လမ်းလွဲမလိုက်ကြပါနဲ့


နိုင်ငံရေးအခြေအနေ အမျိုးမျိုးကြောင့်
ကိုယ်က အနီအားသန်သူမို့
လက်ရှိ အုပ်ချုပ်ရေးကို မကြိုက်လို့ဆိုပြီး
ကိုယ့်သားသမီးကို NUG အသိအမှတ်ပြု
အွန်လိုင်းကျောင်း အွန်လိုင်းသင်ကြားရေး
ဒီစနစ်ထဲကို ထိုးထည့်လိုက်တယ်။

ဒါက မဟာ့ မဟာ အမှားတစ်ခုပဲ။

နိုင်ငံရေးပြောင်းလဲမှု ဘယ်လိုတွေဖြစ်နေနေ
နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးစနစ်ကို
ဘယ်လို အဝေးရောက် အာဏာမဲ့အစိုးရမှ
ပုံဖော်ဖန်တီးနိုင်တာ မရှိပါဘူး။

"တော်လှန်ရေးနိုင်ရင်" ဆိုတဲ့ အရာက
မျှော်လင့်ချက်သက်သက်ပဲရှိပါတယ်။
အားမနာတမ်းပြောရရင်
ဒါက စိတ်ကူးယဥ်အဆင့်ပဲရှိပါတယ်။

ဘယ်လိုပြောင်းလဲမှုမျိုး
နည်းဗျူဟာမျိုးက ဘယ်လိုဖြစ်ပျက်နိုင်တာ
နိုင်ငံရေးမှိုင်းမိသူတွေက
စဥ်းစားဆင်ခြင်နိုင်စွမ်းနည်းပါတယ်။

ဒါကို အသုံးချပြီး NUG ဟာ
ပြည်တွင်းမှာ သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို
ပြသခြင်တဲ့သဘောပါ။

သူတို့မှာ အခြားရွေးချယ်စရာမရှိပါဘူး။

အခြားဝန်ကြီးဌာနအမည်ခံတွေက
စာထုတ်နိုင်စွမ်းထက်မပိုတာကြောင့်
အွန်လိုင်းပညာသင်တဲ့စနစ်နဲ့
ဒီဘက်က ပညာရေးယန္တရားကို
အနှောင့်အယှက်ပေးပြီး သူတို့ဘက်ပါအောင်
စည်းရုံးတဲ့သဘောပဲ။

နိုင်ငံရေးအခြေအနေတွေ
တည်ငြိမ်သွားတယ်ဆိုရင်တောင်
NUG က အာဏာရှိနေဖို့ 
မသေချာတာကြောင့် 
အဲ့ဒီကလေးတွေရဲ့ အနာဂါတ်ကလည်း
အင်မတန် မှုန်ဝါးသွားမှာပါ။

ဆေးတက္ကသိုလ်တောင်ဖွင့်လိုက်သေးတယ်
အခုတော့ ဘယ်ရောက်သွားမှန်းမသိဘူး
ထားလိုက်ပါတော့ အဲ့ဒီကဘွဲ့ရတယ်ဆိုရင်ရော
ဘယ်သူက အသိအမှတ်ပြုမှာလဲ။

အချို့က လူလည်ကျပြီး
အစိုးရကျောင်းမထားပဲ
ကိုယ်ပိုင်ကျောင်းထားကြတယ်။

အွန်လိုင်းပေါ်မှာ လှုံ့ဆော်တော့
ကျောင်းမတက်ရေး....

အဲ့ဒါကို နားယောင်ပြီး
K4U လိုကျောင်းတွေကို
တစ်သောင်း နှစ်သောင်းပေးအပ်ကြတယ်။

သူတို့ကလည်း ကျောင်းအပ်တဲ့ကလေး 
တစ်သိန်းရှိတယ်ပြောတယ်။

အဲဒါဆို သူတို့ဘယ်လောက်ရပြီလဲ
အခုတော့ အဖမ်းပဲခံရသလို
ထွက်ပဲပြေးသွားသလိုနဲ့ အစအနပျောက်ပြီ။

မိဘတွေ လမ်းလွဲ လိုက်ခဲ့တာကြောင့်
သားသမီးတွေ ဒုက္ခရောက်ရပြီ။

အဲ့ဒါကြောင့် အွန်လိုင်းက အရာတွေကို
အွန်လိုင်းမှာပဲထားသင့်ပါတယ်။

လမ်းလွဲမလိုက်ကြပါနဲ့။

#aungmoekyaw

Post a Comment

Previous Post Next Post