နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ဘာသာ၊ သာသနာများကို ကူညီစောင့်ရှောက်ပေးသွားမည်ဟု သာသနာရေး ဝန်ကြီးပြော

နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ဘာသာ၊ သာသနာများကို ကူညီစောင့်ရှောက်ပေးသွားမည်ဟု သာသနာရေး ဝန်ကြီးပြော 

ဖွဲ့စည်းပုံအရ နိုင်ငံတော်မှ အသိအမှတ်ပြုထားသည့် ဘာသာ၊ သာသနာများကို တတ်နိုင်သမျှကူညီ စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း သာသာနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားလိုက်သည်။

ဇွန်လ (၁၉) ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးရုံး ဧည့်ခန်းမ၌ မြန် မာ နိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး အဖွဲ့ချုပ်နှင့် သနန္တနဓမ္မပါလကအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

"နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၃ နှင့် အညီ နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးကိုကိုကပြောသည်။

ပြည်ထောင်စု ဝန်ကြီးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ် (ယာယီ)၏ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဗဟိုကောင်စီ အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြချက်များကို ကြည့်ရှုသုံးသပ်နိုင်ရန် ယင်းကဲ့သို့ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗုဒ္ဓဘာသာကလျာ ဏယုဝအသင်း (YMBA) အသင်းရုံး၌ အမှုဆောင်အဖွဲ့နှင့် မွန်းလွှဲပိုင်းတွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် ယဉ်ကျေးလိမ္မာသော မျိုးဆက်သစ်များ ပေါ်ထွန်းလာရေး ဆောင်ရွက်ကြရန် အသင်းတာဝန်ရှိသူများကို မှာကြားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ရှေးယခင်နှစ်များကပင် သက်ဝင်ယုံ ကြည်ရာ ကိုးကွယ်မှု ဘာသာများအနေဖြင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ ဟူ၍ ဘာသာကြီး(၄) ခုရှိပြီး အချို့သော ဝေးလံခေါင်သီသော နယ်စပ်ဒေသများတွင် နတ်ကိုးကွယ်မှုများလည်း ယခုအချိန်ထိ ကျန်ရှိနေသေးသည်။

Website တွင်ဖတ်ရန် >>

https://wp.me/paRxJm-k6T

Post a Comment

Previous Post Next Post