NUG Pay နှင့် န စ က ၏ ပြင်ဆင်မှုများအကြား ပြည်သူများကြားညှပ်

မကြာမီအသုံးပြုလာနိုင်ဖွယ်ရှိသည့်   NUG Pay
နှင့်ပတ်သတ်၍ အသုံးပြုသူများကို အရေးယူရန် ပြင်ဆင်မှုများပြုလုပ်ထားပြီးဖြစ်သည်ဟု န စ က လုံခြုံရေးတပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်များအသိုင်းအဝိုင်း၌ တိုးတိုးတိတ်တိတ်သတင်းထွက်ပေါ်နေလျှက်ရှိသည်။

RFA သတင်းတစ်ပုဒ်၌မူ NUG Pay ကို ယခုဇွန်လ၌ စတင်အသုံးပြုနိုင်မည်ဟု ဖော်ပြထားသည်။
အလားတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ခွင့်ပြုထားခြင်းမရှိသည့် Mobile Pay ငွေပေးချေမှု ဝန်ဆောင်မှုများအသုံးပြုပါက ငွေရေးကြေးရေးဆိုင်ရာဥပဒေပုဒ်မ ၁၇၂ အရ ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး
ဖြင့် အရေးယူခံရမည်ဟု ယခု ဇွန် ၁၀ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ယနေ့အချိန်တွင် န စ က အစိုးရက NUG ကို တရားမဝင်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားရာ NUG နှင့်ပတ်သက်တာမှန်သမျှသည် တရားမဝင်သဖြင့် NUG Pay ကို အသုံးပြုပါက တရားမဝင်ငွေကြေး သုံးစွဲမှုဖြင့်အရေးယူခံရမှာဖြစ်သည်ဟု ဥပဒေရေးရာလေ့လာသူတို့ကဆိုသည်။

* အခန့်မသင့်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ပါ ငြိသွားနိုင်တယ်။
ငွေရေးကြေးရေးဥပဒေက ကံကောင်းရင် ငွေဒဏ်နဲ့ပြီးပြတ်နိုင်တယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဆွဲကပ်လိုက်ရင်တော့့ ပြစ်ဒဏ်ကကြီးသွားသလို အခန့်မသင့်ရင် ပိုင်ဆိုင်မှုပါအသိမ်းခံရနိုင်လို့ ပြည်သူတွေအနေနဲ့ သတိထားကြဖို့အကြံပြုချင်တယ် * ဥပဒေရေးရာလေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်သည်။

NUG အနေဖြင့် န စ က အစိုးရယန္တရားရပ်တန့်နိုင်ရေး နည်းမျိုးစုံအသုံးပြုလုပ်ဆောင်နေရာတွင် နိုင်ငံခြားငွေစျေးမြဂ့်တက်ခြင်း ၊ စက်သုံးဆီစျေးနှုန်းမြင့်တက်ခြင်း ၊ ကုန်စျေးနှုန်းမြင့်တက်ခြင်း ၊ လမ်းပန်းဆက်သွယ်မှုခက်ခဲလာခြင်း ၊ အဂတိမှုများလာခြင်း ၊ အကြမ်းဖက်မှုနှင့်ဒုစရိုက်မှုဖြစ်စဥ်များလာခြင်းတို့ကြောင့် ပြည်သူများထိခိုက်မှုကြီးလာရာ ထိုလုပ်ရပ်အပေါ် ပြန်လည်သုံးသပ်သင့်သည်ဟု NLD ပါတီဝင်များအသိုင်းအဝိုင်း၌ သုံးသပ်ပြောဆိုလျှက်ရှိသည်။

 NUG Pay အသုံးပြု၍ န စ က ဘက်ကဖမ်းမိသွားမည်ဆိုပါက NUG အနေဖြင့် မည်သို့သောတာဝန်ယူမှု ၊ တာဝန်ခံမှုပြုပေးမည်ကို ထုတ်ပြန်ပေးစေလိုသည်ဟု NUG ထောက်ခံသူများအသိုင်းအဝိုင်းက ဆိုလာသည်။
ယင်းကိစ္စနှင့်ပတ်သတ်၍ NUG ၏ သက်ဆိုင်သူများထံဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။

Zawgyi
********
NUG Pay နှင့် န စ က ၏ ပြင်ဆင်မှုများအကြား ပြည်သူများကြားညှပ်နေ

နွေဦး (လမနမ)
၁၉.၆.၂၀၂၂

မကြာမီအသုံးပြုလာနိုင်ဖွယ်ရှိသည့်   NUG Pay
နှင့်ပတ်သတ်၍ အသုံးပြုသူများကို အရေးယူရန် ပြင်ဆင်မှုများပြုလုပ်ထားပြီးဖြစ်သည်ဟု န စ က လုံခြုံရေးတပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်များအသိုင်းအဝိုင်း၌ တိုးတိုးတိတ်တိတ်သတင်းထွက်ပေါ်နေလျှက်ရှိသည်။

RFA သတင်းတစ်ပုဒ်၌မူ NUG Pay ကို ယခုဇွန်လ၌ စတင်အသုံးပြုနိုင်မည်ဟု ဖော်ပြထားသည်။

အလားတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ခွင့်ပြုထားခြင်းမရှိသည့် Mobile Pay ငွေပေးချေမှု ဝန်ဆောင်မှုများအသုံးပြုပါက ငွေရေးကြေးရေးဆိုင်ရာဥပဒေပုဒ်မ ၁၇၂ အရ ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး
ဖြင့် အရေးယူခံရမည်ဟု ယခု ဇွန် ၁၀ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယနေ့အချိန်တွင် န စ က အစိုးရက NUG ကို တရားမဝင်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားရာ NUG နှင့်ပတ်သက်တာမှန်သမျှသည် တရားမဝင်သဖြင့် NUG Pay ကို အသုံးပြုပါက တရားမဝင်ငွေကြေး သုံးစွဲမှုဖြင့်အရေးယူခံရမှာဖြစ်သည်ဟု ဥပဒေရေးရာလေ့လာသူတို့ကဆိုသည်။

* အခန့်မသင့်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ပါ ငြိသွားနိုင်တယ်။
ငွေရေးကြေးရေးဥပဒေက ကံကောင်းရင် ငွေဒဏ်နဲ့ပြီးပြတ်နိုင်တယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဆွဲကပ်လိုက်ရင်တော့့ ပြစ်ဒဏ်ကကြီးသွားသလို အခန့်မသင့်ရင် ပိုင်ဆိုင်မှုပါအသိမ်းခံရနိုင်လို့ ပြည်သူတွေအနေနဲ့ သတိထားကြဖို့အကြံပြုချင်တယ် * ဥပဒေရေးရာလေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်သည်။

NUG အနေဖြင့် န စ က အစိုးရယန္တရားရပ်တန့်နိုင်ရေး နည်းမျိုးစုံအသုံးပြုလုပ်ဆောင်နေရာတွင် နိုင်ငံခြားငွေစျေးမြဂ့်တက်ခြင်း ၊ စက်သုံးဆီစျေးနှုန်းမြင့်တက်ခြင်း ၊ ကုန်စျေးနှုန်းမြင့်တက်ခြင်း ၊ လမ်းပန်းဆက်သွယ်မှုခက်ခဲလာခြင်း ၊ အဂတိမှုများလာခြင်း ၊ အကြမ်းဖက်မှုနှင့်ဒုစရိုက်မှုဖြစ်စဉ်များလာခြင်းတို့ကြောင့် ပြည်သူများထိခိုက်မှုကြီးလာရာ ထိုလုပ်ရပ်အပေါ် ပြန်လည်သုံးသပ်သင့်သည်ဟု NLD ပါတီဝင်များအသိုင်းအဝိုင်း၌ သုံးသပ်ပြောဆိုလျှက်ရှိသည်။

 NUG Pay အသုံးပြု၍ န စ က ဘက်ကဖမ်းမိသွားမည်ဆိုပါက NUG အနေဖြင့် မည်သို့သောတာဝန်ယူမှု ၊ တာဝန်ခံမှုပြုပေးမည်ကို ထုတ်ပြန်ပေးစေလိုသည်ဟု NUG ထောက်ခံသူများအသိုင်းအဝိုင်းက ဆိုလာသည်။
ယင်းကိစ္စနှင့်ပတ်သတ်၍ NUG ၏ သက်ဆိုင်သူများထံဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။

Post a Comment

Previous Post Next Post