သွေးတိုးစမ်းသပ်ခြင်း


.
    

ဒီ (၂) ရက်အတွင်း FB ပေါ်မှာ
ဥကရစ်ထ စခန်းတိုက်ပွဲက
တနေ့လုံးနေရာယူထားတယ်၊

သတိထားမိကြမလား
လွန်ခဲ့တဲ့ တလကျော်၊ နှစ်လလောက်မှာ
သတင်းတခုတက်လာတယ်၊
တဖက်နိုင်ငံမှာ လူစုနေပြီး
မြန်မာ-ထိုင်းနယ်စပ်က စခန်းတွေကို
အလုံးအရင်းနဲ့ဝင်တိုက်လိမ့်မယ်ဆိုတာ၊

ထိုင်းနယ်စပ်ကို
ဘယ်သူတွေသွားခဲ့ကြပါသလဲ ?
ရှေ့ပြေးလက္ခဏာတွေဖြစ်ပါတယ်

ကာလတခုအကြာ
အခု.. တကယ်တိုက်လာပါပြီ
သတင်းဖြစ်ခဲ့တဲ့အတိုင်း
စုပေါင်းတိုက်ကြတယ်
အင်အားအလုံးအရင်းနဲ့လဲဖြစ်ပြန်တယ်
အဖြူကောင်တချို့နဲ့ တံဆိပ်စုံပါဝင်တယ်၊

တိုက်တိုက်ခြင်း
ဥကရစ်ထ စခန်းကို 
သူတို့သိမ်းလိုက်နိုင်ပြီဆိုပြီး 
မီဒီယာအသာစီးယူ သတင်းလွှင့်ခဲ့တယ်၊
မနေ့ကအထိ
မြန်မာ့တပ်မတော်က
ကြံ့ကြံ့ခံပြီး၊ လေကြောင်းပစ်ကူပါ ပါတော့
သူတို့မသိမ်းနိုင်ကြပါဘူး၊
ရိက္ခာ၊ ကျည်... အင်အားဖြည့်ထားနိုင်ပါတယ်၊

အသံဖိုင်တခုအရ
ရှေ့၊ နောက်၊ ဝဲ၊ ယာ
ထုတ်ထားတဲ့ လက်တံတွေကိုတောင်
မကျော်နိုင်ကြသေးပါဘူး၊

နိုင်ငံတခုဖြစ်လာရင်
စစ်ဆိုတာ ရှောင်လွှဲလို့မရတတ်ပါ
ဒါပေမဲ့ ဒီအချိန်မျိုးမှာ ဖန်တီးတဲ့စစ်က
စခန်းသိမ်းချင်တာထက်
တပ်မတော် အစိုးရကို ပစ်မှတ်ထားတာပါ၊
အဖြူတွေပါလာတာဟာ 
ဘယ်သူတွေက နောက်ကွယ်က
Plan လုပ်ပေးနေသလဲဆိုတာကို
မြင်နိုင်စေပါတယ်၊

စစ်ရေးသက်သက် မဟုတ်ပဲ
နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ ပုံဖေါ်လာတဲ့
ဥကရစ်ထပွဲမှာ
မြန်မာ့တပ်မတော်သားများ
အောင်မြင်ကြပါစေ
အောင်နိုင်ကြပါစေ
အောင်နိုင်ကြမှာပါ။

#NayZinLatt  (29.6.22) 👍

Post a Comment

Previous Post Next Post