အာဆီယံကို အာဆီယံမဟုတ်သော ပြင်ပကမ္ဘာက ကြိုးကိုင်စွက်ဖက်ခြယ်လှယ်ခံရမှု

အာဆီယံနိုင်ငံတွေအားလုံးကဒီမိုကရေစီစနစ်ကိုကျင့်သုံးနေတာမဟုတ်ပါဘူး ။အောက်ဖော်ပြပါသတင်းကိုဖတ်မိတော့ အာဆီယံအသင်းကြီး၏ လုပ်ဆောင်မှုတွေအပေါ် ကျွန်မစိတ်ထဲတွေးမိသွားတာတွေရှိလာပါတယ် ။အားလုံးသိပြီးကြတဲ့အတိုင်း မြန်မာ့အရေးကို democractization ခေါင်းစဉ်အောက်ကနေ အာစီယံသည် သူ၏ မူလဖွဲ့စည်းစဉ်ကရည်ရွယ်ချက်aims'တွေ ကို ဖောက်ဖျက်ပြီး ဒေသတွင်း ကမိမိအဖွဲ့ဝင်နိုင်ငံက်ု စွက်ဖက်နေတာလို့ပဲ မြင်မိပါတယ် ။ဒီနေရာမှာ ဆက်စပ်စဉ်းစားရမှာက အာစီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးသည် ဒီမိုကရေစီစနစ်ကို တညီတညွှတ်တည်း လက်ခံကျင့်သုံးနေတာမဟုတ်ပါဘူး ။တပ်မတော်က အာဏာထိန်းသိမ်းတဲ့ ဖြစ်စဉ်တွေသည်လည်း အဖွဲ့ဝင်နိုင်ငံတွေကြားမှာ အခါအားလျော်စွာ ရှိနေ ဖြစ်နေ ရှိဆဲ ဖြစ်နေဆဲ အနေအထားပါ ။နောင်ကိုလည်း ဆက်လက် ရှိကောင်း ရှိလာနိုင်ကြပါသေးတယ် ။ဒီအပေါ်မှာ စဉ်းစားချက်က အဲလိုတွေဖြစ်လာရင် ယခုမြန်မာဖြစ်စဉ်ကို စွက်ဖက်သလို စွက်ဖက်ကြမှာလား ။ကြိုတင်
မေးခွန်းထုတ်ထား အဖြေရှာထားရမည့်ကိစ္စတစ်ရပ်ပါပဲ လို့မြင်တယ် ။မြန်မာ့ဖြစ်စဉ်သည် ဒီမိုကရေစီအသွင်ကူးပြောင်းဆဲကာလမှာ အထာမကျ အသားမကျသေးခင် ဖြစ်လေ့ဖြစ်ထ ကြုံလေ့ကြုံထ ရှိတတ်တဲ့သဘောသဘာဝအရလို့ပဲရှုမြင်သင့်ပါတယ် ။

ရှစ်ရှစ်နောက်ပိုင်းကနေစတင်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အဓိကကျတဲ့အချက်က မြန်မာသည် အမျိုးသားအကျိုးစီးပွားကိုအဓိကဆိုတဲ့ အမျိုးသားရေးဝါဒNationalism ဆုပ်ကိုင်ထားတဲ့ nationalist ideology ကို လက်ခံထားတယ်ဆိုတာကို ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ် ။မြန်မာသွားနေတဲ့ ဒီမိုကရေစီသည် အမျိုးသားရေးဝါဒကို အခြေခံသောဒီမိုကရေစီဖြစ်ပါတယ် ။ဒီအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက ဒါကို တိတိကျကျ သတ်မှတ်ပြဌာန်းထားပါတယ် ။
ဒါကြောင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲတဲ့အခါ အဆိုပါ လုပ်ငန်းစဉ်အတွက်တာဝန်ကို တပ်မတော်ထံ တိတိကျကျ အပ်နှင်းထားခြင်းဖြစ်ပါတယ် ။
ဒါကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က အာဏာရပါတီများ အစိုးရများ လွှတ်တော်များက အထူးသတိထားရမှာဖြစ်ပါတယ်ဆိုတာ ယခုဖြစ်ရ
ပ်များက မီးမောင်းထိုးပြနေပါတယ် ။၂၀၀၈ခုနှစ်အခြေခံဥပဒေသည် မြန်မာအမျိုးသားအကျိုးစီးပွားကို ကာကွယ်ထားသော သတ်မှတ်ချက်များ ပြဌာန်းထားပါတယ် ။

ဒါကြောင့်လည်း ၂၀၁၅အလွန်မှာတက်လာတဲ့ လစ်ဘရယ်ဒီမိုကရက်တွေနှင့် နေရှင်နယ်ဒီမိုကရက်တွေ ကြား နေရာတိုင်းမှာ ထိပ်တိုက်တွေ့တာပါ ။ဥပမာမြင်အောင်ပြောရလျှင် national democrats တွေက စီးပွားရေး နည်းပညာပိုင်းဆိုင်ရာတွေကို ပြုပြင်ပြောင်းလဲဖို့ရာ
လုပ်ဆောင်ရာမှာအားလုံးအတူတူလက်ခံတယ် ။
သို့သော်အမျိုးသားအကျိုးစီးပွားကို ကိုထိပါးရင်ထိခိုက်တယ်ယူဆရင် လုံးဝလက်မခံဘူး ။ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပြဌာန်းခြင်းနှင့် ICCPR ကိစ္စတွေမှာ လွှတ်တော်တွင်းမှာဖြစ်ခဲ့တာတွေက လစ်ဘရယ်ဒီမိုကရက်တွေနှင့်နေရှင်နယ်ဒီမိုကရက်တွေအကြား ၂၀၁၅အလွန် မြန်မာ့ဒီမိုကရေစီဒုတိယသက်တမ်းအတွင်း ထိပ်တိုက်တွေ့မှုတွေပါ ။

တစ်ဖက်မှာတော့ ကျွန်မမြင်မိတဲ့အချက်က ၂၀၀၈အခြေခံဥပဒေသည် presidential constitution ဖြစ်ပါတယ် ။မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအောင်မြင်ရန်သည် ကြ်ုက်ကြိုက် မကြိုက်ကြိုက် 
မြန်မာအမျိုးသားရေးတာဝန်ကို ထမ်းဆောင်ရန်တာဝန်အပ်နှင်းခံရသော အဖွဲ့အစည်း နှင့် အပြန်အလှန် ကြေလည်အောင် ဆွေးနွေးညှိနှိုင်းအသိပေးလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ် ။
၂၀၀၈ခုနှစ်အခြေခံဥပဒေအရတပ်မတော်သည် တိုင်းပြည်နိုင်ငံတစ်ခု၏ အရေးအကြီးဆုံးဖြစ်သော National  obligationကို အပ်နှင်းခံထားရပါတယ် ။
အဆိုပါအချက်သည်မြန်မာ့ခေါင်းဆောင်များသည် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် မြန်မာအမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် ပြဌာန်းထားသည်ဟု ယူဆပါတယ် ။

ဒါကို သဘောပေါက်ကြလို့  ယခု ကုလအင်ဗိုင်း အာဆီယံအင်ဗိုင်း ထိုင်းသံတမန်အမျိုးသမီး တို့က တလေသံတည်း ပြောဆိုခဲ့ကြတာလို့ပဲမြင်ပါတယ် ။
ယခုလည်း အာဆီယံက နိုင်ငံရေးရာထူးမဟုတ်သောပုဂ္ဂိုလ်ကို ပဲ လက်ခံတယ်ဆိုတော့ ရိုးရ်ုးလေးပဲစဉ်းစားရရင် ဒါကလည်း သိပ်တော့ အဓိပ္ပါယ်မရှိလှပါဘူးရှင် ။ဒါက ဒါပါပဲ ။ကျွန်မမြင်တာကတော့ ဒါသက်သက်မယ့် အာဆီယံကို အာဆီယံမဟုတ်သော ပြင်ပကမ္ဘာက ကြိုးကိုင်စွက်ဖက်ခြယ်လှယ်ခံရမှုတစ်ခုပါပဲ ။
ယခုဆိုရင် အာရှဒေသတွင်းမှာ မဟာဗျူဟာအားပြိုင်မှုတွေမြင့်တက်လာနေတာဖြစ်လို့ အာဆီယံအနေဖြင့် မိမိဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိအောင်
ကမ္ဘာ့super powers တွေကြားမှာ ညီညွှတ်မျှတစွာ လုပ်ဆောင်သင့်ပါတယ်ရှင် ။ပြင်ပကမ္ဘာက ခြယ်လှယ်မှု
တွေကို  လက်သင့်မခံသင့်ပါကြောင်း|
နှင့် မြန်မာ့လက်ရှိအနေအထားနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေအကြားက အကြောင်းတရား အကျိုးတရားများကို ဂဃဏနသိရှိနိုင်ပါရန်လေးစားချစ်ခင်စွာရေးသားဖော်ပြအပ်ပါတယ် ။

လေးစားလျက်
နန်းမြမြမီမီဇော်
၂၀၂၂ခုနှစ် ဇွန်လ ၁၆ ရက် ။
========================================

'"""နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် (၂၈)ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲကို ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့(၁၀-၆-၂၀၂၂ ရက်၊ နေပြည်တော်)"""
"""U Chan Aye, Permanent Secretary of the Ministry of Foreign Affairs co-chaired the 28th ASEAN-China Senior Officials’ Consultation(10-6-2022, Nay Pyi Taw)"""

crd:::MOFA.

Post a Comment

Previous Post Next Post