ဥကရစ်ထ မဆုတ်တမ်းခံစစ်ကုန်းတိုက်ပွဲအပိုင်း(၂)


မနက်ပိုင်းကတည်းက  K+P  အဖွဲ့တွေက
လက်နက်ကြီးတွေ RPG တွေနဲ့စခန်းကိုစ
တင်တိုက်ခိုက်ပါတော့တယ်  တပ်မတော်
စခန်းက လက်နက်ကြီး နဲ့ပြန်ပစ် ပါတယ်
တပ်မတော်ရဲ့ လက်နက်  ကြီး ပစ်ခတ်မှု
ကြောင့် ရဲဘော် မိုးကြိုး ဆိုတဲ့PDF တစ်
ဦးသေဆုံးခဲ့ပါသည် 


မနေ့ကတိုက်ပွဲမှာဒဏ်ရာရတဲ့ တပ်ကနေ
CDM လုပ်ပြီး PDF ထဲကိုသေနတ်နဲ့အတူ
ဝင်သွားတဲ့ သစ္စာဖောက် ဒုတပ်ကြပ် ဝေ
လင်းအောင်လဲ သေဆုံးခဲ့ပြီး နောက်KNDO
တစ်ယောက်လည်း သေဆုံးခဲ့ပြီး စုစုပေါင်း
(၃)ဦးသေဆုံး ဒဏ်ရာရ(၂၀)ဦးထိရှိသွား
ခဲ့ပါသည်

နေ့လည်(၁၂)နာရီအချိန် ရန်သူဟာမကျေ
ပွဲ ဆက်နွဲဖို့အတွက် အလုံးအရင်းနဲ့ ပြန်ပြီး
တိုက်ခဲ့ပါသည်  တပ်စခန်း  ကလည်းပြန်
လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့ ရန်သူအင်
အား များတာ နဲ့အမျှ ရန်သူဟာ စခန်း ခြံ
စည်းရိုးနားကပ်လာပြီး ခြံစည်းရိုးဖျက်ဝင်
ရန်ကြိုးစားခဲ့ပါသည်  ထို့ကြောင့်ရှေ့ထွက်
ကြီးကြပ်မိုင်း(၁)လုံးအား ခွဲလိုက်ပြီး ပစ်
အားသုံးတိုက်ခိုက်ခဲ့သဖြင့် ရန်သူများ ထိ
ခိုက်မှုများစွာနဲ့ပြန်လန်ကျခဲ့ပါသည်

ထိုအချိန်တွင် တပ်မတော်  လေမှ ကင်း ထောက်ရဟတ်ယာဉ်များပျံဝဲလာပါသည်
ညနေပိုင်း မိုးလဲတိတ်တဲ့အချိန်မှာ YAK-
130 အမျိုးအစား တိုက်ခိုက်ရေးဂျက်ဖိုက်
တာ တွေတက်လာပြီး ရောကက်ဒုံးတွေနဲ့
တစ်စင်းပြီး တစ်စင်း ရန်သူကိုပစ်ခတ်ကြ
ပါသည်  စခန်းပေါ်က စစ်သည်တွေကတော့
လက်ခုတ်လက်ဝါးတီးပြီး တပ်မတော်လေ
ကွ ဟုအော်ဟစ် အားပေးကြပါသည်

ကိုက်(၆၀၀)အကွာမှာရှိတဲ့ ရန်သူ့လက်နက်
ကြီးတွေကဆက်လက်ပစ်နေပြီး ဆုတ်ခွာ
ခွင့်မပေးသေးသဖြင့်ထပ်တက်လာသောရန်
သူနေရာနဲ့ လက်နက်ကြီးနေရာများကိုတိုက်
ခိုက်ရေး လေယာဉ်တွေကဆက်လက် ချေ
မှုန်းခဲ့ပါသည်

မြဝတီဘက်ကနေစစ်ကူလိုက်လာသောတပ်
မတော်စစ်ကြောင်းများ ရန်သူ  အနောက်ဘက်ခြမ်းကို ရောက်လာပြီး ရန်သူကိုတိုက်
ခိုက် ဖောက်ထွက်ပြီး စခန်းကိုပူးပေါင်းရန်
ကြိုးစားခဲ့ပါသည်

ထိုင်းနိုင်ငံဘက်ခြမ်းမှ တဆင့်လှည့်ဝင်လာ
သော DKBA အဖွဲ့များအား ကော်ပရာ KND
O အဖွဲ့များမှ ဆီးကြို  တိုက်ခိုက်  ခဲ့သော် လည်း DKBA ကား(၆)စီးလွတ်မြောက်သွား
ခဲ့ပြီး ဥကရစ်ထ စခန်းသို့ စစ်ကူစစ်ကြောင်း
များပူးပေါင်းနိုင်ခဲ့ပါသည်

ရန်သူများဆုတ်ခွာခြင်း

ရန်သူKNDO နှင့်PDF အဖွဲ့များသည် ကင်း
စခန်းတစ်ခုဖြစ်သော အင်အား(၃၀)ခန့်ရှိ
သည့် စခန်းအား (၂)ရက်တိုင်အောင်တိုက်
ခိုက်ခဲ့သော် လည်း စခန်းမှ  ပစ်ခတ်သော
လက်နက်ကြီးများ ကြီးကြပ်မိုင်းများကြောင့်
သေဆုံး ဒဏ်ရာရများရှိခဲ့ပြီး တပ်မတော်လေမှ တိုက်ခိုက်ရေးဖိုက်တာများ ပစ်ခတ်
မှုကြောင့် လည်း သေဆုံး ဒဏ်ရာရများရှိပြီး
ထွက်ပြေးဆုတ်ခွာခဲ့ပါသည်

ရန်သူအနေဖြင့် ဉကရစ်ထ စခန်းအားတိုက်
ခိုက်ရာတွင် အခြားသတင်းများအရ သေဆုံး
(၂၀)ကျော်နဲ့ ဒဏ်ရာရ (၃၅)ဦးခန့်ရှိသည်ဟု
သတင်းရပါသည်

တိုက်ပွဲဝင်ခဲ့သော ဉကရစ်ထ မဆုတ်တမ်း
ခံစစ်စခန်းမှ ငါမသေ ငါ့စခန်းမကျစေရ
ဟူသော စိတ်ဓါတ်ဖြင့်ရဲဝံ့စွာတိုက်ပွဲဝင် ခဲ့
သော စစ်သည်များအား ဂုဏ်ယူပါသည်

စစ်ကူလိုက်ခဲ့သော တပ်မတော်စစ်ကြောင်း
များ DKBA မှ ညီနောင်များအားလုံးတို့အား
လေးစားပါကြောင်း ဂုဏ်ပြုရေးသားလိုက်
ပါသည်

#သားစစ်ကြီး
#SaiHlyan
၂၇-၆-၂၀၂၂..

Post a Comment

Previous Post Next Post