ကမ္ဘာကျေရင်တောင် ဥဒါန်းမကျေဘူးဟေ့

ဒေါင်းယာဥ်ပျံဘုံနံဘေး စာရေးလို့ထားချင်တယ်
ဒေါင်းယာဥ်ပျံဆိုတာ သူရိန်နေမင်းကြီးကိုဆိုလိုပါတယ်။ နေရဲ့ အပူရှိန်ဟာ နီးကပ်လေလေ အပူရှိန်မြင့်လေလေမို့ သက်ရှိသက်မဲ့တွေ အရည်ပျော်ကျနိုင်တဲ့အထိပူလောင်ပါတယ်။ အဲ့ဒီလိုတောင်ပူတဲ့ ဒေါင်းယာဥ်ပျံ ဘုံနဘေးမှာဘာစာတွေရေးချင်လဲဆိုရင် ကျဆုံးလေပြီးသော USDP ပါတီဝင်များကိုယ်စား ကျန်ရစ်သူပြည်ခိုင်ဖြိုးပါတီဝင်များက NLD ပါတီဝင် PDF များကို "သေတဲ့အထိမကျေဘူး"လို့ စာရေးထားချင်တာပါ။ NLD ပါတီကို လက်တွဲခေါ်ခဲ့တာ USDP ပါတီပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ သမ္မတကြီး ဦးသိန်းစိန်လွတ်တော်ထဲကို ကရွှေလက်နဲ့ခေါ်ခဲ့ပြီး ၂၀၁၅ မှာအစိုးရအဖြစ်ကျေကျေနပ်နပ်ကြီး လွှဲပြောင်းပေးခဲ့တာပါ ၂၀၂၀ မှာမဲခိုးလို့ အာဏာသိမ်းခံရပါမှ တစ်ချိန်ကလက်တွဲခေါ်ခဲ့တဲ့ကျေးဇူးတရားကိုမှမထောက် ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြလေတဲ့ NLD ပါတီဝင်တစ်ဖြစ်လဲ PDF များကို အသက်နဲ့ခန္ဓာကြွေကျပျက်စီးတဲ့အထိ
"ကမ္ဘာကျေတောင်ဥဒါန်းမကျေဘူးဟေ့" ပူလောင်လွန်းလှပါတယ်ဆိုတဲ့ -
ဒေါင်ယာဥ်ပျံဘုံနဘေးစာရေးလို့ထားမယ်ဟေ့ -----

သတင်းတမာန်

Post a Comment

Previous Post Next Post