ပြည်သူတွေ သတိပိုထားရတော့မယ်

အခုဖြစ်နေတဲ့ ဓားပြမှုတွေ
ဘာကြောင့်ဖြစ်နေလဲသိလား
တောထဲမှာ တဲလေးတစ်လုံးထိုးပြီးနေကြတယ်
အဲ့ဒါက စခန်း တပ်ရင်း ဘယ်လောက်
တပ်ခွဲ ဘယ်လောက်ဆိုပြီးတော့ပေါ့


တွင်ခုံလေးနဲ့ လက်လုပ်သေနတ်တွေလုပ်
အလှူတွေခံတယ် အခုတော့ တစ်ဖြေးဖြေးနဲ့
လူတွေက စိတ်မဝင်စားကြတော့ဘူး

ပေးတဲ့ရာခိုင်နှုန်းနဲ့ သုံးတာနဲ့ မမျှတော့ဘူး
ပန်ဆယ်လို့ဘာတို့ နိုင်ငံခြားကလူတွေ
အလှူခံတာက သူတို့သောက်ဖို့ဆေးဖို့နဲ့
သူတို့ဆီကနေ တစ်ဆင့် တစ်ဆင့်ဖြတ်တော့
မြေပြင်ရောက်ရင် ခွေစာသာသာပဲရှိတော့တယ်။

NUG ကတစ်ဆင့်လှူပြန်တော့
NUG ကလူတွေ မဲဆောက်နဲ့ချင်းမိုင်မှာ
နေဖို့ စားဖို့ သောက်ဖို့ ပျော်ဖို့နဲ့
PDF တွေဆီကို အရိုးအရင်းပဲ ရောက်တယ်။

ရန်ကုန်မှာ အလုပ်မလုပ်ပဲ
ပုံမှန်နေကြည့် နေစာရိတ် စားစရိတ်ဘယ်လောက်ရှိလဲ
ချင်းမိုင် မဲဆောက် ဘန်ကောက်မှာ
အဲဒီထက်ပိုပါတယ်။

အဲ့ဒီပိုက်ဆံထဲကပဲ NUG ကလူတွေ
အမေရိကန်သွားဖို့ အနောက်နိုင်ငံတွေကို
ပြောင်းဖို့ ရွှေ့ဖို့ သုံးဖို့စွဲဖို့က လုပ်ရသေးတယ်။

မနိုင်မှန်းသိလို့ အမေရိကန်သွားတာပေါ့
နိုင်မယ်ထင်ရင် မဲဆောက်နဲ့ နယ်စပ်ပေါ့
ဟိုအထိသွားစရာ ဘာအကြောင်းမှမရှိဘူးလေ။

အဲ့လို ကုန်တာများလာတော့
PDF တွေ ငွေရှာလာတယ်
အခုရက်ပိုင်း ပိုပြီးတွေ့လာရတယ်
သစ်ပင်ရောင်းတဲ့အဖွဲ့နဲ့ မြေကွက်ရောင်းတဲ့
အဖွဲ့နဲ့ သူတို့ စိတ်ကူးပေါ်သလို
အလှူခံလာကြတာတွေ့ရတယ်။

ပိုပြီးအလွယ်လိုက်လာတဲ့သူတွေကတော့
ဓားပြတိုက်တာပါပဲ။

အရင်ကတော့ ဘဏ်တွေကို ပစ်မှတ်ထားတယ်။

အခုနောက်ပိုင်း လုပ်ငန်းရှင်တွေ
ပြည်သူတွေကို ဦးတည်လာတယ်။

ပထမတော့ လမ်းကဖြတ်လုတာ
ဖြတ်ပြီး ဓားပြတိုက်တာတွေလုပ်တယ်။

အခုနောက်ပိုင်း ရွာထဲရပ်ထဲမှာ
ခြိမ်းခြောက်ပြီး ပေါ်တင်တောင်းတယ်။

သတင်းတွေရပါတယ်။

ရွှေတွေတောင်းတယ် ပေးရတာပဲ
မပေးရင် အိုးစားကွဲမှာကိုး
အဝေးရောက်နေသူတွေ အနောက်က
မိဘဆွေမျိုးတွေရဲ့အသက် အာမခံရခြင်ရင်
သူတို့ သတ်မှတ်နှုန်းပေးရတယ်။

ဆန်တစ်အိတ် ငွေဘယ်လောက်ဆိုပြီးပေးရတယ်။

ပြီးတော့ သူတို့က ဝါဒဖြန့်တယ်
သူတို့ကိုပြည်သူက လှူတယ်ပေါ့
မြေပြင်မှာတော့ ဒါတွေက တကယ်ကြုံနေရတာပါ။

အဲ့ဒါကြောင့် ပြည်သူတွေကို
နောက်ပိုင်း ဒီပြဿနာက ဝန်ထုပ်ဝန်ပိုးကြီး
ဖြစ်လာတော့မယ်။
ရွှေမရ နွားပေး ကျွဲပေးတွေလာတော့မယ်။

အဓိကပြဿနာက PDF တွေ စခန်းမှာ
ကြပ်တည်းနေပြီ ရိက္ခာကအစ ခဲယမ်းအဆုံး
ပြတ်တောက်လုနည်းပါး ဖြစ်နေပြီ။

ပြည်သူတွေ သတိပိုထားရတော့မယ်။

ခရီးသွားလာမှုတွေသတိထားပါ
တန်ဖိုးကြီးပစ္စည်းသယ်ယူတာတွေဂရုစိုက်ပါ
ငွေကြေးကို အတက်နိုင်ဆုံး Mobile Wallet စနစ်တွေ
Wave Pay Kpay တွေနဲ့ပဲ သုံးပါ။
သယ်သွားဖို့လိုရင်လဲ ကြိုလွှဲထားပြီး
လုံခြုံစိတ်ချရတဲ့နေရာရောက်မှ
ထုတ်ယူပြီး သုံးစွဲပါ။

#aungmoekyaw

Post a Comment

Previous Post Next Post