ပုခက်လွှဲသောလက် သိပ်ပြီးလျော့မတွက်နဲ့!

ပုခက်လွှဲသောလက် သိပ်ပြီးလျော့မတွက်နဲ့!
လစာမရဘူး ထောက်ပံ့ကြေးမရဘူး
အပိုဆုကြေးမရဘူး ကျွန်ဝယ်ရာ အဆစ်ပါ
နိုင်ငံတော်အတွက် အခမဲ့ကျွန်တွေ ဖြစ်ပေမယ့်

ကချင်ပြည်နယ်တစ်ခွင်မှာ
KIAတို့ တပ်မတော်ရဲ့ နောက်တန်းဌာနချုပ်ကို
အကြိမ်ကြိမ်ဝင်တိုက်ဖူးပေမယ့်...

ပုခက်လွှဲသော လက်ပိုင်ရှင်တွေရဲ့
အစွမ်းကြောင့် တိုက်တိုင်း KIAမtarတွေ
ထားပြီး ပြေးခဲ့ရတယ်👌

မံစီမှာတုန်းကလည်း
သာလွန်အင်အားနဲ့ နောက်တန်းတပ်ရင်းဌာနချုပ်ကို ဝင်တိုက်ခဲ့တယ်

ခြံစည်းရိုးလေးကိုတောင် 
ပြီးမြောက်အောင် မဖြဲနိုင်ဘဲ
KIA ခေါင်းပေါင်းရဲ့ မtar ထားပြီး
ထွက်ပြေးခဲ့ရတယ်👌

တနိုင်းဘက်လည်း ဒီလိုဘဲ
KIA အပိုင်ဆိုပြီး နောက်တန်းဌာနချုပ်ကို
ဝင်ကြုံးတယ်

အလဲ့...အဲ့တုန်းက
တပ်မတော်ကလည်း လေယာဥ်တွေ
အသုံးမပြုသေးတော့ စစ်ကူလမ်းကြောင်းကို
ပိတ်ဆို့ထားပြီး တပ်ရင်းဌာနချုပ်ကို ဝင်လုံးတယ်

ပုခက်လွှဲတဲ့ လက်ပိုင်ရှင်တွေကလည်း
အစွမ်းပြပြီး ဗျင်းပေးလိုက်တာ KIAတို့မှာ
မtarတွေကို တုတ်တုတ်ပေါ်တင်ပြီး
ပြေးလိုက်ကြတာ တန်းနေတာဘဲ👌

KIA ဘဲ ပုခက်လွှဲတဲ့ လက်ပိုင်ရှင်တွေထံမှာ
ဒူးထောက်အရှုံးပေးခဲ့ရတာဆိုတော့ မဟုတ်ပြန်ဘူးဗျ

ရှမ်းမြောက်မှာလည်း
ကိုးကန့် ၊ ပလောင် ၊ KIA တို့ ပူးပေါင်းပြီး
နောက်တန်းဌာနချုပ်ကို ဝင်တိုက်သေးတယ်

ဒါပေမယ့်
ဒီသုံးဖွဲ့ပေါင်းထားလို့လားတော့ မသိဘူး
တပ်ရင်းပိုင်နက်ထဲအထိကို ထိုးဖောက်နိုင်ခဲ့ပေမယ့်

နောက်ဆုံးမှာတော့
ထုံးစံအတိုင်းဘဲ တပ်ရင်းလိုင်းခန်းထဲက
ထမိန်စုပ်တွေကို ခေါင်းပေါ်တင်ပြီး ထွက်ပြေးခဲ့ရတယ်။

ဒါတွေကို ရေးချင်လို့ ရေးနေတာမဟုတ်ဘူး

ဒီလောက်တောင်
နိုင်ငံတော်နဲ့ ကိုယ့်တပ်မတော်အတွက်
စွမ်းစွမ်းတမံ ပေးဆပ်ကာ တာဝန်ထမ်းဆောင်
နေပါလျှက်နဲ့ ထိုက်သင့်တဲ့ ထောက်ပံ့ကြေးကို
တပ်ခေါင်းဆောင်တွေအနေနဲ့ ဘာလို့ မပေးကြသလဲ?

ကမ္ဘာမှာ မြန်မာတစ်နိုင်ငံမှာဘဲ
တစ်ရာတန် မုန့်တစ်ခုဝယ်ပြီး
နောက်ထပ် တစ်ရာတန် မုန့်နှစ်ခု
အဆစ်ရနေတာပါဗျာ😎

ဆိုလိုချင်တာက
တပ်မတော်ခေါင်းဆောင်ကြီးများအနေနဲ့
ကိုယ့်ခြေကိုယ့်လက် လုပ်ပိုင်ခွင့်ရှိတုန်းမှာ
ကိုယ်တပ်မတော်သားတွေနဲ့ ဇနီးမယား
မှီခိုသူတွေကို ထိုက်သင့်တဲ့ ထောက်ပံမှု့တွေ
ပြုလုပ်ပေးစေချင်တယ်။

'' အခွင့်အရေးဆိုတာ နှစ်ခါမရပါဘူး အဘတို့ရယ် ''

    သေရွာပြန်
       ဖိုးမှန်

Post a Comment

Previous Post Next Post