ထိုက်တန်တဲ့ ပြစ်ဒဏ်က သေဒဏ်

-အပြစ်မဲ့ပြည်သူတွေကို အကြောက်တရားကြီးစိုးစေဖို့နဲ့ တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားမှုပျက်ပြားအောင်လုပ်ဖို့ အဓိက ကြိုးကိုင်ခဲ့တဲ့ ဂျင်မီနဲ့မောင်ကျော်ကို ပေးသင့်တဲ့ တစ်ခုတည်းသော ထိုက်တန်တဲ့ ပြစ်ဒဏ်က သေဒဏ်ပဲ..
-ဒါကို ယထာဘူတကျကျတွေးကြည့်သူတိုင်း သိနိုင်သလို Justice ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းနားလည်သူတိုင်း ကြိုက်ကြိုက် မကြိုက်ကြိုက် လက်ခံရမယ့် အမှန်တရားတစ်ခုပဲ..
-ဟမ္မူရာဘီရဲ့ ကိုဓဥပဒေမှာပါတဲ့ လက်တစ်ဖက်ဆုံးရင် လက်တစ်ဖက်ချင်း၊ မျက်လုံးတစ်ဖက်ကန်းရင် မျက်လုံးတစ်ဖက်ချင်း ပြန်ပြီးပြစ်ဒဏ်စီရင်တဲ့ စနစ်အတိုင်းဆိုရင် ကမ္ဘာကြီးမှာ အားလုံး မျက်လုံးကန်းသူ၊ လက်မရှိသူတွေပဲဖြစ်သွားကြတော့မှာပေါ့ဆိုတဲ့စကားကို တွင်တွင်ကျယ်ကျယ်ပြောကြတယ်.. ပြောကြမှာပေါ့.. မျက်လုံးတွေကောင်းပြီး လက်ပြတ်တဲ့ဝေဒနာကိုမှ မခံစားဖူးသေးကြပဲကိုး..
-အစွန်းရောက်ပြီး အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံအဆင့်ချီပြီးလုပ်ခဲ့တဲ့ အဲဒီလူသားနှစ်ယောက်ရဲ့ အသက်ရှင်ခွင့် မရှင်ခွင့်ကို အပြင်းအထန်အငြင်းပွားနေကြချိန်မှာ တချို့သော အညတြလူသားတွေရဲ့ အသက်တွေက ခုချိန်ထိ ပြိုက်ကနဲ့ ပြိုက်ကနဲ့ ကြွေလွှင့်နေတုန်းပဲ.. ခင်ဗျားတို့ တခုတ်တရ ဖြေတွေးပေးနေကြတဲ့ နောက်ထပ် နောက်ထပ် အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့်ပဲ…
-သဘောထားကြီးတာ ကောင်းပါတယ်၊ ဒါပေမယ့်နစ်နာခဲ့ရသူ အသက်ပေါင်းများစွာရဲ့ တရားမျှတမှုအပေါ် မထီမဲ့မြင်ပြုရလောက်တဲ့အထိတော့ သစ္စာမမဲ့သင့်ဘူးလေ.. 
- မီဒီယာအားကောင်းကောင်းနဲ့ ဝိုင်းဝန်းဖိအားပေး၊ ဟိုလိုလုပ်သင့်တယ် ဒီလိုလုပ်သင့်တယ်လို့ စဆရကလာလုပ်တော့ရော ဂရုစိုက်စရာလို့ထင်နေလို့လား၊ အကြမ်းဖက်သမားကို သေဒဏ်စီရင်လို့ မချိမခံသာဖြစ်နေကြရင် ၉/၁၁ ဖြစ်စဉ်မှာ အသေပြစ်သတ်ခံခဲ့ရတဲ့ အိုစမာဘင်လာဒင်က တမလွန်ကနေ ဟားတိုက်နေလိမ့်မယ်..
-အဲဒီအကြမ်းဖက်နှစ်ယောက် လုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့ကြံစည်မှုတွေကို တရားဝင်ဖော်ထုတ်ထားတဲ့ သက်သေတွေကို တစိမ့်စိမ့်ထိုင်ကြည့်ပြီးမှ လူသားတစ်ယောက်ရဲ့လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကိုပြော…
-ပြောမရဘူး၊ အခုချိန်မှာ အဲဒီအကြမ်းဖက်နှစ်ယောက်အနေနဲ့ ထိုက်တန်တဲ့ပြစ်ဒဏ်ကို ကျေကျေနပ်နပ်ခံယူပြီး အေးငြိမ်း/ပူလောင်ရာဘုံဘဝတစ်ခုမှာ ရောက်ရှိပြီး ဖြစ်ရင်ဖြစ်နေလိမ့်မယ်၊ မနေနိုင် မထိုင်နိုင် ကိုယ့်ထမင်းကိုစားပြီး အကြမ်းဖက်သမားအတွက် ရင်နာနေကြတဲ့ အကြမ်းဖက်အားပေးတွေကတော့ ခုချိန်ထိ မျောက်မီးခဲကိုင်မိသလို ပူလောင်နေကြတုန်း… 😁

Post a Comment

Previous Post Next Post