မေမေဆိုသောမေမေနှင့်မေမေ

အသုံးချခံ ပဒက်လေးတွေ တဖြုတ်ဖြုတ်ကြွေနေတဲ့သတင်း လေမှာအနှံ့ ပျံ့လွင့်လာချိန် 
သွေးရင်းအသက်ရင်းတဲ့ မိခင်တွေက မှန်တာမှားတာနောက်ထား ရင်ကွဲမတတ်ခံစားရပြီး မျက်ရည်ချောင်းစီး သောက မီးလောင်မြိုက် နေကြတာ အမှန်ပါ

ကိုယ့်တွန်းအားပါလို့ပဲဖြစ်ဖြစ် မပါပဲဇွတ်တရွတ်နိုင်တဲ့ ခံယူချက်ကြောင့်ပဲဖြစ်ဖြစ် ဘယ်အကြောင်းကြောင့် ဘယ်လိုပဲ ထွက်သွား ထွက်သွား အမေထမင်းစားချိန်မှာ  ငါ့သားလေး သမီးလေး တောထဲမှာ ထမင်းမှစားရပါ့မလား အဆင်မှပြေရဲ့လား ဆိုတဲ့ မိခင်စိတ်နဲ့
အမေတိုင်း သောကထမင်းစား သောက ခင်းအိပ် သောကစိတ်နဲ့အသက်ရှု  သောကအပူနဲ့ မျက်နှာသစ်နေကြရတဲ့ မိခင်တွေနဲ့အတူ 
အပူမျှယူခံစားကြည့်ပြီး မျက်ရည်အတူကျခဲ့ဖူးပါတယ် 

(စာဖတ်သူ မျှယူခံစားကြည့် - ဒါကဒီမှာတစ်ခန်းခေတ္တရပ်ကြမယ်)  မျက်ရည်လွယ်သူများသုတ်လိုက်ပါဦး  ပြီးရင် ဘီးလူးဆိုင်းတီးကြစို့ 

မေမေလာမှ  ဆေးကုမယ်
မေမေလာမှ  လုပ်ငန်းခွင်ဝင်မယ် 
မေမေလာမှ စာသင်ခန်းဝင်မယ် 
ဖွားစုလာမှ  ကျောင်းတက်မယ် 
မေမေ့အတွက်  သားတို့အသက်နဲ့ရင်းပြီး တံခါးဖွင့်
ပေးနေတယ် မေမေကျန်းမာရေးဂရုစိုက်ပြီးစောင့်
နေပါ     ဆိုတဲ့  ပြင်းထန် အစွန်းရောက်မေတ္တာမျိုး
တွေ ကိုယ့်မိရင်းဖရင်း ဆီကိုသာ ခုလ်ိုထိထိရောက်
ရောက် တုန့်ပြန်ပေးဆပ်ကြမယ်ဆိုရင် 
ဘာသာရေးအတွေးတွေ ခဏဘေးချိတ် မျက်မှောက်
အကျိုးကျေးဇူးဟာ  ကမ္ဘာမှာ မြန်မာဆိုတာ အထက်
တန်းအကျဆုံးလူမျိုးလို့  အနာဂတ်သမိုင်းအတွက်
စာမျက်နှာသစ် ဖွင့်ထားနိုင်လောက်ပြီ  ဧကန်မလွဲလို့
ဥဒါန်းတောင်ကျူးလိုက်ချင်ပါရဲ့ 

ခုလိုကြွေးကြောသံတွေနဲ့ မြန်မာ့မြေမှာ အနေချောင်
အစားချောင် အသက်ရှုခွင့်ရနေတဲ့   ပြည်သူကျေးဇူး
နဲ့ လူဖြစ်ခဲ့တဲ့    ပြည်သူအာဏာနဲ့ကမ္ဘာ့သူဋ္ဌေးသူ
ကြွယ်စာရင်းဝင်ခဲ့တဲ့  မင်းတို့ခေါ်တဲ့
ပြည်ထောင်စုမိခင်မေမေ
နိုဘယ်လ်ဆုရှင်ငြိမ်းချမ်းရေးမိခင်မေမေ
လူ့အခွင့်အရေးမေမေ 
ခွပ်ဒေါင်းမိခင်မေမေ 
ကယ်တင်ရှင်မေမ
အနှိုင်းမဲ့မေမေ  ထားပါတော့လေ ပိန်းနိုင်သမျှတင်စား
ခေါ်ဝေါ်ထားတာတွေ ရေးပြနေရင် ဆုံးမှာမဟုတ်ဘူး
ဂေါတမမြတ်စွာဘုရားထက်တောင်မြင့်မြတ်တဲ့မေမေ
လို့တောင် တင်စားကြတာပဲ ကမ်းကုန်နေပြီပေါ့ 
အေးဒီလို မင်းတို့ကသာ  ဘုရားစင်ပေါ်ထိ ဘုရားကို
ပါယ်ချ ပြီး တင်ထားကိုးကွယ်ခဲ့ကြတဲ့
မင်းတို့ မေမေကလေ  မင်းတို့ အသေ သတင်းတွေ
ကြားရချိန်မှာ မင်းတို့အတွက် မျက်တောင်တစ်ချက်
မခတ်ခဲ့ဘူး 
တစ်ခွန်းတော့ မေးလိုက်ပါတယ် 
#အိမ်မှာကျန်နေတဲ့ခွေးလေးအစာမှစားရဲ့လား တဲ့
အသေအချာလည်းအထပ်ထပ်မှာလိုက်ပါတယ် 
#ခွေးလေးက်ိုဂရုစ်ိုက်ပေးကြနော်  တဲ့

ကဲ   ့့့ ပုံပြင်လေးကတော့ဒါပါပဲ ကွယ် 
ကြ်ိုက်သလ်ိုသာ လွတ်လပ်စွာခံစားနိုင်ပါတယ်

(ဝန်ခံချက်- မမနော်သီရိ ရေးထားသော"ပညာမဲ့
ယုံကြည်မှု" ဆောင်းပါမှ အချို့ကူးယူထားပါသည်
ပိုင်ရှင်မသိသေးပါ ဒါကြောင့်ခိုးယူထားကြောင်း
ဝန်ခံပါသည်  )

                                  (နော်ထရီဇာမိုဃ်းမြင့်)
#SQ

Post a Comment

Previous Post Next Post