Kia က ရှမ်းနီဥက္ကဌကိုသတ်

ဖားကန့်မြို့နယ် သျှမ်းနီ စာပေနှင့်ရိုးရာယဉ်ကျေးမှု ဒုဥက္ကဌ သေနတ်ဖြင့် လေးချက် ပစ်သတ်ခံရ

မြစ်ကြီးနား၊ ဇွန် ၂၅ 

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် သျှမ်းနီ စာပေနှင့် ရိုးရာယဉ်ကျေးမှု မြို့နယ် ဒုဥက္ကဌကို ယနေ့ ဇွန်လ ၂၅ ရက်နေ့ ည ၈ နာရီ ခန့်က သေနတ်ဖြင့် လေးချက်တိတိ ပစ်သတ်သွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ည ၈ နာရီ ခန့်က ဖားကန့်မြို့နယ် သျှမ်းနီ စာပေနှင့် ရိုးရာ ယဉ်ကျေးမှုကော်မတီ ဒု ဥက္ကဌ ၊ ယခင် ဟောင်းပါးကျေးရွာ အုပ်ချုပ်ရေးမှုးဟောင်းဖြစ်သူ ဉီးသန်းဖေကို ၄၏နေအိမ်၌ ရှိနေစဉ် လူငယ်နှစ်ဉီးမှ ဆိုင်ကယ်ဖြင့် လာရောက်ကာ သေနတ် ဖြင့် လေးချက်တိတိ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဉီးသန်းဖေနှင့် ဆွေမျိုးတော်စပ်သူတစ်ဉီးကပြောသည်။

"ဉီးလေးက ဟောင်းပါးမြို့နယ်မှာဆိုရင် သျှမ်းနီအဖွဲ့ရဲ့ ဥက္ကဌ ဖြစ်တယ်၊ မြို့နယ်မှာဆိုရင် ဒုဥက္ကဌလို့ပြောတယ်၊ ဒီနေ့ည ၈ နာရီလောက်မှာ ဉီးလေးက အိမ်အောက်မှာ ထိုင်နေတာ လူငယ် နှစ်ဉီးက လာပြီး သေနတ် လေးချက် ပစ်ဖောက် သတ်ဖြတ်ခဲ့တာဖြစ်တယ်၊ ဉီးလေးတို့အိမ်မှာက ဉီးလေးနဲ့ ဉီးလေးဇနီး နှစ်ယောက်ပဲရှိတာ၊ အန်တီက အိမ်နောက်မှာ ရှိနေချိန် ထွက်ကြည့်လိုက်တော့ သူယောကျာ်း သွေးအိုင်ထဲမှာ သေဆုံးနေတာကိုပဲ တွေ့လိုက်တယ်ပြောတယ်၊ ဘေးအိမ်ကပြောပြချက်ကတော့ လူငယ်လေးတွေ၂၀ ၂၅ အသက်အရွယ်ပတ်ဝန်းကျင်လို့ပြောတယ်" ဟု၎က ပြောသည်။

ယင်းသေဆုံးသူမှာ ညာဘက် လက်မောင်းတွင် ရှက်ထိ သေနတ်ဒဏ်ရာနှစ်ချက်၊ ဘယ်ဘက် မျက်လုံးတွင် သေနတ်ဒဏ်ရာ နှစ်ချက် ဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။

သေဆုံးသူ ဉီးသန်းဖေမှာ အသက် ၆၀ ကျော်ခန့်ရှိပြီဖြစ်ကာ  သျှမ်းနီရှေးဟောင်းစာပေလေ့လာလိုက်စားသူတစ်ယောက်လည်းဖြစ်ပြီး သျှမ်းနီစာပေအရေးတွင် ဦးဆောင်ပါဝင်တဲ့သူတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲ နောက်ပိုင်း ဖားကန့်မြို့နယ်တွင် အလားတူ ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး ဇွန်လ ၂၀ ရက်နေ့ကလည်း ဖားကန့်မြို့နယ် မှော်စီစာ ကျေးရွာ ဆိုင်းဘုတ်အနီး လူသုံးဉီး လက်နောက်ပြန်ကြိုးတုတ်ကာ သေနတ်ဖြင့် ပစ်သတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။

Post a Comment

Previous Post Next Post