Luhansk ဒေသရဲ့ နောက်ဆုံးတပ်စွဲထားရာ Severodnetsk ကနေ ယူကရိန်းတပ်ဖွဲ့တွေ ဆုတ်ခွာခဲ့ရ

Jun 25

Luhansk ဒေသရဲ့ နောက်ဆုံးတပ်စွဲထားရာ Severodnetsk ကနေ ယူကရိန်းတပ်ဖွဲ့တွေ ဆုတ်ခွာခဲ့ရ
~~~~~~~~~~~~
~~~~~~~~~~~~

NOM ဇွန် ၂၅၊ ၂၀၂၂။ 

ယူကရိန်းတပ်ဖွဲ့ဝင်တွေကို နိုင်ငံအရှေ့ပိုင်းက Severodonetsk ကနေ ဆုတ်ခွာဖို့အတွက် အမိန့်ပေးထားတယ်လို့ ဒေသတွင်းထိပ်တန်းအရာရှိတဦးက ပြောဆိုလိုက်ပါတယ်။ အဆိုပါဒေသကို ရုရှားက အပြည့်အ၀ထိန်းချုပ်ဖို့ကြိုးစားနေပြီး ဗုံးကြဲတိုက်ခိုက်မှုတွေကို
ရက်သတ္တပတ်များစွာ ရင်ဆိုင်ခဲ့ရပြီး Luhansk ဒေသတွင်းက မြို့လည်းဖြစ်ပါတယ်။ 

Luhansk ဒေသမှာ Lysychansk မြို့ကလွဲပြီး ကျန်ဧရိယာအားလုံးကို ရုရှားက ထိန်းချုပ်ထားလို့ ယူကရိန်းက တပ်ဆုတ်ခွာမှုပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။  အဆိုပါဒေသဟာ ရုရှားစကားပြောဆိုတဲ့ ဒေသဖြစ်ကာ ပူတင်ရဲ့ အဓိကဦးစားပေးရာဒေသလည်းဖြစ်ပါတယ်။
Donetsk ဒေသနဲ့အတူ ယူကရိန်းခွဲထွက်ရေးလှုပ်ရှားမှုတွေကို ပြုလုပ်နေခဲ့ပြီး Donbas လို့ခေါ်တဲ့ စုပေါင်းနယ်မြေကို တည်ဆောက်ထားရာနေရာလည်းဖြစ်ပါတယ်။ 

အဆိုပါဒေသမှာ ယူကရိန်းက လူမျိုးတုံးသတ်ဖြတ်မှုတွေကို ပြုလုပ်နေတယ်လို့ ပူတင်ကစွပ်စွဲထားပြီ ယူကရိန်းကိုဝင်ရောက်တိုက်ခိုက်မှုရဲ့ အဓိကအကြောင်းပြချက်လည်းဖြစ်ပါတယ်။ ယူကရိန်းကတော့ မော်စကိုဟာ ယူကရိန်းပြည်သူတွေကို ဗုံးခွဲတိုက်ခိုက်တာ၊ ပစ်သတ်မှုတွေပြုလုပ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေတယ်လို့ ပြန်လည်စွပ်စွဲခဲ့ပါတယ်။ 

Severodonetsk ဟာ ရုရှားရဲ့ ပြင်းထန်တဲ့ပစ်ခတ်မှုတွေရဲ့ ပစ်မှတ်ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ပြင်းထန်တဲ့ လမ်းတိုက်ပွဲတွေကို မြင်တွေ့ခဲ့ရပါတယ်။ ယူကရိန်းထိန်းချုပ်နယ်မြေနဲ့ ဖြတ်တောက်ဖို့ ရုရှားက ကြိုးပမ်းခဲ့ပြီး အရေးပါတဲ့ တံတားတွေကို ဖျက်ဆီးခဲ့ကာ
နောက်ဆုံးမှာတော့ ယူကရိန်းကို အဆိုပါနေရာကနေ ဆုတ်ခွာစေတဲ့အထိ ဖြစ်ခဲ့ပါတယ်။ 

"လပေါင်းများစွာ တရစပ်ပစ်ခတ်ခံနေရတဲ့ နေရာတွေမှာ ကျန်ရှိနေတာက အဓိပ္ပာယ်မရှိပါဘူး၊ သူတို့တွေကို နေရာသစ်တွေဆီ ရွှေ့ပြောင်းဖို့ အမိန့်ပေးထားပြီး အဲဒီနေရာကနေ စစ်ဆင်ရေးတွေ ဆက်လုပ်သွားမှာပါ" လို့ Luhansk ဒေသဆိုင်ရာ အကြိးအကဲ
Serhiy Haidai က ယူကရိန်းသတင်းဌာနတခုကို ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ တပ်ဖွဲ့ဝင်အနည်းငယ်ကျန်ရှိနေသေးပြီး မြို့တော်ရဲ့ အခြေခံအဆောက်အအုံအားလုံး ပျက်စီးသွားကာ နေအိမ်ပေါင်း ၉၀% က​ျော်လည်း ဆိုးရွားစွာပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 
#SQ

Post a Comment

Previous Post Next Post