စကစကသေဒဏ်အမိန့်ချမှတ်ခဲ့တဲ့ အပြစ်မဲ့အမျိုးသမီးများ


==================================

AAPP  လို့ခေါ်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက  နစက က  အနေနဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဒီနှစ် ဇူလိုင် ၂၇ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၈၀၈) ဦးရှိပြီး အဲ့ဒီထဲက  (၁၃၅၅) ဦး က ထောင်ဒဏ်ချမှတ်ခြင်းခံထားရသလို (၇၄) ဦးက သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုတယ်။ လက်ရှိ ဆိုရှယ်မီဒီယာတွေက ခေတ်စားနေတာကတော့ သေဒဏ်ပေးခံရတဲ့ အကျဥ်းသား ၇၄ ဦးထဲမှာ   အမျိုးသမီး (၉)ယောက်ပါနေတယ်လို့ သူတို့ဖော်ပြတယ်။ တဆက်တည်းဆိုသလို လှိုင်သာယာက အမျိုးသမီးတစ်ယောက်ကို  ဓားအချက်ပေါင်းများစွာနဲ့ လူသတ်ခဲ့ကြတဲ့ ဇိုး(၂)ကောင်ကိုတောင်  သူရဲကောင်းဆိုပြီး အလေးပြုကြတဲ့နီပေါပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ဘာဖြစ်ဖြစ် သနားတတ်တဲ့ ဘောမ အသိုင်းအဝိုင်းတချို့အတွက် အဲ့ဒီသေဒဏ်ကျခံနေရတဲ့ အမျိုးသမီးတွေက ဘာပြစ်မှုတွေကျူးလွန်ခဲ့သလဲဆိုတာကို ဖော်ပြလိုရင်းဖြစ်တယ်။
-------------------------
AAPP ရဲ့ဖော်ပြချက်နဲ့ ဆိုရှယ်မီဒီယာပေါ်မှာ သေဒဏ်အပေးခံရသူ အမျိုးသမီး(၉)ယောက်စာရင်းကိုတော့ မောင်ဖြိုးဝေ ကောက်ထားတဲ့အတိုင်းပဲ ဖော်ပြလိုက်တယ်။  

အဲ့ဒီအမျိုးသမီး(၉)ယောက်စာရင်းကတော့ မြင့်မြင့်အေး၊ မိုးမိုးမြင့်အောင် (ခ) မမိုးမြင့်၊ ဇင်မာထွန်း၊ လှလှနိုင် (ခ) မနိုင်၊ ဆောင်းလေပြေ (ခ) ဇူးဇူး၊ ခင်ဝင့်ကျော်မောင်၊ ဆုဝေနှင်း၊ ဆုမြတ်သွယ်နဲ့ ချိုချိုတို့ဖြစ်တယ်လို့ဆိုတယ်။ ဒါပေမဲ့ အဲဒီ ၉ ယောက်မှာ ချိုချိုဆိုတဲ့ နာမည်ကတော့ နစက က ပြစ်ဒဏ်ပေးတဲ့စာရင်းတွေထဲမှာ မတွေ့ရဘူးလို့ မောင်ဖြိုးဝေကဆိုတယ်။ ဖြစ်နိုင်တာကတော့ AAPP အဖွဲ့မှာပါတဲ့ အဖွဲ့ဝင်တဦးဦးရဲ့ အမေ၊  ညီမ၊ မိန်းမနဲ့ ယောက္ခမ တစ်ဦးဦးလည်းဖြစ်နိုင်တာပဲလို့ ကိုယ်တော့ ကောက်ချက်ချတယ်။ 
----------------
အဲ့ဒီကျန်တဲ့ အမျိုးသမီး (၈)ယောက်မှာ  
#ခင်ဝင့်ကျော်မောင်က  ဒဂုန်ဆိပ်ကမ်းက ဒေါ်သီတာမောင်ကို သတ်ခဲ့တဲ့ အမှု။ သတင်းတွေထဲမှာ မပါတာကတော့ ဒေါ်သီတာမောင်ဆိုတာ ခင်ဝင့်ကျော်မောင်ရဲ့ အမေအရင်းလို့ဆိုတယ်။ သတ်ခဲ့တဲ့  အကြောင်းအရင်းက စစ်ဗိုလ်ရဲ့ယေက္ခမတစ်ဦးဖြစ်နေလို့ဆိုပြီး သတ်ခဲ့ကြတာဖြစ်တယ်လို့ဆိုတယ်။

#မြင့်မြင့်အေးက  လှိုင်သာယာက  မဝင်းသန္တာဆွေနဲ့ စ စကားများပြီး အသတ်ခံရသည်အထိ ဦးဆောင်ခဲ့တဲ့သူ။ 

#မိုးမိုးမြင့်အောင် (ခ) မမိုးမြင့်က တောင်ဒဂုံ (၅၆) ရပ်ကွက်က ဦးဇော်မင်းကို ဒလန်ဆိုပြီး ဝိုင်းဓားနဲ့ထိုး မသေမရှင်အချိန်မှာ မီးပုံထဲထည့်ရှိပြီး အလောင်းဖျောက်တဲ့အထဲပါတဲ့သူ။

#ဆောင်းလေပြေ(ခ) ဇူးဇူးက အထက်တန်းပြဆရာမ ဒေါ်လှလှသန်းကို သေနတ်နဲ့ ပစ်သတ်တဲ့သူ။ နွေဦးတော်လှန်ရေးအစမှာ ဆရာမကို တပည့်တွေက Fb ပေါ်တက် SP ဝိုင်းလုပ်ကြလို ဆရာမက သူ့ကို Sp လုပ်တာဖြုတ် မဖြုတ်ရင် တိုင်မယ်ပြောလို တကယ်လည်းမတိုင်ဘဲ သတ်လိုက်တာ။ ဒါ့အပြင် လှိင်သာယာမှာ ရာအိမ်မှုးတစ်ယောက်ကို ပစ်သတ်တဲ့ ပြစ်မှုလည်း ပါသေးတယ်။ ဒါကြောင့် သေဒဏ်သင့်တာ။ ဒါပေမဲ့ အယူခံဝင်တာအောင်မြင်လို့ သေဒဏ်လွတ်သွားပြီလို့ သတင်းတွေမှာ ဖတ်ရတယ်။ 

#ဆုမြတ်သွယ်နဲ့ ဆုဝေနှင်းက မြောက်ဥက္ကလာပ (ဇ) ရပ်ကွက်က Wifi ကားရေဆေးခုံပိုင်ရှင်ကို သုနန္ဒာလမ်းနဲ့ မေဓာဝီလမ်းဆုံမှာ သေနတ်နဲ့ပစ်သတ်လို့ သေဒဏ်ပေးခံရတဲ့သူဖြစ်တယ်။ 

#ဇင်မာထွန်းနဲ့ လှလှနိုင်က ရွှေပေါက်ကံက ဦးစိန်မိုးမိသားစုကို ၂၀၂၁ မတ် ၁၅ ရက်မှာ အုပ်စုဖွဲ့သတ်တာ။  သူတို့ သတ်တဲ့အထဲမှာ ဦးစိန်မိုးတစ်ယောက်တည်းတင်မကဘူး။  သူ့သားနှစ်ယောက်ဖြစ်တဲ့ ကိုအောင်မိုးဟိန်းနဲ့  ကိုထင်ခန့်မိုးဟိန်းကိုပါ ဓားနဲ့ထိုးသတ်ပြီး  အလောင်းပါဖျောက်လို့ သေဒဏ်အပေးခံရတာဖြစ်တယ်။ 


ဆိုတော့ ကိုယ်တွေဘက်က ပြသနာက ဘာလဲဆိုတော့  အပြစ်မဲ့ လူတစ်ယောက်ကို ရက်ရက်စက်စက်အသတ်ခံရချိန်မှာဖြစ်တဲ့ စိတ်အီမိုးရှင်းက ခဏလေးရယ်။ အဲ့ဒီလူသတ်မှုကို ပြစ်ဒဏ်စီရင်တဲ့  အချိန်ရောက်မှသာ  ပန်းနုသွေးတွေ ဖြာပြီး သိပ်ပြီး သူတော်ကောင်းတွေ ဆန်သွားတတ်ကြတာ။ 


နောက်ပြသနာတစ်ခုက သေဒဏ်ထိုက်လို့ ပြစ်ဒဏ်ချမှတ်တဲ့နေရာမှာ ပြစ်မှုကျူးလွန်သူရဲ့ ရက်စက်မှုကို လုံလောက်အောင် မဖော်ပြနိုင်တာပဲ။ လှိုင်သာယာက မဝင်းသန္တာဆွေ က မသေခင်မှာ ဓားနဲ့အချက်ပေါင်းများစွာ ထိုးသတ်ခံရတယ်။ မိန်းမ အင်္ဂါကိုလည်း အရှက်မဲ့တာတွေ  အလုပ်ခံရပေမယ့် ဘက်လိုက်တဲ့ သတင်းမီဒီယာတွေထက်မှာတော့ ပြစ်မှုကျူးလွန်သူကို ရှပ်အင်္ကျီနဲ့ ဘုရားသွားကျောင်းတက်မဲ့ အထာတွေနဲ့ ပြစ်မှုပေါ့အောင် ဖာကြတယ်။ အကြံပေးချင်တာကတော့ သေဒဏ်အမိန့်တကယ်ချမယ်ဆိုရင် သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို တနိုင်လုံးသိအောင် အကြိမ်ပေါင်းများစွာ သတင်းတွေမှာ ဖော်ပြပေးဖို့ လိုတယ်။  


မဟုတ်ရင်တော့ အကြမ်းဖက်ကျူးလွန်တဲ့ခေါင်းစဉ်ပျောက်ပြီး နိုင်ငံရေးလှုပ်ရှားမှုခေါင်းစဉ်လို့ပဲ အတပ်ခံနေရဦးမှာပဲဖြစ်တယ်။ 


#ဖိုးစီ

Post a Comment

Previous Post Next Post