တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ ဇူလိုင်လထဲ မြန်မာနိုင်ငံသိုလာရောက်ဖို့ရှိ

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် ဇူလိုင်လအတွင်း မြန် မာနိုင်ငံသို လာရောက်မည်ဖြစ်ကြောင်း နစက၏ သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရပါတယ်။

မစ္စတာဝမ်ယိက မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို လာရောက်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

အဆိုပါ (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်းနိုင်ငံခြားရေးဝန်ကြီးများအ စည်းအဝေးကို ဇူလိုင်လအတွင်း ပုဂံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ထိုပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံသွားဖွယ်ရှိကြောင်းလည်း သုံးသပ်မှုများရှိနေ ကြပါတယ်။

Post a Comment

Previous Post Next Post