ဒီနိုင်ငံအတွက် တပ်မတော်ဟာနောက်ဆုံး ခံစစ်စည်းပါ

တပ်မတော်ကို အရမ်းပြိုကွဲစေချင်
နေကြလား?

သမိုင်းကို ပြန်လေ့လာကြည့်ရအောင်

ပုဂံ ခေတ် ဘာကြောင့်ပျက်သလဲ

မင်းဆက်တွေ ပျက်သုံးကြတယ်။

နောက်ဆုံး ကုန်ဘောင်မင်းဆက်ကို
ရောက်လာတယ်။ အင်္ဂလိပ်ကို ပြန်လည်ခုခံသူမှန်သမျှ သူပုန် ဆိုပြီး
အမိန့်ထုတ်လိုက်တာ ကုန်းဘောင်ခေတ်
တပ်မတော် ပျက်သုံးတော့ 
ကုန်ဘောင်မင်းဆက်ပျက်ပြီး ဗမာတွေ
ကျွန်ဘဝ ရောက်ခဲ့ကြရတယ်။

ဒီလို နဲ့ ၁၉၄၁ ခုနှစ်မှာ လွတ်လပ်ရေး
ကြိုးပမ်းမှုနဲ့ တပ်မတော် တစ်ခုပေါ်လာ
ပြီး လွတ်လပ်ရေး ပြန်ရခဲ့တယ်။

လွတ်လပ်ရေးရပြီးတော့ ရန်ကုန် အစိုးရကနေ မြန်မာပြည်ဖြစ်လာဖို့
တိုက်ခဲ့ရ ပြန်တယ်။

ကြားကာလ မှာ ပြည်ပ ကျူးကျော်မှု
တွေ ပြည်တွင်းသောင်းကျန်းမှုတွေ
မျိုးစုံကို နှိမ်နင်းကျော်ဖြတ်ခဲ့ရ တယ်။

သမိုင်းတွေ ပျောက်လာတယ်၊ နိုင်ငံရေး
သမားက အာဏာရ ဖို့ တစ်ခုတည်း
ကိုသာ ဦးတည်တယ် ၊

စစ်တပ်ကို လည်မျိုးနင်းပြီး တိုင်ပြည်ကို အုပ်ချုပ်မယ်ဆိုတဲ့ အစိုးရ မျိုးတွေ
ပေါ်လာတယ်။

စစ်တပ် အသုံးစရိတ်ကို ဖြတ်တောက်
မယ်၊ စစ်တပ်ကို အင်အားချိနဲ့ အောင်
လုပ်မယ်၊ စစ်တပ် ဘာတင်တင်ဘာလုပ်လုပ် ကန့်ကွက်မယ် ဆိုတဲ့ အတွေး
အခေါ်တွေသူ ကြီးထွား လာတယ်။

ဒီအခြေအနေတွေ မဖြစ်လာဖို့ 
အသိဥာဏ် ရှိတဲ့ သူတွေက စစ်ဘက်/နယ်ဘက် ဆက်ဆံရေးကိုတည်ဆောက်
ကြပါ ၊ နိုင်ငံရေးသမားကောင်းဆိုတာ
ဆက်ဆံရေး ကောင်းကြရတယ်။

စစ်တပ်ကို လည်မျိုးနင်းပြီး တိုင်းပြည်ကို ရေရှည်အုပ်ချုပ်လို့ မရနိုင်ဘူးလို့
တင်ပြ ကြပါတယ်။

သို့ပေမဲ့ ဒီလိုတင်ပြသူတွေဟာ NLDပါတီ ရဲ့ ရန်သူလို့သတ်မှတ်ခြင်း
ခံခဲ့ရတယ်။

NLD ကိုထောက်ခံတယ် အလုပ်မရှိရင်
စစ်တပ်ကို ထိုင်ဆဲနေတဲ့ အဆင့်အတန်း
မရှိတဲ့ လော်ဘီတွေကို ခေါ်တွေ့တယ်။
လက်သပ်မွေးတယ် ။

ရေရှည်မှာ လွှတ်တော်တွင်း ပွတ်တိုက်
မှုတွေ လွှတ်တော်ပြင်ပ ပွတ်တိုက်မှု
တွေ က အမုန်းတရားတွေ ဖြစ်လာတယ်။

မဲမသမာမှုတွေ ဖြစ်လာတော့ တိုင်းပြည်ကို ဒီ အခြေအနေဖြစ်မလာ
စေချင်သော ပြည်သူတွေက ဖြေရှင်း
ကြပါ ဖြေရှင်းပြပါ တိုက်တွန်းကြပါ
တယ်။

UEC က မဖြေရှင်းတဲ့ အပြင် သမ္မတရုံးက အာဏာသုံးပြီး ဖြေရှင်ပြန်တယ်။

ဥပဒေ ကြောင်းအရ လက်ခံလို့ မရတဲ့
အခြေအနေမှာ တပ်မတော်က အခြေခံ
ဥပဒေ က ပေးထားချက်တွေ နဲ့ အညီ
အာဏာထိန်းလိုက်တယ်။

လက်တလော အကြောင်းအရင်းလောက်ကိုတောင် မသိတဲ့ လူဘိန်းတွေ
ပါတီစွဲ အစွန်းရောက်တွေက
ဒါကို မတရားဘူးလို့ ထင် မှာပေါ့။

သို့သော် နိုင်ငံရေးဖြစ်စဥ် တွေကို
ရေရှည် လေ့လာခဲ့သူတွေက တော့
ဒါက ဖြစ်သင့်လို့ ဖြစ်လာတယ် ဆိုတာ
သိကြပါတယ်။

ဒါ က ဖြစ်ပြီးသား အ​ကြောင်းအရာ
တွေပါ။ 

နိုင်ငံရေး အတွေ့အကြုံ တစ်ခုတော့
ရပါလိမ့်မယ်။ စစ်တပ် အသုံးစရိတ်ကို
ဖြတ်တောက်၊ စစ်တပ်လည်မျိုကို
တက်နင်းပြီး တိုင်းပြည်ကို အုပ်ချုပ်ချင်
ရင် တော့ အဲ့ဒီအစိုးရ ရေရှည်မတည်မြဲ
ဘူးဆိုတဲ့ သဘောတရားပါ။

သို့သော် ဒီပွဲမှာ နှစ်ဖက်လုံးက ရှုံးနေ
တာပါ ၊NLD ပါတီ ထောက်ခံသူတွေ
ဆိုတာက အရင်ကလည်း တပ်မတော်
ကို ထောက်ခံသူတွေ ချစ်ခင်သူတွေ
မဟုတ်ပါဘူး။

လိုင်းပေါ်မှာ အလုပ်မရှိရင် အပျင်းပြေ
တပ်မတော်ကို တက်ဆဲနေကြသူတွေ
ပါပဲ။

NLD ဟာ ဘယ်တော့မှ တပ်မတော်ရဲ့
မိတ်ဆွေ မဖြစ်ပါဘူး။ ဘာ့ကြောင့်လည်း အမုန်းတရား ကြောင့်ပါ။

အခွင့်မသာလို့ င​ြိမ်နေတာပဲ ဖြစ်ပါ
လိမ့်မယ်။

တပ်မတော် ဘက်က ကြည့်မယ်ဆိုလည်း ပါတီစွဲ အစွန်းရောက် အကြမ်း
ဖက်သမားတွေ တိုးလာတယ် ရန်သူ
များလာခဲ့တယ်။

အမြတ်ထွက်တဲ့ သူတွေကတော့
NLDကို လက်ဝေခံ ထားပြီး ထောက်ပံ့
ပေးကမ်းခဲ့တဲ့ အနောက်အုပ်စု နိုင်ငံကြီး တွေပါ။

NLD တွေဟာ တပ်မတော်ကို ရန်သူ
လိုသဘောထားသော်လည်း သူတို့က
လည်း မြန်မာပြည်သူ တွေ ဖြစ်ပါတယ်။

ပြည်တွင်း မှာ NLD လိုလက်ဝေခံ အုပ်စုတစ်ခု
ကို ထိုးကျွေးပြီးတော့ တပ်မတော်ကို
အင်အားချိနဲ့အောင် အစွန်းရောက်
ပါတီစွဲ အကြမ်းဖက်သမားတွေ ကို
မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

ထိုအဖွဲ့အစည်းဟာ ယခုဆိုရင် ရဟန်း
ရှင်လူ ပြည်သူကို ကောင်းကောင်း
ဒုက္ခ ပေးနေခဲ့ပါပြီ။ ဒီဖြစ်စဥ်တွေဟာ
ပြည်တွင်းစည်းလုံးညီညွှတ်မှု ပြိုကွဲ
မှုဖြစ်ပြီး သူတို့ကို အမြတ်ကြီးကြီးရ
စေသော အချက်ပါ။

တပ်မတော် ဆိုတာ သူတို့ အတွက်
နောက်ဆုံး ခံစစ်စည်းပါ။ တပ်မတော်
ကသာ စစ်ရေးအရ မထိန်း​ထားနိုင်ရင်
နိုင်ငံပြိုကွဲ ပြီဆိုတာ သူတို့က ဗမာတွေ
ထက်ပိုသိပါတယ်။

တစ်စိပ်ပဲ ပဲ့ပဲ့ တစ်ခြမ်းပဲ ပဲ့ပဲ့ သူတို့
ဘက် လက်ဝေခံရင် သူတို့ အမြတ်
ပဲ မဟုတ်ပါလား။ 

တပ်မတော် အင်အားချိနဲ့တာနဲ့ တိုင်းပြည် ကနေ ခွဲထွက်မည့် လက်နက်ကိုင်အုပ်စုတွေက လူမျိုးစု
အရေးကိုအခြေခံပြီး အဖွဲ့တွေက
အများကြီးပါ။

ဒါကို နိုင်ငံရေးသမား အချို့က ပါစပ်
နဲ့ ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ထင်တာက
အရူး အတွေးအခေါ်ပါ။

ဒါ့ကြောင့် တိုင်းပြည်အတွက် ကျွန်တော်တို့ တပ်မတော်ကို ထောက်ခံ
နေရတယ်။

တပ်မတော် ရှိနေတာတောင် အယူအဆ မတူသူတွေ အကြမ်းဖက်ခံနေရ
တယ် ရဟန်းသံဃာတွေ မျက်စိအောက်မှာတင် အကြမ်းဖက်ခံနေရ
တယ်။

သူခိုးဒမြကို အစိုးရ လို့ ထင်နေလို့
မရပါဘူး။ သူတို့ အစိုးရဖြစ်ရင် လူတွေ
ဒီထက်ပိုပြီး ပျက်စီးဆုံးရှုံးကြ အုံး
မှာပါ။

Post a Comment

Previous Post Next Post