သဲထဲရေသွန် ဖြစ်သွားတဲ့ 7July

မင်းကိုနိုင် ပြည်ပကနေ အားကြိုးမာန်တက်လှုံ့ဆော်ခဲ့တဲ့ 7 July လှုပ်ရှားမှု ပြည်တွင်းမှာ စိတ်ဝင်စားမှုမရှိ သဲထဲရေသွန်ဖြစ်ခဲ့ရပြီ။

 
မင်းကိုနိုင်တို့လို ပြည်ပြေး စားဖားလော်ဘီတွေနဲ့ ပြည်ပရောက် NUG အကြမ်းဖက်အဖွဲ့က ဝရမ်းပြေးတွေက ပြည်တွင်းမှာ ပြည်သူတွေ ဆူပူအုံကြွလာအောင် 7 July လှုပ်ရှားမှုတွေလုပ်ဖို့ အွန်လိုင်းပေါ်ကနေ နည်းမျိုးစုံနဲ့ လှုံ့ဆော်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ဘယ်လိုပဲ လှုံ့ဆော်ခဲ့၊ လှုံ့ဆော်ခဲ့ ဒီနေ့ လက်တွေ့မှာတော့ သူတို့ဖြစ်စေချင်သလို ဆူပူအုံကြွမှုတွေ ဖြစ်မလာခဲ့သလို ပြည်သူတွေကလည်း 7 July လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ စိတ်ဝင်စားမှု မရှိခဲ့တာကို တွေ့ရပါတယ်။  
ဒါကို Khit Thit တို့၊ Mizzima တို့လို ငွေမျက်နှာတစ်ခုတည်းကိုပဲကြည့်တဲ့ ဒေါ်လာစား မီဒီညာ တွေနဲ့ ပြည်ဖျက်နိုင်ငံရေးစားဖားလော်ဘီတွေက သူတို့ရဲ့ ထုံးစံအတိုင်း 7 July လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကျေးရွာတချို့နဲ့ မြို့ပေါ်က နေရာတချို့မှာပဲ လူအနည်းငယ်နဲ့ ဗီနိုင်းကိုင်ပြီး လမ်းလျှောက် ဆန္ဒပြခဲ့ကြတဲ့ ဓာတ်ပုံတွေနဲ့ ကြီးကြီးကျယ်ကျယ် ဝါဒဖြန့်နေကြလေရဲ့…။ ဒီလိုမျိုး ဆိုင်းဘုတ်ကိုင် ဆန္ဒပြကြတယ်ဆိုတာကလည်း သူတို့ပြောဆိုလှုံ့ဆော်နေသလို 7 July အတွက် ပြုလုပ်ခြင်းမျိုးမဟုတ်ဘဲ အလှူခံစားလို့ကောင်းအောင် မသိနားမလည်တဲ့ ကလေးတွေနဲ့ ရွာသူ/ရွာသားတွေကို နေ့စားအခအဖြစ် ၅၀၀၀/၁၀၀၀၀ အခကြေးငွေပေးပြီး ဆန္ဒပြခိုင်းလို့သာ ဆန္ဒပြခဲ့ကြခြင်းပါပဲ။ 
NUG အကြမ်းဖက်အဖွဲ့အပါအဝင် မင်းကိုနိုင်တို့လို နိုင်ငံရေးလော်ဘီတွေနဲ့ Khit Thit၊ Mizzima တို့လို ဒေါ်လာစားမီဒီညာတွေဟာ ယခင်ကတည်းက ထူးထူးခြားခြား သတင်းမရှိရင် ကျေးရွာ တွေမှာ တစ်ယောက်ကို ဘယ်လောက်နှုန်း အခကြေးငွေသတ်မှတ်ပေးပြီး ဆန္ဒပြ ဓာတ်ပုံရိုက် ကာ လူမှုကွန်ရက်စာမျက်နှာပေါ် လုပ်ကြံသတင်းတွေ ဖန်တီးနေကြတာ အားလုံးအသိပဲဖြစ် မှာပါ။ 
အခုလည်း ပြည်သူတွေ လမ်းပေါ်ထွက်လာအောင်၊ ဆူပူအုံကြွမှုတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်လာအောင် 7 July လှုပ်ရှားမှုတွေလုပ်ဖို့ လူမှုကွန်ရက်ပေါ်မှာ နည်းမျိုးစုံနဲ့ လှုံ့ဆော်ခဲ့တဲ့ အပြင် မသိနားမလည်တဲ့ ပြည်သူတချို့ကို အခကြေးငွေပေးပြီး ဆန္ဒပြဖို့ စေခိုင်းခဲ့ပေမဲ့ သူတို့ ဖြစ်စေချင်သလို အမြတ်မထွက်တဲ့အပြင် ပြည်သူတွေက စိတ်ဝင်စားမှုမရှိလို့ အရင်းပါ ရှုံးခဲ့ကြ ရတယ်။ 
ဒါတွေကို ကြည့်ခြင်းအားဖြင့် ပြည်သူအများစုဟာ တည်ငြိမ်အေးချမ်းစွာနဲ့ ပုံမှန်နေ့စဉ်ဘဝကိုပဲ ဖြတ်သန်းပိုင်ဆိုင်ချင်နေကြပြီဆိုတာ ခန့်မှန်းသိရှိနိုင်ပါတယ်။ ပြည်တွင်းမှာ ဆူပူအုံကြွမှုတွေ ဖြစ်ပွားနေမှ ထောက်ပံ့ကြေးငွေရမယ့် မင်းကိုနိုင်တို့လို နိုင်ငံရေးစားဖားတွေ၊ လော်ဘီတွေနဲ့ အလှူခံစားလို့ကောင်းအောင် မြှောက်ပေးနေတဲ့ NUG က ဝရမ်းပြေးတွေအတွက်တော့ သူတို့ အားကြိုးမာန်တက်လှုံ့ဆော်ခဲ့ကြတဲ့ 7 July အိပ်မက်ဟာ ပြည်သူတွေ စိတ်ဝင်စားမှုမရှိခဲ့တာ ကြောင့် သဲထဲရေသွန် ဖြစ်သွားခဲ့ရပါပြီ…။ 

Post a Comment

Previous Post Next Post