်ထဲကအသက်ထွက်သွားမလားမသိ၊

အတွေးဖြတ်လိုက်တော့
"ဆရာ ကျွန်တော်တို့နိုင်နေပြီနော်" အသံယဲ့ယဲ့မျက်ရည်တစ်စက်ငြိမ်ကျသွားပုံက
ဟုတ်တယ်မင်းနိုင်သွားပြီးရဲဘော် ။😢😢

Post a Comment

Previous Post Next Post