အရင်းရှင်စနစ်ရဲ့ သရုပ်သကန်

အမေရိကန်အရင်းရှင်စနစ်အကြောင်းပြောတော့ တစ်ကမ္ဘာလုံးကို ခပ်တည်တည်နဲ့ ဂျင်းထည့်နေတာ ဆိုတဲ့အကြောင်းပြောပြချင်တယ်
သိတဲ့အတိုင်း အမေရိကန်ဆိုတာ 
လူတိုင်းစေ့ မော်တော်ယာဉ်အသုံးပြုတဲ့တိုင်းပြည်
အဖေနဲ့ အမေမရှိရင်သာ နေနိုင်တယ်
သေနတ်နဲ့ ကားမရှိရင်မနေနိုင်တဲ့လူတွေချည်းပဲ
မိသားစုတစ်ခုမှာတင် ကားက သုံး လေးစီးရှိတယ်
ကားကုမ္ပဏီတွေကလည်း အပြိုင်အဆိုင်ပဲ
နောက်ပြီး သူတို့အကျင့်က 
Model အသစ်တစ်ခုပေါ်လာတိုင်း ဝယ်ချင်တယ်
speed ကောင်းတဲ့ကားတွေကိုကြိုက်တယ်
တစ်နေ့ တစ်နေ့ ဘယ်ကားကောင်းသလဲ လိုက်ကြည့်ရတာက အလုပ်တစ်ခု
အဲဒီမှာ Model တစ်ခု ရောင်းအားကျသွားပြီဆိုရင်
တစ်နေရာရာမှာ တစ်ယောက်ယောက်က
အဲဒီ ကားအမျိုးအစားနဲ့ အမြန်မောင်းပြီး 
ပြသနာရှာတော့တာပဲ
ရှေ့ကကားက အမြန်မောင်း
နောက်ကနေ ရဲကားတွေကလိုက်နဲ့
သတင်းသမားတွေကလည်း ဟယ်လီကော်ပတာနဲ့
ရေးကြီးခွင်ကျယ်လုပ်ပြီး လိုက်ရိုက်
ရိုက်နေတုန်းမှာ TV အစီအစဉ်ကနေ Live လွှင့်
"ဟော ... BMW က တစ်နာရီ မိုင် ၁၀၀ အမြန်နှုန်းနဲ့ မောင်းသွားပြီခင်ဗျ ... 
သူ့နောက်မှာ ရဲကားတွေကလည်း ထပ်ချပ်မကွာလိုက်နေတုန်းပါခင်ဗျ" ဘာညာနဲ့ပေါ့
ထပ်ချပ်မကွာ အေးအေးဆေးဆေး ပီကေဝါးရင်း
လိုက်နေတာလေ

အမေရိကန်တွေကလည်း ဒါမျိုးဆို 
ထမင်းမေ့ ဟင်းမေ့ကိုထိုင်ကြည့်တာ
ကားက ဘယ်လောက်ကောင်းသလဲ
လွတ်အောင်ပြေးနိုင်လားပေါ့
အမှန်က အမေရိကန်ရဲတပ်ဖွဲ့မှာ အသုံးပြုတဲ့
ရဲကားတွေက ဘယ်ပြိုင်ကားကိုမဆို အမီလိုက်နိုင်တယ် ... သေသေချာချာထုတ်လုပ်ထားတာ
Chevrolet ဗျာ
Plymouth ဗျာ
Ford ဗျာ
Dodge ဗျာ ... အမျိုးကိုစုံလို့
ဒီ့အပြင်
Police Pursuit Vehicles (PPV)
Police Interceptor Vehicles (PIV) 
Special Service Vehicles (SSV) ဆိုတဲ့ အထူးရဲယာဉ်တွေရှိသေးတယ်
ပြီးတော့လည်း မော်တော်ယာဉ်အလုပ်ရုံမှာ
Modifications တွေ ထပ်ထည့်ထားသေးတာ
မမှီပဲ ဘယ်ရှိပါ့မလဲ ... မှီတာပေါ့
အဲဒါကို အသဲအသန်လိုက်ဖမ်းရတဲ့အပေါက်မျိုး
လုပ်ပြနေသေးတာ
နောက်ဆုံးတော့ အဲဒီကားကိုမိတာပဲ
ဟေ့ကောင် မြေပေါ်မှာမှောက်လိုက်ဆိုပြီး လက်ထိပ်ခတ်ဖမ်း ... ရဲကားထဲထည့်
တရားရုံးရောက်တော့ ပြစ်ဒဏ်က ဒေါ်လာ (၅၀) တဲ့
ရှင်းပြီလား ....

ဘာပဲဖြစ်ဖြစ် car showroom ကတော့
လူစည်သွားပြီ .... ဘာမှလာမပြောနဲ့
ငွေရဖို့ အဓိက
အဲဒါ အရင်းရှင်စနစ်ရဲ့ သရုပ်သကန်တွေပေါ့ဗျာ
ခင်ဗျားတို့လည်း စမ်းကြည့်ကြပါလား ... ဟမ်!

                                                 (ကျော်သူငြိမ်း)

Post a Comment

Previous Post Next Post