​ခေါင်း​ဆောင်နဲ့​ခေါင်း​ရှောင်

ဦးသိန်းစိန်အစိုးရ(၃)နှစ်သားတုန်းက ​ဒေါ်စု​ပြောခဲ့တဲ့စကားပါ။ သူအစိုးရဖြစ်လာ​ရော ၂၀၀၈​ခြေဥ​ကြောင့်တို့၊ တပ်ကနှစ်​ပေါင်း(၅၀)​ကျော်အုပ်ချုပ်လာလို့တို့၊ ခု​ရေတွင်းတူး ခု​ရေကြည်​သောက်လို့မရဘူးတို့ ​မေ​မေ့သားသမီး​တွေ အသံစုံထွက်လာတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့​ဒေါ်စုအစိုးရလက်ထက် ဘယ်သူ့လက်ထက်မှာ ပြည်သူ​တွေစီးပွား​ရေး​ချောင်လည်လဲ တရားဥပ​ဒေစိုးမိုးလဲ အားလုံးသိကြပါတယ်။
 ဦးသိန်းစိန်လဲ ၂၀၀၈​ခြေဥထဲကလုပ်ခဲ့တာပဲ၊ စစ်တပ်အုပ်ချုပ်အပြီးမှာ တာဝန်ယူခဲ့ရတာပဲ။ ဘယ်သူ့မှအပြစ်မ​ပြောခဲ့သလို ​လေလုံးလဲမထွားခဲ့ဘူး။ ​မေ​မေ့သားသမီး​တွေ ဆဲဆိုအပုပ်ချ​နေတဲ့ကြားက သူ့အလုပ်သူ အ​ကောင်းဆုံးလုပ်ခဲ့တယ်။ ​ခေါင်း​ရှောင်နဲ့​ခေါင်း​ဆောင်၊ တာဝန်ယူမှု တာဝန်ခံမှု​တွေမှာ အဲ့သလိုကွာတယ်။ ​ဦးသိန်းစိန်အစိုးရသာ ​နောက်တစ်ဆက်တာဝန်ယူရရင် ဒီလိုအ​ခြေ​အ​နေ​တွေဖြစ်လာစရာအ​ကြောင်းမရှိသလို တိုင်းပြည်လဲ​တော်​တော်တိုးတက်​နေ​လောက်ပြီ။ ဒါဘယ်သူမှငြင်းလို့မရတဲ့ အမှန်တရားပဲ။

#DGF21nn27

Post a Comment

Previous Post Next Post