နောင်တရသွားမယ်....KIA


နိုင်ငံတော်အစိုးရက ဖွင့်ပေးထားတဲ့ အစိုးရကျောင်းတွေ မြောက်မြားစွာ ကချင် ပြည်နယ်မှာ ရှိပါတယ်...အဲဒီကျောင်းတွေကို မဖွင့်ဖို့၊ ဆရာ/ ဆရာမတွေကို ခြိမ်းခြောက်ကြတယ်...ကျောင်းမတက်ကြဖို့ ကလေးတွေကို ခြိမ်းခြောက်ကြတယ်... အဲဒီလိုခြိမ်းခြောက်နေတာ ဘယ်သူတွေလဲဆိုရင် အကြမ်းဖက် PDF တွေနဲ့ KIA အဖွဲ့တွေပါပဲ...ဒါပေမဲ့ အခု မိုင်ဂျာယန်မှာရှိတဲ့ ကျောင်း ၂ ကျောင်းလောက်ကို အခြောက်မ ဂွမ်မော်ကလာပြီး ပညာရေးမြှင့်တင်နေတယ်ဆိုပဲ....
အမှန်တကယ်ဆိုရင် နိုင်ငံတော်အစိုးရနဲ့အပြိုင်လိုက်ပြီး တရားမဝင်ကျောင်းတွေကိုဖွင့်တယ်ဆိုတာ စင်ပြိုင်ပြုလုပ်နေခြင်းလို့ မှတ်ယူလို့ရပါတယ်....တကယ်တမ်းသာ နိုင်ငံတော်အကြီးအကဲတွေက လုပ်ချင်ပြီဆိုရင် အဲဒီကျောင်းတွေဆိုတာ ၂ ရက်
မကြာဘူး...ပျောက်ကွယ်သွားအောင် လုပ်လို့ရတယ်ဆိုတဲ့ အကြောင်းလေးကိုတော့ သိထားစေချင်တယ်....ဘာလို့မလုပ်လဲ...?ဆိုတော့ ဘာမှ မသိနားမလည်ဘဲ ခြိမ်းခြောက်ခံရလို့ ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ အဲဒီကျောင်းတွေမှာ တက်ရောက်နေကြတဲ့ ကလေးငယ်တွေအပေါ် နိုင်ငံတော်အကြီးအကဲတွေက စာနာသနားတဲ့ စေတနာ၊ မေတ္တာစိတ်တွေကြောင့် ကလေးငယ်တွေ ထိခိုက်ပျက်စီးသွားမှာစိုးလို့ မလုပ်တာပဲဖြစ်ပါတယ်... ငါတို့ဖွင့်ထားတဲ့ကျောင်းတွေကို အစိုးရဘက်က ဘာမှမလုပ်နိုင်ပါဘူးကွာ၊ မလုပ်ရဲပါဘူးကွာလို့ ထင်နေရင်တော့ ဘဝရဲ့အကြီးဆုံး အမှားကြီးတစ်ခုလို နောင်တရသွားလိမ့်မယ်....

Post a Comment

Previous Post Next Post