ရေကြည်မြို့နယ်၌ ဘင်္ဂလီ ၄၉ ဦး ဖမ်းမိ

ဂျူလိုင် ၉ရက်နေ့ နံနက်ပိုင်းကရာဝတီတိုင်း၊ရေကြည်မြို့နယ်၊မိဿလင်ကျေးရွာအုပ်စု၊စာဥစမ်းကျေးရွာအနီး၌ ဘင်္ဂလီ ၄၉ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဘင်္ဂလီများကို သယ်ဆောင်လာသည့် ယာဉ်ကို ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ဗေဒါစစ်ဆေးရေးဂိတ်၌ ရပ်တန့်ရန် တားဆီးသော်လည်း ယာဉ်မှာ အစစ်ဆေးမခံဘဲ ထွက်ပြေးခဲ့ပါတယ်။
ထိုနောက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များက လိုက်လံစစ်ဆေးရာ ယာဉ်ကို ရေကြည်မြို့နယ်၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။

လက်ရှိအချိန်၌ ဘင်္ဂလီများကို သယ်ဆောင်ရာတွင် လမ်းပြဆောင်ရွက်ခဲ့သည့် ယာဉ်တစ်စီး နှင့် ဘင်္ဂလီများ သယ်ဆောင်ရာတွင် အသုံးပြုသည့် ယာဉ်တစ်စီးကိုလည်း ဖမ်းဆီးရမိထားပါတယ်။

#Newvisionmedia #ဘင်္ဂလီ #ဧရာဝတီတိုင်းဒေသကြီး #ရခိိုင်ပြည်နယ်

Post a Comment

Previous Post Next Post