ကိုယ်ကျိုးစီးပွားအတွက်Us.ရဲ့စစ်မီးမွှေးနေတဲ့ဗျူဟာ

     ကမ္ဘာ့အနောက်ခြမ်းမှာရှိတဲ့နိုင်ငံက
ကမ္ဘာ့အရှေ့ခြမ်းကိုမီးလာမွှေးနေပြန်ပါပြီ

     တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့တရားနာရာမှာ
ကမ္ဘာ့သာသနာပြုဆရာတော်ကြီးတစ်ပါးက
ကိုယ်ကျိုးအတ္တနဲ့ပတ်သက်ပြီးဟောထားတဲ့
ထဲက အမေရိကန်အကြောင်းပါလာပါတယ်

     ဆရာတော်ကြီးဟောတာကတော့ကြာပါပြီ
အခုဖြစ်နေတဲ့စစ်ပွဲတွေမတိုင်ခင်ထဲကပါ
ကိုယ်ကျိုးအတ္တကိုနားလည်စေခြင်တဲ့သဘောသာ

     "ဘုန်းကြီးတို့ ဂျာမဏီကိုရောက်တော့
ဂျာမန်တွေကိုမေးကြည့်တယ်
အီရတ်ကိုအမေရိကန်က ဘာကြောင့်တိုက်
တာလဲ" လို့ ဆိုတော့
အားလုံးရဲ့အဖြေက 

"ဆီလိုခြင်လို့ပေါ့"တဲ့

     ဂျာမန်တွေအားလုံးတစ်ထပ်ထဲဖြေတာတဲ့
အဲဒီအချိန်က အီရတ်ကိုအမေရိကန်တိုက်နေ
တဲ့အချိန်ပါ

     အမေရိကန်ဟာကမ္ဘာပတ်ပြီးမီးမွှေးနေပေမဲ့
သူ့နိုင်ငံမှာလဲစီးပွားကျနေတာပါ
အဲဒီစီးပွားရေးကျတဲ့ပြဿနာက
စစ်မီးမွှေးဖို့ကိုပိုတွန်းအားပေးလာသလားဘဲ

     လောင်စာဈေးနဲ့စားသောက်ကုန်ဈေး
တွေမြင့်လို့
အမေရိကန်စတော့ရှယ်ယာဈေးကွက်က
ကုမ္ပဏီကြီး (၁၀)ခု ရဲ့ရက်အနည်းငယ်
အတွင်းဆုံးရှုံးသွားမှုက
ဒေါ်လာ (၁) ထရီလီယံအထိဆုံးရှုံးသွားခဲ့ရ
တယ်
နောက်ဆက်တွဲတွေလဲထပ်လာပါလိမ့်အုံး
မယ်လို့
ပညာရှင်တွေကသုံးသပ်ပြထားပါတယ်

     ဒီလိုဖြစ်နေချိန်မှာ ရုရှားဆီကရေနံကို
ရနေတဲ့ တရုတ် အိန္ဒိယ အပါဝင်
အာရှဖက်မှာထိခိုက်မှုကအနောက်နိုင်ငံတွေ
လောက်မကြီးမားဘူး

     ဒါကြောင့်အမေရိကန်ဟာ သူနဲ့
သူ့မဟာမိတ်ဥရောပနိုင်ငံတွေကျလာတဲ့
စီးပွားရေးကို
ထိုင်ဝမ်ကိုဘန်းပြပြီး အာရှ အရှေ့တောင်အာ
ရှမှာစီးပွားရေးလွတ်လွတ်လပ်လပ်လုပ်ပြီး
တိုးတက်မသွားအောင်စစ်ဖန်တည်းနေတယ်

     တရုတ်က ထိုင်ဝမ်ကိစ္စကို လုံးဝ 
အလျှော့ပေးမှာမဟုတ်လို့ အမေရိကန်ဘက်က
စိတ်တိုင်းကျဗျူဟာဆွဲနေပုံရတယ်

     တရုတ်ဘက်ကစစ်ရေးအရ
ဖြေရှင်းယုံဘဲရှိတယ်လို့ဆိုထားတော့
အမေရိကန်ဘယ်လိုကစားကွက်ပုံဖော်မယ်
တော့မသိဘူး
လောလောဆယ်
အမေရိကန်ကာ/ဝန်ကြီးထိုင်းကိုလာတဲ့ကိစ္စ
မြန်မာနဲ့အတော်နီးစပ်သွားတယ်

     ဆိုတော့ကာ Us ကစားကွက်ဟာ
မြန်မာဘက်ကိုလှည့်ကစားမလား
ဒါ တွေးစရာဖြစ်လာကြပါတယ်

     လက်ရှိမြန်မာ့အခြေနေတွေဟာလဲ
PDF အကြမ်းဖက်အဖွဲ့က
ပျောက်ကျားစနစ်မျိုးလိုအဖျက်အမှောက်
လုပ်နေတာတွေရယ်

     KIA.KNDO တွေနဲ့ပေါင်းပြီး
အကြမ်းဖက်နေကြတာကလဲ
တည်ငြိမ်အောင်မထိန်းနှိုင်သေးတာအမှန်

     နောက်ကွယ်ကကြိုးကိုင်လှုပ်ရှားနေတဲ့
Islamization တွေကလဲ
အကယ်၍အမေရိကန်ဟာသူကိုယ်တိုင်မပါပေမဲ့
ယူကရိန်းမှာလို
အကူစစ်သားတွေသုံးလာခဲ့ရင်......
ဒါလဲစဉ်းစားကြမယ်လို့ထင်တယ်

     ဘာဘဲဖြစ်ဖြစ် အမေရိကန်အနေနဲ့
အာရှကိုစစ်မီးတောက်စေမှာတော့သေချာတယ်
သူအပြင်းအထန်ကျိုးစားမှာဘဲ
သူ့မှာစီးပွားရေးက လက်နက်ရောင်းဖို့မှတပါး
အခြားမရှိဘူးမဟုတ်လား

     မြန်မာကံကောင်းပါစေလို့သာ
ဆုတောင်းကြရမှာပါ
စစ်ဖြစ်လာပြီဆိုရင် ရှုံးသည်ဖြစ်စေ
နိုင်သည်ဖြစ်စေ
လင်သေ ၊ သားသေ နိုင်ငံကြေရတာကတော့
မြေကြီးလက်ခပ်မလွဲပါဗျာ

Minn Lwin 
&
Nanda Minlwin

Post a Comment

Previous Post Next Post