ရိုက်ခတ်မှု့အတော်ကြီးတယ်

ကံသစ်ဖြစ်စဉ် ရဲတပ်ဖွဲ့၀င်တွေ ကျဆုံးခဲ့ရမှု့ဟာ ရိုက်ခတ်မှု့အတော်ကြီးပါတယ်၊

ရဲတပ်ဖွဲ့၀င်တိုင်းရဲ့ စိတ်ရဲ့ထဲမှာ ခံပြင်းနာကျဉ်းချက်တွေဟာ အဆုံးစွန်အထိရောက်ခဲ့ပြီး သက်ဆိုင်ရာလူကြီးတွေတောင်
အတော််ထိန်းသိမ်းခဲ့ရတယ်လို့ကြားရတယ်၊
ရွှေဘိုခရိုင် ရဲစခန်းတွေကနေ 
မြို့နယ်အသီးသီးကိုရွေ့ပြောင်းခဲ့ရတဲ့
တပ်ဖွဲ့၀င်ဟောင်းတွေဟာ ပြန်ပြောင်းရွေ့ပေးဖို့စာတင်ခဲ့ကြပြီး
ရခိုင်ပြည်နယ်ကို နယ်ခြားစောင့်အဖြစ်
အသွင်းပြောင်းခဲ့ရတဲ့ ရွှေဘိုခရိုင်ထွက်
ရဲတပ်ဖွဲ့၀င် ၄၆ ဦးဟာလည်း ဌာနေကို
ပြန်လာဖို့ သူတို့အထက်လူကြီးတွေဆီ
တောင်းဆိုခဲ့ကြပါတယ်၊

နိုင်ငံအနှံက ကျဆုံးခဲ့ရသူတွေနဲ့
တစ်ပတ်စဉ်ထဲ သူငယ်ချင်းတွေကလည်း
ရွှေဘိုခရိုင်ကို ပြောင်းရွေ့ပေးဖို့
အပူတပြင်းတောင်းဆိုနေကြပါပီ၊

မကြာခင် မှာပဲ ခင်ဦးမြို့နယ်၊ ကံသစ်
မြို့သစ် ဒေသတစ်ဝိုက်ဟာ
ထောင်းလမောင်းကြေအောင် ရှင်းလင်းခံရတော့မှာဖြစ်ပြီး
ဒေသခံပြည်သူအချို့ဟာ မိသားစုအလိုက်
မြို့ပြတွေဆီကို ပြောင်းရွေ့နေကြပါပီ၊
အဲ့ဒီဒေသမှာကျန်ရစ်ခဲ့သူအချို့ကတော့
သူတို့ရဲ့ ကံကြမ္မာဟာ မတွေးရဲစရာပါ.၊

ကျဆုံးခဲ့ရသူတွေထဲမှာ ထွေအုပ်၀န်ထမ်း
အသက်၂၉ နှစ်အရွယ် ဒုဦးစီးမှုး အမျိုးသမီးတစ်ဦးပါ၀င်ခဲ့ပြီး
အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှု့ဟာ
ပစ်မှတ်အမျိုးအစားမရွေး ပြည်သူတိုင်းကို
-တ်ဖြတ်ဖို့ဆိုတာ ရှင်းလင်းပေါ်လွင်နေပါပီ၊

အထက်ဌာနကြီးတွေက ဖြစ်စဉ်အမှန်ကို
သိရှိသွားခဲ့ပီးနောက် ရွှေဘိုခရိုင်ရှိ
တာ၀န်ရှိသူတွေဟာ အပူတပြင်းကိုင်တွယ်ဖို့ ဖြစ်စဉ်ဖြစ်ပွားရာဒေသအထိ ကွင်းဆင်းကိုင်တွယ်နေကြပါပီ..၊

ထူးခြားဖြစ်စဉ်တွေကို အချိန်မတိုင်ခင်
သတင်းထုတ်ပြန်လေ့မရှိတဲ့ ထုံးစံအရ
အဲ့ဒီဒေသဟာ အိမ်မက်ဆိုးတွေနဲ့
အချိန်တော်တော်ကြာ အမှောင်ထဲမှာ
အမဲလိုက်ခံနေရအုံးမှာ အသေအချာပါပဲ..။

ပုံ- ကျဆုံးခဲ့ရတဲ့ ထွေအုပ် ဒုဦးစီးမှုး

#KKH

Post a Comment

Previous Post Next Post