အစိုးရဖြစ်တော့ အရူးကွက် နင်းသွားရှာတာပဲ

ကိုယ့်နိုင်ငံမှာက ဆရာတွေများတယ်။ တီဂျစ်ကျောက်မီးသွေးတောင် ဝေဖန်မှုပေါင်း သောင်းခြောက်ထောင်နဲ့။ မြစ်ဆုံတုန်းကလည်း က‌မ္ဘာကျော် ဆရာမကြီးက ဧရာဝတီကို ကာကွယ်ကျပါ၊ စာချုပ် ချပြမယ်ဆိုပြီး ညာချခဲ့တာပါပဲ။ ကိုယ်လည်း အစိုးရဖြစ်တော့ အရူးကွက်နင်းသွားရှာတယ်။ လက်ရှိ မုံရွာ ကြေးစင်တောင်မှာလည်း အတိုက်အခံဘဝက ဘယ်ပြောကောင်းမလဲ ဝေဖန်ခဲ့တာ‌ ပေါ့။ တရုတ်ကြောက်ရပါတယ်လို့ ဝန်ကြီးတပါးဆိုတော့ ဟားခဲ့ကြ‌ သေးတာမဟုတ်လား။ သူ့ကို ကော်မရှင် ခန့်ပြီး စစ်ဆေးခိုင်းတော့ မီးခိုးဗုံးပါဆိုပြီး ပြောခဲ့တာပါပဲ။ ဆိုလိုတာက ကိုယ်အစိုးရဖြစ်နေချိန်မှာ မယောင်ရာဆီလူးပြီး အရင်လူ လုပ်ခဲ့သမျှ ဖျက်လို့ဖျက်စီးလုပ်၊ တံတား နာမည်ချိန်း၊ အဖေ့ရုပ်ထု တနိုင်ငံလုံး လိုက်ထုနဲ့ ရွာလည်နေချိန် ရှိတ်ဟာစီနာကတော့ လုပ်စရာ ရှိတာ လုပ်သွားနေလေရဲ့။

#DGF21

Post a Comment

Previous Post Next Post