အ​မေရိကန် လွတ်လပ်ရေးနေ့ ချီ တကျလမ်းလျှောက်ပှဲတစ်ခုတွင် အစုလိုက်အပွုံလိုက်ပစ်ခတ်မှုဖြစ်ပှား

အမေရိကန် လွတ်လပ်ရေးနေ့ ချီတက်လမ်းလျှောက်ပွဲတစ်ခုတွင် အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဖြစ်ပွား၊ ၆ ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် အခြားသူ နှစ်ဒါဇင်ခန့် ဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု ချီကာဂိုမြိုအနီး ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ တနင်္လာနေ့က အမေရိကန်လွတ်လပ်ရေးနေ့ ချီတက်လမ်းလျှောက်ပွဲလုပ်နေတုန်း အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး၊ သေနတ်သမားလို သံသယရှိသူကို ရဲက ဖမ်းဆီးခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် လူ ၆ ဦးသေဆုံးပြီး ကလေးငယ်တွေအပါအဝင် အခြားသူ နှစ်ဒါဇင်ခန့် သေနတ်ထိမှန်ခဲ့ကြကာ၊ အချိုမှာ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို အရေးပေါ်တာဝန်ရှိသူတွေကပြောပါတယ်။

အဲဒီပစ်ခတ်မှုရဲ့ သံသယတရားခံ အသက် ၂၂ နှစ်အရွယ် Robert Crimo ဆိုသူကိုတော့ ရဲက ဖမ်းဆီးလိုက်ပါပြီ။

သူဟာ အင်အားကောင်းတဲ့ ရိုင်ဖယ်သေနတ်တစ်လက်နဲ့ အိမ်ခေါင်မိုးတစ်ခုပေါ်ကနေ အားလပ်ရက်မှာပျော်ရွှင်နေတဲ့ လူစုလူဝေးထဲကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို တာဝန်ရှိသူတွေကပြောပါတယ်။

အခြားအချက်အလက် အသေးစိပ်ကို မသိရသေးပါဘူး။

Ref: 6 Killed In Mass Shooting At US Independence Day Parade Near Chicago

Post a Comment

Previous Post Next Post