ထပ်မံဝင်​ရောက်လာသူများအား ကြိုဆိုလက်ခံ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်အား ပုသိမ်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ ရပ်ကွက်/ကျေးရွာများအတွင်း လှုံ့ဆော်ကြေညာပေးခဲ့ရာ ပုသိမ်မြို့နယ်အတွင်း အ​ကြောင်းအမျိုးမျိုး​ကြောင့် ​နေရပ်စွန့်ခွာထွက်​ပြေးရာမှ ပြန်လည်ဝင်​ရောက်လာသူ နှစ်ဦးသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မိသားစုဝင်များနှင့်အတူ ယ​နေ့ ၁၁-၇-၂၀၂၂ ရက်​နေ့တွင် လာရောက်သတင်းပို့ခဲ့ပါသည်။

 အထက်ပါ လာရောက်ဆက်သွယ်သတင်းပို့လာသူများမှ ရပ်ကွက်အတွင်း ကောင်းမွန်စွာနေထိုင်မည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်မှုမပြု​တော့ ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှလည်း တာဝန်ယူစောင့်ကြည့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ယူလက်မှတ်ရေးထိုးသဖြင့် လာရောက်ဆက်သွယ်သတင်းပို့လာသူများအား မိသားစုဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ ​ကောင်းမွန်စွာ ပြန်လည်အပ်နှံ​ပေးခဲ့ပါသည်။

Post a Comment

Previous Post Next Post