"ရန်ကုန်-မန္တလေး အမြန်ရထား ဇွန်လကုန်မှာ ပြန်လည်ပြေးဆွဲမည်"

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုတွေကြောင့် တစ်နှစ်ကျော်ကြာ ရပ်နားထားရတဲ့ မီးရထားလိုင်းများအနက် အမှတ်(၅)အဆန်နဲ့ အမှတ်(၆)အစုန် ရန်ကုန်-မန္တလေးအမြန်ရထားတစ်စင်းကို အခုဇွန်လကုန်လောက်ကစတင်ပြီး ပြန်လည် ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဉီးကပြောပါတယ်။ 
ဒါ့အပြင် ရန်ကုန်-ပြည်ခရီးစဉ်ကို သွားလာနေကြတဲ့ ခရီးသည်တွေများပြားလာတဲ့အတွက် လက်ရှိ ပြေးဆွဲပေး နေတဲ့ ရန်ကုန်-ပြည် မနက် ၆ နာရီ စာပို့ရထားနဲ့ နေ့လယ် ၁၁ နာရီ အမြန်ရထားတို့အပြင် နောက်ထပ်ရထားတစ်စင်း ကိုလည်း ပြန်လည်ပြေးဆွဲပေးသွားရန် ရှိနေတယ်လို့သိရပါတယ်။ 
မြို့ပတ်ရထားပြေးဆွဲမှုတွေကို 
ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ဖြစ်ပွားစဉ်ကတည်းက ရပ်နားထားခဲ့ရာ ဇွန်လ ၂၀ ရက်ကစပြီး လက်ဝဲရစ် ၁ စင်းနဲ့ လက်ယာရစ် ၁ စင်း တို့ကိုလည်း ပုံမှန်ပြန်လည်ပြေးဆွဲနေပြီဖြစ်ပါတယ်။

#NovelStar

Post a Comment

Previous Post Next Post