ဒေါ်စုကြည် ထောင်ထဲအရွှေ့ခံရခြင်းနဲ့ စပ်လျဉ်းပြီး ဧရာမ သနားစရာကိစ္စလို လုပ်ပြနေတဲ့ အနီတွေကို တွေ့တော့ ပြုံးမိတယ်။
ကျရှုံးချိန်မှာ ဂရုဏာကို လိုချင်တယ်မဟုတ်လား။ မော်ကြွားချိန်မှာ သူတပါးကို ဖိမနင်းနဲ့။ ဘယ်သူ့ကိုမှ ရန်မလုပ်ဖူးတဲ့လူကို ဘယ်သူကမှ နာကြည်းစရာမရှိဘူး။ မြန်မာလူမျိုးတွေက သနားတတ်တယ်။ စိတ်ပျော့တယ်။ မျက်ရည်ချူရလွယ်တယ်။ သို့သော် နာမိရင်တော့ တဆုံးပဲ။
သနားခြင်းကနေ ချစ်ခြင်းဆီကိုလည်း ဦးတည်သွားတတ်တယ်။ သနားချစ်နဲ့ ပတ်သက်တဲ့ သိပ်လှတဲ့ အယူအဆလေးတစ်ခုကို ဒီနေ့ပဲ ဖတ်လိုက်ရတယ်။
သနားခြင်းကနေ ချစ်ခြင်းကိုလည်း ဦးတည်သွားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုချစ်ဖို့ သူ ခံစားရတဲ့ ဝေဒနာတွေက ဖြူစင်ဖို့လိုတယ်။ အိမ်ဆယ်အိမ်လောက်ကို ပတ်ခိုးခဲ့လို့ ဝိုင်းရိုက်ခံရတဲ့သူခိုးကို ဒဏ်ရာတွေနဲ့ မြင်ရလို့ သနားရင်တော့ သနားမယ်၊ ချစ်လာမှာတော့ မဟုတ်ဘူး.. တဲ့။
ဒီသဘောပဲ။
ထောင်ချခံရပါပြီဆိုပြီး အိုမင်းစုတ်ပြတ်နေတဲ့ ဒေါ်စုကြည်ပုံကြီးကို တွေ့တဲ့အခါ အလျဉ်မီ Botox မထိုးနိုင်တော့လို့ ရွတ်ပုံကျသွားတဲ့ ဇရာကို မြင်ချင်မြင်မယ်။ တချိန်က ဆံပင်ဖြူ Highlight အကြောင်း ပြန်တွေးချင်တွေးမိမှာပေါ့။
အရင်တုန်းကလို ကျောက်စိမ်းဘယက်၊ ပယင်းဘယက်၊ ပျူပုတီးတွေ မဝတ်စားထားဘဲ ရင်ဖုံး အင်္ကျီအဖြူနဲ့ ဒေါ်စုကြည်ရဲ့ပုံကိုမြင်တဲ့အခါ လောကဓံတရား ရှစ်ပါးကို မြင်လာမယ်။ ဝတ်စုံမထပ်အောင် ဝတ်စားခဲ့တာ၊ ကျော့ကျော့မော့မော့ လမ်းလျှောက်ရင်း နိုင်ငံတော်အလံကို ဘယ်တုန်းကမှ အလေးမပြုခဲ့တာတွေ သတိရလာတယ်။
လာဘ်စားမှုတွေ၊ အမေရိကန်ဒေါ်လာနဲ့ ရွှေတွေအကြောင်း ကြားရတဲ့အခါ မခိုးတဲ့အစိုးရ - လို့ ကြွေးကြော်ခဲ့တဲ့ အနီတွေကို ပြန်သတိရတယ်။
NLD ပါတီကို ဖျက်ရဲရင် ဖျက်ကြည့်လို့ ကြိမ်းဝါးနေကြတဲ့အခါ အင်္ဂလိပ် အစိုးရတောင် မဖျက်ခဲ့တဲ့ ဝိုင်အမ်မ်ဘီအေ ကိုပါ ဖျက်ဖို့ ကြံတဲ့ထိ ရမ်းကားခဲ့ကြဖူးကြောင်း သတိရလာတယ်။
ဝါဆိုဝါခေါင် ရေတွေကြီးလို့ ဘိုးဘွားရိပ်သာထဲ ရေတွေဝင်နေရင်တောင်မှ ကိတ်မုန့်အလှီးမပျက်ခဲ့တဲ့ ဒေါ်စုကြည်ရဲ့ ရွှေရောင်နေ့ရက်တွေကို သတိရလာတယ်။
မယ်တော်ကြီး လိုတာမရရင် အားလုံးက ဗီလိန်ဖြစ်ခဲ့ရတဲ့ နေ့စွဲတွေဟာ လတ်လတ်ဆတ်ဆတ် အနာတွေမကျက်သေးဘူး။
ရမခ တံဆိပ်က ကြက်ဥကြော်ဖြစ်ခဲ့ရတဲ့ အဲဒီနေ့တွေ။ ဝါဇီကနေ ဒေါ်လာတွေရိုက်ထုတ်ချင်တဲ့ အမတ်နဲ့ စစ်သားတွေရဲ့ ထိပ်တိုက်တွေ့မှုတွေ။ သူ့အကျိုး၊ ကိုယ့်အကျိုးမှန်းမသိ၊ ဂဏန်း အစိတ်သား လို့ ဆဲခဲ့ကြတာတွေ။ လွှတ်တော်ထဲက မိုက်ပိတ်ပွဲတွေ။ ဘာရမလဲ သာဝရာ - တွေ။
ဗုဒ္ဓဘာသာဖြစ်ရတာ ရှက်တဲ့လူတွေ၊ ဘာသာကြီး တစ်ခုတည်း ကြီးစိုးမခံနိုင်ဘူး ဆိုတဲ့ ဒေါ်စုကြည်ရဲ့ လက်ရုံးတွေ။ ဓမ္မပဒကို ဖြုတ်ချပေးခဲ့တဲ့ လူတွေ။
တော်လှန်ရေးထဲမပါရင် ဆွမ်းမလောင်းဘူး လို့ သံဃာထုပါမချန် ဇောင်းတိုက်ခဲ့တာတွေ....
ဆက်မပြောတော့ဘူး။ များလွန်းတယ်။
မေးစရာက -
ဒေါ်စုကြည်က ဘယ်နားက သနားစရာကောင်းလဲ။ သူ့ဒုက္ခတွေဟာ ဘယ်လောက် အပြစ်ကင်း ဖြူစင်နေလို့မို့ မျက်ရည်ကျမတတ် ခံစားနေရမှာလဲ။ သူ့ သွေးသား အရင်းတွေတောင် သူ့အတွက်ဘယ်လောက် ဂရုဏာသက် ငိုကြွေးတမ်းတနေကြလို့လဲ။ ဒေါ်စုကြည်ရဲ့သားက မြန်မာပြည်ထဲလာပြီး တောသားတွေနဲ့အတူ ဆန္ဒဝင်ပြနေသလား။
ယုတ်စွဆုံး...
ဦးအောင်ဆန်းဦးကိုပဲ သွားမေးကြည့်။ ဒေါ်စုကြည်ဟာ သူ့အစ်ကိုအတွက်တောင် မှန်ကန် ဖြောင့်မတ်ခဲ့သလား ဆိုတာ။
ဒီလိုလူကို အတင်းကြီး နစ်နာသူဇာတ် သွင်းပြဖို့ ဖြစ်နိုင်မလား စဉ်းစားပေါ့။
ကျွန်တော်ကတော့ ရှင်းပါတယ်။
အာဏာမရခင်တစ်မျိုး အာဏာရပြီးတစ်မျိုးနဲ့ မြစ်ဆုံစာချုပ်ကို နိုင်ငံရေးအကျိုးအမြတ်အတွက် သုံးသွားတဲ့ သူ့အစိုးရလက်ထက် နောက်တစ်ခေါက် ထပ်မရ စေရဘူး။ ဗမာတွေက ကြွားလည်း ကြွားတယ်။ ကျောလည်း ကျောတယ် လို့ တိုင်းရင်းသားတွေဆီသွားရင်း သူပြောတယ်။
NCA ကို အလျဉ်စလို လက်မှတ်မထိုးဖို့ သူပြောတယ်။
ကျွန်မကလည်း ပြည်သူတွေကိုချစ်ပါတယ် - ဆိုပြီး လူကယ်ဖို့ ဇီးရိုးဘတ်ဂျက်ပဲရှိတဲ့ ဝင်းမြတ်အေး ခေတ်က လွမ်းလောက်စရာမရှိဘူး။
Mascara အပြည့်၊ မိတ်ကပ်အပြည့်နဲ့ ဆေးဆိုးပန်းရိုက် မျက်နှာကြီးပေါ်က မဲတောင်းနေတဲ့ အပြုံးသေကြီးထက် စာသင်ခန်းထဲက အပြစ်ကင်းတဲ့ မျက်ဝန်းလဲ့လေးတွေကို ပိုချစ်တယ်။
သနားစရာရှိရင်လည်း...
လူငယ်ပီပီ ပညာသင်လို့ အဆဲအဆို အရှက်ခွဲခံရတဲ့ ကလေးတွေ၊ အသက်ပါပေးလိုက်ရတဲ့ထိ အနစ်နာခံလိုက်ရတဲ့ ဆရာတွေ၊ ဝန်ထမ်းတွေ၊ စစ်သားတွေနဲ့ ဘုန်းကြီးတွေကိုပဲ ရင်နဲ့ရင်းပြီး သနားဂရုဏာ သက်ပေးလိုက်မယ်။
ဒေါ်စုကြည်ကိုတော့ .... သံဝေဂထက် ဘာမှမပိုတာက ခက်တယ်။
ဒေါ်စုကြည်က သနားစရာကောင်းတာမဟုတ်ပါဘူး။ ရွှေထီးဆောင်းနေ့ရက်တွေ ကုန်သွားရုံလောက်ပါ။
သန့်နေစိုး
စောက်ပေါ သန့်နေစိုး တရာဖိုးသုံးပုဒ်ရေးနေ
ReplyDeleteဟုတ်ပါပြီ မဲက ဘယ်လောက်ခိုးတာလဲ ပမာဏလေးပြောပြစမ်းပါဦး မဲစာရင်းအမှန်က ဘယ်လောက်လဲ
Post a Comment