အမေရိကန်ဖိအားကြောင့် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအပေါ် ကျင့်သုံးလာသည့် Double Standard အခင်းအကျင်း

အမေရိကန်ဖိအားကြောင့် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအပေါ် ကျင့်သုံးလာသည့် Double Standard အခင်းအကျင်း
======********======********=========

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ကုန်းမြေနယ်နိမိတ်သာမက ရေပြင်နယ်နိမိတ်ပါ ထိစပ်နေတဲ့ နိုင်ငံဖြစ်တဲ့အပြင် မြန်မာနိုင်ငံကို အရှေ့တောင်အာရှဒေသရဲ့ မဟာဗျူဟာမြောက်စင်္ကြံတစ်ခုအဖြစ် အိန္ဒိယနိုင်ငံက ရှုမြင်ထားပါတယ်

ဒါ့အပြင် အိန္ဒိယသောင်းကျန်းသူတွေဟာ နယ်စပ်ဖြတ်ကျော်လှုပ်ရှားမှုတွေကနေတစ်ဆင့် အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံအတွင်းသို့ ပုံစံအမျိုးမျိုးနဲ့ စိမ့်ဝင်နေတဲ့အတွက် မြန်မာနိုင်ငံနဲ့ အကြမ်းဖက်မှုနှိမ်နှင်းရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းဟာလည်း အိန္ဒိယနိုင်ငံအတွက် အလွန်အရေးပါတဲ့ အချက်တစ်ခုဖြစ်ပါတယ်

နိုင်ငံရေးဆိုင်ရာမူဝါဒတွေကို လိုတစ်မျိုး၊ မလိုတစ်မျိုး(Double Standard)ဖြင့် ကျင့်
သုံးတတ်တဲ့ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ  ယခုနှစ်မှာတော့ အိန္ဒိယနိုင်ငံမှာ ပြု
လုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်ခြင်းမပြုဘူးလို့ သိရပါတယ်

ဒီအချက်ကိုကြည့်ချင်းအားဖြင့် အိန္ဒိယနိုင်ငံဟာ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြင် သဘောထားတွေကို နားယောင်နေတဲ့ သဘောသက်ရောက်နေပြီး အမေရိကန်က ပုံစံသွင်းထားတဲ့ အာဆီယံရပ်တည်ချက်ကို အသုံးချကာ မြန်မာနိုင်ငံရေးနဲ့ မသက်
ဆိုင်တဲ့ ကိုယ်စားလှယ်တစ်ဦးကိုသာ ဆွေး
နွေးပွဲသို့ တက်ရောက်ခွင့်ပြုမည့် အလား
အလာရှိနေပါတယ်..

တစ်ချိန်က အမေရိကန်နိုင်ငံရဲ့ ဖိအားပေးမှုတွေကြောင့် အိန္ဒိယနိုင်ငံဟာ အိမ်နီးချင်း
ကောင်းဖြစ်တဲ့ အီရန်နိုင်ငံနဲ့ ဆက်ဆံရေးပျက်ပြားခဲ့ရပြီး စီးပွားရေးအခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရတဲ့ သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်..

ယခုတစ်ကြိမ်မှာတော့ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ အလားတူ အမှားအယွင်းမျိုး ထပ်မံကျူးလွန်ခဲ့မယ်ဆိုရင် အိန္ဒိယ-မြန်မာဆက်ဆံရေးကို ထိခိုက်စေနိုင်ပြီး ဆုံးရှုံးမှုတွေနဲ့ ထပ်မံကြုံတွေ့ရနိုင်ပါတယ်..

တစ်နည်းအားဖြင့် မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအပေါ် အသုံးချနေတဲ့ အမေရိကန်ရဲ့မူဝါဒတွေဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံဘက် ပိုမိုတိမ်းယိမ်းသွားစေနိုင်တယ်လို့ နိုင်ငံရေးလေ့လာဆန်းစစ်သူတွေက သုံး
သပ်ပြောဆိုနေကြပါတယ်..

crd***

Post a Comment

Previous Post Next Post