တော်လှန်ရေး အလှူငွေ ခြစားခြင်း (သို့) ပျောက်ဆုံးနေသော တစ်လ သန်း ၂၅၀၀

NUG ရဲ့ လေလုံးအောက်မှာ နစ်မျောမသွားစေချင်လို့ပါ မိတ်ဆွေတို့.....
တပ်က အာဏာထိန်းလို့ ၁ နှစ်ကျော်ကာလအတွင်း ဖြစ်ပျက်ခဲ့တာတွေပြောရင်တော့ အများကြီးပါပဲ...
အဓိက တစ်ချက်အနေနဲ့ တော်လှန်ရေး အလှူငွေ နဲ့ ထောက်ပံ့မှု အားနည်းတယ်လို့ ဆိုနေလိုက်တဲ့ NUG နဲ့ အပေါင်းအပါ လော်ဘီတသိုက်ရဲ့ စကားကို ထောက်ပြပါ့မယ်...ပြည်သူက ပူးပေါင်းပါဝင်တဲ့သူ နည်းတယ် အဲ့ဒါကြောင့် ပဒက်တွေ မာလကီးယား ကြတာ...အနေအစား ဆင်းရဲတာလို့ တဖွဖွပြောပြီးအလှူခံနေတာကို ပြောချင်ပါတယ်... 
Data အချက်အလက်နဲ့ ထောက်ပြပါ့မယ်...၁ လစာကို အခြေခံ တွက်ပြမယ်နော်...
မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ ကျော်ရှိတယ်...အဲ့ဒီအထဲမှာ NLD နဲ့ NUG ထောက်ခံသူ ၃၀ သန်းလောက် ထားလိုက်မယ်...ပိုပြောပေးထားတာ နော်...၅၀% လောက်ပေးတယ်နော်...
NLD ထောက်ခံသူ ၃၀ သန်းထဲမှာ အင်တာနက်နဲ့ ဖုန်းသုံးနိုင်တဲ့သူ ၁၀ သန်းလို့ ခန့်မှန်းသတ်မှတ်ကြည့်လိုက်မယ်(ပိုများဖို့ပဲရှိတယ်)...တစ်ယောက်ကို တစ်ကျပ်နှုန်းထောက်ပံ့ရင်ကို ၁၀ သန်းက အလိုလို ရနေပါပြီ....ဒါတောင် အကြီးစား ထောက်ပံ့တဲ့ကောင်တွေ မပါသေးဘူး...ဘယ်သူမှလည်း တစ်ကျပ်တော့ ထည့်မှာမဟုတ်ဘူး...
ဒီငွေတွေ ဘယ်ရောက်ကုန်ပြီလဲ..?
စဥ်းစားပါ မိတ်ဆွေတို့...

ပြည်ပအလှူငွေကို တွက်ပြပါ့မယ်...
MOU အစီအစဥ်နဲ့ နိုင်ငံခြားကိုထွက်တာနဲ့ black အောက်လမ်းကနေအလုပ်လုပ်နေတဲ့သူ တစ်နှစ်ကို ၂၀၀၀၀၀ ကျော်ရှိတယ်...Sကိုးရီးယား၊ မလေး ၊ စင်္ကါပူနဲ့ ထိုင်း နိုင်ငံတို့ကို သွားရောက် အလုပ်လုပ်ကိုင်နေသူ ၁၅၀၀၀၀ နီးပါး ရှိတယ်လို့ အကြမ်းဖျဉ်း သတ်မှတ်လိုက်... အရင်ကတည်းက ရောက်နှင့်နေပြီးသားလူတွေ မပါသေးဘူး...
အဲ့ဒီအထဲက လူ ၃၀၀၀၀ လောက်ကပဲ ၁ထောင်နှုန်းနဲ့ ငွေသားပဲထောက်ပံ့မယ်ဆိုဦး ၃၀၀၀၀  *၁၀၀၀ = ၃၀၀၀၀၀၀၀...(၁ထောင်နှုန်းနဲ့သာတွက်ထား)...
ဂစ်တာတီးပြီး အလှူခံတာတွေ..ဟိုဟာ ဒီဟာရောင်းပြီး အလှူခံတာတွေ မပါသေးဘူး...
စုစုပေါင်း သန်း ၃၀ ကျော်ရနေပြီ...
ဒီငွေတွေ ဘယ်ရောက်ကုန်ပြီလဲ...?

နောက်တစ်ခုက Click လို့ ရတဲ့ငွေကို တွက်ပြပါ့မယ်...
NLD နဲ့ NUG ကို ထောက်ခံပြီး ဖုန်းသုံးပြီး clicker တစ်ယောက်ဆီက ရငွေ ၅၀၀ ပဲထားပါတော့....
ဖုန်းသုံးနိုင်တဲ့ ၁၀ သန်းထဲမှာ clicker ၅ သန်း ဆိုရင်...
စုစုပေါင်း ရငွေက သန်း ၂၅၀၀....
click လို့ရတဲ့ငွေတွေရော ဘယ်ရောက်သွားပြီလဲ...?
စဥ်းစားပါ မိတ်ဆွေတို့....
၁ လကို အလှူငွေ သန်း ၂၅၀၀ ကျော် လောက် ရနေပြီဖြစ်ပါတယ်...
နောက်တစ်ခုက အနောက်နိုင်ငံက ထောက်ပံ့ပေးတဲ့ လူသားချင်း စာနာထောက်ထားမှု ခေါင်းစဥ်နဲ့ ရတဲ့ငွေ တချို့တဝက်...(မရဘူးတော့ လာမငြင်းနဲ့)ပြီးတော့ ဒေသခံတွေကို မတရား ဆပ်ကြေးတောင်းတာတွေရှိသေးတယ်..
တစ်လထက် တစ်လ သန်းပေါင်းများစွာသော ငွေတွေ...ဒီငွေတွေအားလုံးက တော်လှန်ရေး အမည်တပ်ပြီး ရလာတဲ့ ငွေတွေ...
အဲ့ဒီတော့....စုစုပေါင်းရနိုင်တဲ့ငွေကိုတော့ ကွကိုတွက်ကြည့်ကြတော့...
အခုခေတ် လူငယ် လူရွယ်တွေက စိတ်ဓာတ်ပြင်းထန်တယ်...ဒါပေမယ့် ဦးနှောက်မရှိကြဘူး...လူလတ်တွေကြတော့လည် ရှေ့မှီ နောက်မှီ (ကလယ်ထိုင်)ဖြစ်ပြီးတော့ တတ်ယောင်ကား လုပ်ဖို့ပဲ သိကြတာ...
အဲ့လိုလူတွေကို NUG နဲ့ NLD က လူညစ်တွေက အသုံးချပြီး ငွေတွေ ဘုန်းနေတာ...EAO ဆိုတာကလဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်ကတည်းက သူများနိုင်ငံတွေဆီကနေ ထောက်ပံ့ငွေတွေ ယူ၊လူမျိုးတူခြင်း ဆက်ကြေးတွေကောက်၊ တရားမဝင် မူးယစ်ဆေးတို့ သစ်လုပ်ငန်းတွေကနေ ရလာတဲ့ ငွေနဲ့ရပ်တည်လာခဲ့ကြတာ...အခုခေတ်ကြီးမှာ ဒီလို အလှူငွေကို ဘယ်လိုဘုန်းလို့ရလဲဆိုတာ နောကြေနေပြီ...ဒါတွေကို ပိန်းပိန်းတို့ သိစေချင်လို့ပါ...
လူ့အသက်တွေကို မစဉ်းစား လူထုရဲ့အလှူငွေတွေကို ခြစားပြီး နိုင်ငံခြားမှာ အခန့်သားနေတဲ့ လူလည်တွေရှိနေသရွေ့တော့ တော်လှန်ရေးအောင်ဖို့ ဆိုတာ...so far..ပါပဲ..အခုလဲ စောစလုံးတို့ အလှူငွေ မလောက်လို့ဆို အော်နေကြပြန်ပြီ..အရီးဒေါ်ပုံ အောင်မြင်အောင် စောစလုံးဆီ ငွေထပ်လှူမလား?
ဦးနှောက်ပါရင် စဉ်းစားပါလို့ပဲ ပြောချင်ပါတယ်

လင်းနေ

Post a Comment

Previous Post Next Post