တရားမဝင် သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို ဖယ်ရှား

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ တရားမဝင်သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို ဇွန် ၁၈ ရက်တွင် စတင်ဖယ်ရှားနေသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
 
လသာမြို့နယ်၊ ၂၄ လမ်းနှင့် ရွှေတိဂုံဘုရားလမ်းတစ်လျှောက်ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းပိုင် ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင်သွယ်တန်းထားသော ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို မြို့နယ် လျှပ်စစ်မန်နေဂျာရုံး ဝန်ထမ်းများနှင့် တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေး ကုမ္ပဏီများမှ ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်သည်။
 
အဆိုပါ တရားမဝင် ကေဘယ်လ်ကြိုးများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ မိမိအစီအစဉ်ဖြင့် ဖယ်ရှားရန် ကြေညာထားသော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက် သွယ်တန်းထားဆဲဖစ်သဖြင့် ယခုကဲ့သို့ရှင်းလင်းခဲ့ရကြောင်းနှင့် အခြားမြို့နယ်များတွင်လည်း တရားမဝင်သွယ်တန်းထားခြင်းများရှိမရှိ လိုက်လံစစ်ဆေး၍ တွေ့ရှိပါက ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။
#mhtnews
#TFM

Post a Comment

Previous Post Next Post