ဦးယွက်ဆစ်ကပြောတာမှန်နေပြီ....

ဦးယွက်ဆစ်ကပြောတယ်

PDF တွေဟာ နောင်တစ်ချိန်မှာ
ဓားပြတွေ ဖြစ်လာလိမ့်မယ်တဲ့...။

သူ့စကားက အဝေးကြီးမဟုတ်
သူပြောတဲ့အချိန်မှာကို
PDF တွေက ဓားပြဖြစ်မှန်းမသိဖြစ်နေပြီ
နယ်ဘက်လုပ်ငန်းရှင်တွေဆီက
ဆက်ကြေးတောင်းတယ်
(သူတို့က အခွန်ကောက်တယ်လို့ပြောတယ်)

ရပ်ရွာမှာ ပြည်သူတွေဆီက 
ရွှေငွေ လက်ဝတ်လက်စားတွေ တောင်းတယ်။

လက်နက်ကိုင်ထားတာမို့ မပေးပဲမနေရဲဘူး
ပေးရတယ်။
(ဒါကို သူတို့က တော်လှန်ရေးအတွက် အလှူထည့်ဝင်တယ်လို့ပြောတယ်)

ငွေကြေးကြပ်တည်းလာရင် ဘဏ်တွေ
ဓားပြတိုက်တယ်။

ဘဏ်ထုတ်လာတဲ့လုပ်ငန်းရှင်တွေကို
လမ်းကဖြတ်တိုက်တယ်။

ဒါက ဝါဒဖြန့်နေတာ မဟုတ်ဘူးနော်
မြေပြင်အဖြစ်မှန်တွေ။
ဒီလောက်ပဲလို့တော့ မထင်လေနဲ့။

နယ်တွေမှာ နိုင်ငံရပ်ခြား အလုပ်သွားလုပ်ရင်
ဒေသကထွက်ပြီး အလုပ်သွားလုပ်ရင်
အဲ့ဒီလူက သူ့မိသားစု လုံခြုံရေးအတွက်
တစ်လ ဒါမှမဟုတ် နှစ်လကို
ငွေတစ်သိန်း ဆန် ၁ အိတ် အစရှိတဲ့
နှုန်းထားအလိုက်ပေးရတယ်။

မပေးရင် ကျန်တဲ့မိသားစု ဒုက္ခရောက်မယ်။
ဒါက မြေပြင်အခြေအနေပဲ
အွန်လိုင်းကို တက်လာတာက ၁ ရာနှုန်းတောင်
မရှိဘူး မမှန်ဘူး။

ဘယ်သူမှလည်း အွန်လိုင်းမတင်ရဲဘူး။
အွန်လိုင်းတင်တဲ့သူ နောက်နေ့ နေထွက်တာ
မမြင်ရမှာကြောက်လို့ အသံမထွက်ရဲဘူး။

ဘယ်သတင်းဌာနမှလည်း မရေးဘူး။

စစ်ကြောင်းလာပြီကြားရင် ပြေး မပြေးရင် ဒလန်
တစ်ရွာလုံးပြေးပြီဆိုရင် ရွာထဲမှာ 
PDF တွေပဲ ကျန်ခဲ့တယ် စစ်တပ်ရွာနားရောက်တာနဲ့
ရွာထဲက လှမ်းပစ်ပြီး ရွာကို မီးရှို့ပြေးတယ်။

ပြီးရင် စစ်တပ်က ဘယ်လို ဘယ်ဝါဆိုပြီး
သတင်းတင်တယ် သူတို့တင်တဲ့အတိုင်း
မီဒီယာတွေက သတင်းရေးကြတယ်။

သူတို့ဘယ်လောက်မှားမှား တော်လှန်ရေးဆိုပြီး
ဂျင်းထည့်ကြတယ်။

PDF တွေဟာ....
သူပုန်အဆင့်ကနေ ဓားပြတွေအဖြစ်
ရောက်ရှိနေကြပြီ။

တပ်ဟာ နောင်တစ်ချိန်မှာ ပုန်ကန်သူတွေကို
နှိမ်နင်းတာမဟုတ်ပဲ ဓားပြတွေကို နှိမ်နင်းတာအဖြစ်
ပြောင်းလဲသွားလိမ့်မယ်။

#aungmoekyaw

Post a Comment

Previous Post Next Post