တပ်မတော်ကို မြန်မာ့နိုင်ငံရေးမှ ဖယ်ထုတ်ဖို့ မဖြစ်နိုင်

သမိုင်းကြောင်းအရ အမျိုးသားနိုင်ငံရေး အခန်းဏ္ဍမှာ ပါဝင်ပတ်သက်နေရသလို ဖွဲ့စည်းပုံအ​ခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည်ဆိုတဲ့ လုပ်ပိုင်ခွင့်ရှိထားတဲ့ တပ်မတော်ကို နိုင်ငံရေးအခန်းကဏ္ဍကနေ ဖယ်ရှားပြစ်ဖို့ မဖြစ်နိုင်ပါဘူး။
"လက်တွေ့ကျကျ မြန်မာ့နိုင်ငံ ရေးကို ဖြေရှင်းမယ် ဆိုရင် လတ်တလောမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို နိုင်ငံရေးကနေ ဖယ်ထုတ်ပြီးတော့ စဉ်းစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး" လို့ ဦးကိုကိုကြီးက ပြောပါတယ်။
နိုင်ငံရေးမှာတပ်မတော်ပါဝင်မှုကိုလျော့ချဖို့မဖြစ်နိုင်ရင် ​ရှေ့ဆက် မြန်မာနိုင်ငံရေးမှာ တပ်မတော်ရဲ့ကဏ္ဍ အရပ်ဖက် တပ်ဖက်ဆက်ဆံရေး ကောင်းမွန်အောင်တည်ဆောက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
#DGF21News

Post a Comment

Previous Post Next Post