မိုးကောင်းရတနာဆေးရုံကို ရှော့တိုက်ဒုံးဟုယူဆရသော လက်နက်ဖြင့်ပစ်ခတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊(၁၅) ရပ်ကွက်၊ မိုးကောင်းလမ်း၊ မိုးကောင်းရတနာဆေးရုံကို ရှော့တိုက်ဒုံးဟုယူဆရသော လက်နက်ဖြင့် ဇူလိုင်လ၂၀ ရက်ည ၉း၅၀ နာရီက ပစ်ခတ်ခံရကြောင်းသိရသည်။

မိုးကောင်းရတနာဆေးရုံရှေ့ခြံစည်းရိုးခတ်ထားသည့် ဘောလုံးကွင်းအတွင်းမှ ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့်ဘောလုံးကွင်းခြံစည်းရိုးရှိ ကျွန်းပင်အားထိမှန်ကာ ကျွန်းပင်ကျိုးကျခဲ့သည်။

ထို့နောက်ဆေးရုံအုတ်နံရံအား ဆက်လက်ထိမှန်ကာ အုတ်နံရံတွင်လေးလက်မခန့်အပေါက်ဖြစ်ခဲ့ကြောင်းသိရသည်။ ဘောလုံးကွင်းအတွင်း သံကြွပ်အပိုင်းအစများ၊ အလျားသုံးပေရှိ PVC ပိုက်အခြမ်း၊ ဘက်ထရီအိုးတစ်လုံးတွေ့သဖြင့် ရှော့တိုက်ဒုံးဟုယူဆရသော လက်နက်ဖြင့်ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်းသိရသည်။

News Of Myanmar

Post a Comment

Previous Post Next Post