တမူးမြို့ရဲ့ ဖြစ်ရပ်မှန်

ဇူလိုင်လ ၅ ရက်က တမူးမြို့မှာ အိန္ဒိယနိုင်ငံသား ၂ ဦး သေနတ်ပစ်ခတ်ခံရမှုကြောင့် တမူးမြို့ရှိ  လက်ဘက်ရည်ဆိုင်ကို ခဲနဲ့ပေါက်ပြီး အိန္ဒိယဘက်ခြမ်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ့နှစ်ယောက်အသတ်ခံရတဲ့ ကိစ္စကို အစိုးရဆန့်ကျင်ရေး မီဒီယာများက ထုံးစံအတိုင်း မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ၊ ပျူစောထီတွေက သတ်တာဖြစ်တယ်လို့ သတင်းလွှင့်ပြီး ဒေသခံနှစ်ဘက်နိုင်ငံက ပြည်သူတွေကို အထိကရုဏ်းဖြစ်အောင် လှုံ့ဆော်ခဲ့ကြပါတယ် 

သက်ဆိုင်ရာက စိစစ်ချက်အရတော့ အဲ့ဒီ့ ၂ ဦးဟာ ခိုးဝင်လာသူတွေဖြစ်ပြီး သူတို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့သူများဟာ တမူး PDF အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

တမူးမြို့အနီးမှာ PDF တပ်ရင်း ၃ ရင်း စခန်းရှိပြီး လက်နက်မှောင်ခိုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့၊ တရားမဝင်ကုန်သွယ်မှုတွေနဲ့ ရှုပ်ထွေးနေပြီး PDF များက ဆက်ကြေးငွေနဲ့ လက်နက်ခဲယမ်းဝယ်ရန် ထောက်ပံ့ကြေးများကို ကောက်ခံလေ့ရှိပြီး မပေးသူများကို မကြာခဏ သတ်ဖြတ်လေ့ရှိကြောင်း ​ဒေသခံများက​ပြောပါတယ်။

နှစ်နိူင်ငံနယ်စပ်တည်ငြိမ်​ရေးအတွက်နယ်စပ်အာဏာပိုင်​တွေထိန်းသိမ်​နေလို့​အေး​အေးချမ်းချမ်းပြန်ဖြစ်​နေပီလို့သိရပါတယ်။

-သောက

Post a Comment

Previous Post Next Post