KIA ဘာလဲ? ဘယ်လဲ?

KIA ဘာလဲ? ဘယ်လဲ?
ကွမ်းလုံမြို့နယ်မှာရှိတဲ့ အထက(ခွဲ)(ဟိုလီ)မှ ကျောင်းဆရာ ဦးဝင်းညွှန့်ထံသို့ ဖုန်းဖြင့် KIA အဖွဲ့တာဝန်ခံသူက ကျောင်းမဖွင့်ရန် ခြိမ်းခြောက်ပြောဆိုမှုကို ဇွန်လ ၇ ရက်နေ့က တစ်ကြိမ်ပြောဆိုခဲ့ပါတယ်။
အလားတူ အဆိုပါကျောင်း၏ ကျောင်းအုပ်ဆရာမကြီးအား KIA အဖွဲ့တာဝန်ခံဆိုသူက ကျောင်းမဖွင့်ရန် ခြိမ်းခြောက်ပြောဆိုမှုကို ဇွန်လ  ၉ ရက်နေ့ တွင် ဒုတိယအကြိမ်ပြောဆိုခဲ့ပါတယ်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးသည် ရပ်မိရပ်ဖ၊ ကျောင်းသားမိဘများနှင့် တိုင်ပင်ပြီး ကျောင်းအားဆက်လက်ဖွင့်လှစ်ခဲ့ရာ ဇွန်လ ၁၀ ရက်နေ့တွင် KIA အဖွဲ့၏ အတွင်းရေးမှူးဆိုသူက ဖုန်းဖြင့် ကျောင်းပိတ်ရန် တတိယအကြိမ် ထပ်မံခြိမ်းခြောက်သဖြင့် ဇွန်လ ၁၃ ရက်နေ့တွင် ကျောင်းအား အထက(ခွဲ)(ဟိုလီ)စာသင်ကျောင်းအား ခေတ္တပိတ်ထားခဲ့ရပါတယ်။
--- 
KIA အဖွဲ့အနေနဲ့ ယခင်က စစ်တပ်နဲ့သာ တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း ပညာ ရေးဆိုင်ရာလုပ်ငန်းများအား နှောင့်ယှက်ခြင်း/ အကြမ်းဖက်ခြင်း မရှိဖူးခဲ့သော် လည်း NUG အစိုးရအမည်ခံအဖွဲ့နဲ့ ပူးပေါင်းမိရာမှ ယခုလို ကလေးများ၏ ပညာရေးကို နှောင့်ယှက်ထိပါးလာခဲ့ပါပြီ။
ဒါကြောင့် 
KIA အဖွဲ့အနေနဲ့ ယုတ်မာပက်စက်တဲ့ လမ်းစဉ်ကို လိုက်ပြီး နိုင်ငံတကာမှာ ဘယ်သူကမှ လက်မခံတဲ့ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ကာ ရာဇဝင်သမိုင်း ရိုင်းစေတော့မလားလို့ မေးချင်ပါတယ်ရှင်။

Post a Comment

Previous Post Next Post