ပြည်ပကျူးကျော်စစ်ပုံစံဖြစ်နေတဲ့ ဥက္ကရစ်ထ တိုက်ပွဲ

ပြည်ပကျူးကျော်စစ်ပုံစံဖြစ်နေတဲ့ ဥက္ကရစ်ထ တိုက်ပွဲ
===================
အမေရီကန်ဟာ ပြီးခဲ့တဲ့လ က မြဝတီနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မှာ ကောင်စစ်ဝန်ရုံးလာဖွင့်တယ်။
ထိုင်းမီဒီယာတွေတောင် ကန်ကွက်ရေးသားကြတယ်။
အဓိက ကတော့ KNU နဲ့ပေါင်းပြီး မြန်မာကို နှောက်ယှက်ဖို့ပါ။
အခုလဲ နယ်ဒါးမြ ၊ စောစတီးတို့လို ဒေါ်လာစားတွေကို အထောက်အပံပေးပြီး pdf တွေကိုကူညီထောက်ပံပေးနေပါတယ်။
ဥက္ကရစ်ထ စခန်းကို အင်းအား ၅၀၀ မှ ၈၀၀ကြားနဲ့
၄ရက်တိုင်တိုင် တိုက်ခိုက်ပေမယ့်။
မြန်မာ့တပ်မတော်သားတွေရဲ့ ရွတ်ရွတ်ချွံချွံခုခံမှု့ကြောင့် 
စခန်းနားတောင်မကပ်နိုင်ဘဲ
အထိခိုက်အကျအဆုံးများစွာနဲ့ ကြုံတွေ့နေရပါတယ်။
 ဒီနေ့မှာတော့ တပ်မတော်ရဲ့မဟာမိတ် BGF. DKBA တို့ရဲ့အကူအညီ။
တပ်မတော်စစ်ကူ စသ်ကြောင်းတွေရဲ့အကူအညီ။
တပ်မတော်လေရဲ့ အကူအညီတွေကြောင့် 
စခန်းမှာ လူလက်နက် ၊ ရိက္ခာ ၊ခဲယမ်း၊ဆေးဝါး တွေ အကုန်ရောက်ရှိနေပါပြီ။
နယ်မြေခံ အရာရှိကြီးတွေကလဲ စစ်သည်တွေ လိုအပ်သမျှ
အစားအသောက်ကအစ ကူညီ ထောက်ပံပို့ဆောင်ပေးခဲ့ပါတယ်။ 
စခန်းကရဲဘော်တွေကို အသား/ငါး စည် သွတ်ဘူးတွေ ကြိုက်သလောက်စားကြဆိုပြီး ထောက်ပံပို့ဆောင်ပေးနေပါတယ်.
မြန်မာ့တပ်မတော်သားတွေ ဟာ စိတ်ဓာတ်ကောင်းမွန်စွာနဲ့ အမေရီကန်ဦးဆောင်တဲ့ သောင်းကျန်းသူတွေကို ခုခံတွန်းလှန်နိုင်ခဲ့ပါတယ်။
အခုညနေခင်းမှာတော့ 
ရန်သူရဲ့တိုက်စစ်အတော်ကျဆင်းသွားလို့။
မိမိစစ်ကူတပ်တွေက လိုက်လံရှင်းလင်းချေမှုန်းနေပါတယ်။
နယ်မြေက တာဝန်ရှိသူတွေကလဲ နယ်စပ်ကအာဏာပိုင်တွေနဲ့တွေ့ဆုံပြီး ထိုင်နိုင်ငံအတွင်းစုဖွဲ့တိုက်ခိုက်နေမှု၊
ဒဏ်ရာရ သောင်းကျန်းသူတွေကို ထိုင်းနိုင်ငံဆေးရုံတွေက ကုသပေးနေမှုတွေကို အဆက်မပြတ် ကန့်ကွက်နေခဲ့ပါတယ်။
တစ်ခုပြောချင်တာက ပြီးခဲ့တဲ့ ၃ရက်လုံးလုံး fb ပေါ်မှာ အဲဒီတိုက်ပွဲအကြောင်းက စာမျက်နှာတိုင်းမှာတွေ့နေရပါတယ်။
မျိုးချစ်စိတ်ရှိတဲ့မြန်မာတိုင်းက မြန်မာ့တပ်မတော်သားတွေကို အားပေးပြီး ချီးကျူးနေကြတာပါပဲ။
အခုစစ်ပွဲဟာ အမေရီကန်ဦးဆောင်ပြီး စီစဥ်ညွှန်ကြားနေတဲ့ တိုက်ပွဲ တစ်ခုဆိုတာ 
ကျနော်တို့ပြည်သူတွေ သိစေချင်ပါတယ်။
#ShweBa
DGF21News

Post a Comment

Previous Post Next Post