နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် အစိုးရယန္တရား များ ပျက်ပြားစေရန် ရည်ရွယ်ချက်နဲ့ လူမှုကွန်ရက်ကနေ လှုံ့ဆော်ခြိမ်းခြောက်တဲ့ ပို့စ်တွေတင်တဲ့ အကောင့်တွေကို နစက က နေ့စဥ် စုံစမ်းဖော်ထုတ်ဖမ်းဆီးလျက်ရှိတာကို နေ့စဥ်ထုတ်သတင်းစာတွေမှာမြင်တွေ့နေရပါတယ်။
နစက အုပ်ချုပ်တာ မကျေနပ်လို့ မိမိရဲ့ facebook အကောင့်ကနေ NUG ကို ထောက်ခံအားပေးတဲ့ သဘောမျိုးရေးသားမိလိုက်လို့ အဖမ်းခံရတဲ့သူလည်း အများအပြားရှိနေပါတယ်။
- NUG ကို ထောက်ခံပြီး နစကကို ဆန့်ကျင်လှုံ့ဆော်တဲ့ အကောင့် ပိုင်ရှင်တွေကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတပ်ပြီး ဖမ်းဆီးမှုတွေ ပြုလုပ်လျက်ရှိရာမှာ ဇန်နဝါရီလ ၂၅ရက်မှ ဇွန်လ ၂၁ ရက်ထိ-
အမျိုးသား ...........၃၂၁ ဦး၊
အမျိုးသမီး...........၁၈၅..ဦး၊
စုစုပေါင်း..............၅၀၆ ဦး၊
ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်အရေးယူထားပြီးဖြစ်ကြောင်း သိရှိရပါသည်။
- နေ့စဥ် ဖမ်းဆီးအရေးယူမှုတွေရှိပေမယ့်လည်း အဲ့လိုဖမ်းဆီးမူကိုမသိဘဲ NUG အားပေးထောက်ခံတဲ့ အကောင့်အစစ်နဲ့ Post တွေ ရေးသားတဲ့ သူတွေအနေနဲ့ ပြည်တွင်းမှာရှိနေရင် အချိန်မရွေး ဖမ်းဆီးအရေးယူခံရနိုင်တယ်ဆိုတာကို စေတနာနဲ့ သတိပေးချင်ပါတယ်။
- ဥပဒေဆိုတာ မသိလို့ပဲဖြစ်ဖြစ် သိလို့ပဲဖြစ်ဖြစ် ဖောက်ဖျက်မိရင်တော့ အမှုအခင်းဖြစ်ပွားပြီး မိမိတို့ရဲ့ လူမူစီးပွားဘဝတွေ ပျက်စီးနိုင်တာကို သတိထားကြစေချင်ပါတယ်။
Post a Comment